Kyarlay.com
over 1 year
မေမေတို့ရေ သားသားမီးမီးတို့က အသက် ၆ လကျော်လို့ ဖြည့်စွက်စာကျွေးရမယ့်အရွယ်ကိုရောက်နေပြီလား။ ဒါဆိုရင်တော့ နေ့စဉ်ကျွေးတဲ့အစားအစာတွေထဲမှာ တစ်ပတ်ကို ၃ ရက်လောက်ဖြစ်ဖြစ် ကြက်ဥ၊ ဘဲဥ အပါအ၀င်ဥအမျိုးမျိုးကို ထည့်သွင်းကျွေးဖို့အတွက် ကျားလေးကအကြံပြုပါရစေနော်။
မေမေတို့ရေ ကြက်ဥ၊ ဘဲဥတွေမှာ ပရိုတင်းဓာတ်တွေအများကြီးပါဝင်တဲ့အတွက် အာဟာရဓာတ်တွေများပြားတဲ့ အစားအစာပဲဖြစ်ပါတယ်။ နောက်ပြီး ကြက်ဥ၊ ဘဲဥဆိုတာ မေမေတို့အနေနဲ့ ကလေးတွေကို အလွယ်တကူကျွေးမွေးနိုင်တဲ့ အစားအစာဆိုရင်လည်း မမှားပါဘူး။
ကြက်ဥ၊ ဘဲဥမှာ Omega-3၊ Fatty Acid၊ Choline၊ Zinc ဓာတ်တွေပါဝင်နေပါတယ်။ အဲ့ဒီအာဟာရဓာတ်တွေက ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးနေတာကြောင့် မှတ်ဥာဏ်အားကိုလည်း ကောင်းမွန်စေပါတယ်။ ကြက်ဥက ကလေးငယ်တွေကြိုက်နှစ်သက်တဲ့ အစားအစာတွေထဲမှာလည်း ပါဝင်နေလို့ ဖေဖေ၊ မေမေတို့က ရင်သွေးငယ်လေးတွေကို ကြော်ကြော်၊ ပြုတ်ပြုတ်၊ ချက်ချက် အဆင်ပြေသလို စီမံကျွေးမွေးနိုင်ကြဖို့ ကျားလေးက မျှဝေပေးလိုက်ပါတယ်။
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)