
ကလေးငယ်တေွ ဆံပင်ကျွတ်ခြင်းဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ ကိစ္စဖြစ်သလို ကလေးငယ်တေွနဲ့ ပတ်သက်တဲ့ ပြဿနာလို့လည်း မတေွးမိကြပါဘူး။ ဒါပေမဲ့ ကလေး အထူးကု ဆရာဝန်တေွနဲ့ လာပြသတဲ့ ကလေးအားလုံးရဲ့ ၃ ရာခိုင်နှုန်းဟာ ဆံပင်ကျွတ်ခြင်းကြောင့် ဖြစ်နေတတ်ပါတယ်။ ကလေးငယ်တေွ ဆံပင်ကျွတ်ခြင်းဟာ ရောဂါအခံ တစ်ခုခုကြောင့်ဖြစ်တတ်သလို တခြားအကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

၁။ Tinea Capitis
--------------------
ဦးရေပြားပေါ်မှာ မိှုစွဲခြင်းဟာ ကလေးငယ်များ ဆံပင်ကျွတ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါ တစ်ခုဖြစ်ပါတယ်။ ဆံပင်တေွ အကွက်လိုက် ကျွတ်ပြီး ထိပ်ကွက်တတ်ပါတယ်။ မှုိသတ်ဆေးပါတဲ့ ခရင်(မ်) လိမ်းပေးတာနဲ့ မိှုသတ်တဲ့ဆေးပါတဲ့ ခေါင်းလေှျာ်ရည်တေွ သုံးပေပြီး ကုနိုင်ပါတယ်။ ခေါင်းအုံးစွပ်တေွ ပုံမှန်လဲပေးသင့်သလို၊ ဘီးကိုလည်း ပြောင်းသုံးသင့်ပါတယ်။
၂။ Alopecia Areata ရောဂါကြောင့့်ဖြစ်ခြင်း
-------------------------------------------------------------
တချို့ ကလေးငယ်တေွဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အော်တိုအင်မြူးရောဂါကြောင့် ဆံံပင်တေွဟာ အကွက်လိုက်ကျွတ်ကြပါတယ်။
၃။ Telogen Effluvium
-----------------------------
နေမကောင်းဖြစ်တဲ့အချိန် ၊ စိတ်လှုပ်ရှားတဲ့အချိန် ၊ စိတ်ဖိစီးမှုများတဲ့ အချိန်တေွမှာ ဆံပင်ကျွတ်ခြင်းကို ခေါ်ပါတယ်။ စိတ်ဖိစီးမှု မရှိတော့တာနဲ့ ချက်ချင်း ဆံပင်ပြန်ပေါက်နိုင်ပါတယ်။ နေပြန်ကောင်းလာပြီးတဲ့အချိန်မှာ ၃ လ ကနေ ၆ လ အတွင်း ဆံပင်တေွ ပြန်ပေါက်လာပါတယ်။

၄။ ဗီတာမင်ချို့တဲ့ခြင်း
-------------------------
တချို့ ဗီတာမင်နဲ့ သတ္တုဓာတ်တေွ နည်းနေတဲ့ကလေးတေွမှာ ဆံပင်တေွ ကျွတ်ကျတတ်ပါတယ်။ ဒီလိုကျွတ်ပြီဆိုရင်
ဗီတာမင် H (biotin)
ဗီတာမင် B အုပ်စု
ဇင့် (ကလေးတေွှကီးထွား ဖံွ့ဖြိုးစေသောဓာတ်)
သံဓာတ် တေွဆုံးရှုံးလာလို့့ပဲ ဖြစ်ပါတယ်။
၅။ Trichotillomania
-----------------------
စိတ်တို ၊ စိတ်ဆတ်တဲ့ ကလေးငယ်တေွဟာ မိမိဆံပင်ကိုဆဲွဆောင့်တာကြောင့် ဆံပင်တေွ ကျွတ်တတ်ကြပါတယ်။ တစ်ခါတရံ မျက်တောင်မေွှး၊ မျက်ခုံးမေွှးတေွပါ ကျွတ်တတ်ပါတယ်။ ညာသန် ကလေးတေွဟာ ညာဘက်မှာ ကျွတ်ပြီး ဘယ်သန်ကလေးတေွမှာတော့ ဘယ်ဘက်မှာ ကျွတ်နေတတ်ပါတယ်။
၆။ Endocrine Problems
-----------------------------
တချို့ ကလေးတေွမှာတော့ သိုင်းရွုိက် ဟော်မုန်းအထွက်နည်းသော ရောဂါ- Hypothyroidism ကြောင့် ဆံပင် ကျွတ်တတ်ပါတယ်။

၇။ ဆေးနှင့်အခြားကုသမှုများ
--------------------------------
တစ်ခါတရံ ဆေးကုသချိန်တေွမှာ ဆေးနဲ့ တခြား ကုသမှုတေွရဲ့ ဘေးထွက်ဆိုးကျိုးတေွကြောင့်လည်း ဆံပင်တေွ ကျွတ်တတ်ပါတယ်။ (ဥပမာ – ဓာတ်ကင်ကုသခြင်း) ၊ ဓာတ်ကင်ခြင်း ပြုလုပ်ရပြီဆိုရင် ဆံပင်တေွဟာ ယာယီကျွတ်တတ်ပါတယ်။ အချိန်ကြာလာရင်တော့ ပြန်ပေါက်လာတတ်ပါတယ်။ ဒီအခါမှာတော့ ဆရာဝန်နှင့် ဆေွးနေွးသင့်ပါတယ်။
၈။ မေွးကင်းစကလေး ဆံပင်ကျွတ်ခြင်း
-------------------------------------------------
မေွးကင်းစကလေးတေွမှာ မေွးပြီးလ အနည်းငယ်အတွင်း ဆံပင်တေွ ကျွတ်တတ်ပါတယ်။ သက်ကြီး ဆံပင် မပေါက်ခင် ကာလမှာ မေွးဆံပင်ကျွတ်ခြင်းပဲ ဖြစ်ပါတယ်။
၉။ ပွတ်တိုက်ခြင်း
--------------------
အိပ်စက်တဲ့အခါမှာ ခေါင်းအုံးနဲ့ ဒါမှမဟုတ် ကားနောက်မှီထိုင်ခုံနဲ့ ပွတ်တိုက်တာကြောင့် ခေါင်းပြောင်တတ်ပါတယ်။ ဒါဟာဆိုရင် ကလေးမထိုင်တတ်သေးခင် အရွယ်မှာပဲ ဖြစ်ပါတယ်။
၁၀။ ဆံပင်ပုံစံအမျိုးမျိုး ပြုပြင်ခြင်း
-----------------------------------------
ကလေးတေွရဲ့ဆံသားဟာ နူးညံ့ပျော့ပျောင်းတဲ့အတွက် ကျိုးလွယ်၊ ကြေလွယ်ပါတယ်။ အဲဒီ့ဆံသားကို ကျစ်ဆံမြီးကျစ်ခြင်း၊ ကောက်ခြင်း၊ ဖြောင့်ခြင်း၊ နောက်တွင်တင်းတင်းကျပ်ကျပ် စုစည်းခြင်း၊ ဆံပင်အကြေဖွှခင်းတေွကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။ ကလေးငယ်တေွရဲ့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ဖို့အတွက် ဆံသားလေးတေွကို အုန်းဆီ၊ သံလွင်ဆီ၊ မုန်ညှင်းဆီ၊ တမာဆီတစ်မျိုးမျိုးကို နေ့စဉ်လိမ်းပေးပြီး ကုသနိုင်ပါတယ်။ ဗီတာမင် အေ, အီ, စီ၊ ဇင့်နဲ့ သံဓာတ်ပါတဲ့ အစားအစာတေွကို ကျေွးပေးပြီး ကာကွယ်နိုင်ပါတယ်။
#Ref.....Paing.
#ရှမ်းပုတ်(မိုမိုလေး)