စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်နှင့် ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်း

Posted by May Thaw Htoo June 18, 2022
Gtqz879q7n2eyoqjcxcs

အမျိုးသမီးများအားလုံးကို ကိုယ်ဝန်ဆောင်သည်နှင့် ဆေးလိပ်ဖြတ်ရန် အကြံပြုထားပါသည်။သို့သော် လေ့လာတွေ့ရှိချက်များအရ ဆေးလိပ်ဖြတ်လိုက်ခြင်းက စီးကရက်နှင့်ဆက်စပ်သော အန္တရာယ်များကို လျှော့ချပေးဖို့ မလုံလောက်တာကို တွေ့ရပါတယ်။ အမျိုးသမီးအများစုက တစ်ဆင့်ခံမီးခိုးငွေ့(Second Band Smoke) တွေကို သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ လွှင့်ပစ်ထားသော ဆေးလိပ်တိုက အငွေ့တွေနဲ့ ထိ်တွေ့နေရတာ တွေ့ရပါတယ်။အဲ့ဒီလို စီးကရက်တွေနဲ့ တစ်ဆင့်ခံ ထိတွေ့ခြင်းက သင်ရော သင့်ရင်သွေးကိုပါ ထိခိုက်စေပါတယ်။

Hlg3wvk1plyoztocvdkd

တစ်ဆင့်ခံ မီးခိုးငွေ့ ( Seconds Band Smoke) နှင့် ကိုယ်ဝန်ဆောင်
-----------------------------------------------------------------------

တစ်ဆင့်ခံ မီးခိုးငွေ့ဆိုသည်မှာ တစ်စုံတစ်ယောက်က ရှူရှိုက်လိုက်တဲ့ မီးခိုးငွေ့တွေက ပတ်ဝန်းကျင်ထဲကို ရောက်သွားတဲ့ မီးခိုးငွေ့တွေပဲဖြစ်ပါတယ်။ထိုမီးခိုးငွေ့တွေက ဆေးရွက်ကြီးပါတဲ့ ဆေးလိပ်သောက်ခြင်းကလဲ ဖြစ်လာနိုင်ပါတယ်။ တစ်ဆင့်ခံမီးခိုးငွေ့မှာ ဓာတုပစ္စည်းပေါင်း ၄,၀၀၀ ကျော် ပါဝင်ပါတယ်။၎င်းတို့အထဲကမှာ အများစုက ကင်ဆာဖြစ်စေနိုင်ပါတယ်။အကယ်၍သင်ဟာ တစ်ဆင့်ခံမီးခိုးနှင့် ကိုယ်ဝန်ဆောင်စဉ် ထိတွေ့မိပါက သင်ရောသင့်ရင်သွေးပါ အန္တရာယ်ရှိပါတယ်။တစ်ဆင့်ခံ မီးခိုးငွေ့နဲ့ ထိတွေ့မိလို့ ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးလာသောကလေး ပေါင်မပြည့်ခြင်း၊ကလေးလမစေ့ဘဲမွေးခြင်း၊မွေးလာသော ခလေးငယ်တွင် သင်ယူနိုင်စွမ်းလျော့ကျခြင်း၊မွေးစကလေး ရုတ်တရက် သေဆုံးခြင်း (SIDS Sudden Infant Death Syndrome) တို့ဖြစ်တတ်ပါတယ်။ SIDS ဆိုတာကတော့ မွေးကင်းစ ကလေးတွေက အိပ်ပျော်နေစဉ် ရုတ်တရက် မမျှော်လင့်ပဲ သေဆုံးခြင်းဖြစ်ပါတယ်။အဲဒီလို အခြေအနေတွေက ထူးဆန်းစွာပဲ ရင်ခွဲစစ်ဆေးတာတို့ စမ်းသပ်ကြည့်တာတို့က ကလေးဘာကြောင့်သေဆုံးတာလဲ ဆိုတာ မသိနိုင်လောက်အောင် ထူးခြားပြီး ကလေးက မသေဆုံးခင်မှာ ကျန်းမာတယ်လို့ဘဲ ထင်ရတတ်ပါတယ်။အဲ့ဒီလို ဆေးလိပ်နဲ့ စီးကရက်ရဲ့ အန္တရာယ်ကို လျှော့ချဖို့ကတော့ ဆေးလိပ်မသောက်ဖို့နဲ့ ဆေးလိပ်ငွေ့တွေကို ရှောက်ကြဉ်တာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

Q4vodr3wzb4dxy6rhqjb

ထပ်ဆင့်ခံမီးခိုးငေ (Third Band Smoke) နှင့် ကိုယ်ဝန်ဆောင်
------------------------------------------------------------------

ကိုယ်ဝန်ဆောင်တွေက အခုပြောတဲ့ ထပ်ဆင့်ခံ မီးခိုးကို မိမိဘာသာ မသိလိုက်ခင်မှာ ထိတွေ့မိကြပါတယ်။ထပ်ဆင့်ခံ မီးခိုးဆိုတာကတော့ အိမ်ထောင်ပရိဘောကတွေ၊ကြမ်းခင်းတွေ၊နံရံတွေပေါ်မှာ ကျန်ခဲ့တဲ့ စီးကရက်ရဲ့အကြွင်းအကျန် ဓာတ်တွေဖြစ်ပါတယ်။အဆိုပါ ထပ်ဆင့်မီးခိုးငွေ့တွေက နှစ်ပေါင်း၊လပေါင်းများစွာ ကပ်ငြိနေတတ်ပါတယ်။အကယ်၍နေရာတစ်ခုမှာလက်ရှိဆေးလိပ်သောက်နေသူမရှိပဲ ဆေးလိပ်ငွေ့နံ့ရနေပြီဆိုရင်တော့ အဲ့ဒီနေရာမှာ ဆေးလိပ်ဆေးရွက်ကြီး အကြွင်းအကျန်တွေရှိနေတယ်ဆိုတဲ့ ပြယုဂ်ပါပဲ။အကယ်၍ ထပ်ဆင့်ခံ မီးခိုးကို ရှူရှိုက်မိတယ်(သို့)ပစ္စည်းတွေကို ထိမိတယ်ဆိုရင်သင်ဟာ အဆိုပါ အဆိပ်ဓါတ်တွေက သင့်သွေးစီးကြောင်းထဲဝင်သွားနိုင်ပါတယ်။ ၎င်းအဆိပ်တွေက သင့်သွေးလှည့်ပတ်မှုထဲရောက်သွားရင်တော့ အဲ့ဒီကတစ်ဆင့် သင့်ကလေးဆီကို ရောက်သွားနိုင်ပါတယ်။လော့အိန်ဂျလိစ်မှာ ပြုလုပ်ထားတဲ့ စစ်ဆေးချက်အရ အဆိုပါ ထပ်ဆင့်မီးခိုးငွေ့တွေဟာ မမွေးဖွားမီကလေးရဲ့ အဆုတ်ဖွံ့ဖြိုးမှုကို နှေးကွေးစေတဲ့အတွက် ကလေးဟာ ကြီးလာရင် အဆုတ်နဲ့ အသက်ရှုလမ်းကြောင်း ပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။အကယ်၍သင်နဲ့ သင့်အမျိုးသားက ကလေးယူဖို့ ကြိုးစားနေတယ်။(သို့)ကိုယ်ဝန်ဆောင်နေပြီး(သို့)လက်တလော အလေးမွေးဖွားထားတယ်ဆိုရင် သင့်အိမ်မှာ ထပ်ဆင့်ခံမီးခိုး တတ်နိုင်သမျှလျှော့ချတာက အကောင်းဆုံးဖြစ်ပါတယ်။အကယ်၍ သင်ဟာ ကိုယ်ဝင်ဆောင်မယ်ဆိုရင် ကြိုးစားပြီး ဆေးလိပ်ဖြတ်သင့်ပါတယ်။သင့်ရဲ့ အိမ်ထောင်ဖက်ကိုလည်း အပြင်မှာပဲ ဆေးလိပ်သောက်ခိုင်းတာ ဒါမှမဟုတ် သူတို့ဆေးလိပ်သောက်တုန်းက ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ အိမ်ထဲမဝင်ခိုင်းတာဒါမျိုးတွေလုပ်သင့်ပါတယ်။ ဥပမာ.သင့် အိမ်ထောင်ဖက်ကို ဆေးလိပ်သောက်မယ်ဆိုရင် ကုတ်အကျီင်္အပေါ်က ဝတ်တာမျိုး ဒါမှမဟုတ် ချွေးခံအကျီင်္ အောက်မှာဝတ်ထားပြီး အိမ်ထဲဝင်မယ်ဆို ချွတ်ခိုင်းတာမျိုး လုပ်သင့်ပါတယ်။နောက်တစ်ချက်ကတော့ သင့်နှင့်သင့်အိမ်ထောင်ဖက် ဆေးလိပ်တို့ဆေးရွက်ကြီးတို့နဲ့ ထိတွေ့မိတယ်ဆိုရင် ကလေးကို မကိုင်မိ လက်ဆေးဖိုက အရေးကြီးပါတယ်။


O2i0cr4hksgnxdnrl65w

ကလေးမွေးဖွားပြီးရင်ရော ဘာလုပ်ရမလဲ?
-------------------------------------------

အရးကြီးတာကတော့ သင့်ကလေးဟာ သင့်ကလေဟာ တစ်ဆင့်ခံ မီးခိုးငွေ့(Second-band smoke) နဲ့ မထိတွေ့ဖို့ပါပဲ။တစ်ဆင့်ခံ မီးခိုးငွေ့(Second-band smoke) နဲ့ ထိတွေ့တဲ့ကလေးတွေဟာ SIDS ရောဂါဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ တစ်ဆင့်ခံ မီးခိုးငွေ့နဲ့ ထိတွေ့မိတဲ့ကလေးတွေဟာ ခုခံအားစနစ် မကောင်းတာ တွေ့ရတတ်ပါတယ်။ဒါ့အပြင်သူတို့လေးတွေမှာနားအတွင်းပိုးဝင်တာ၊အအေးမိတာ၊အသက်ရှုလမ်းကြောင်းပြဿနာ နဲ့သွားရောဂါပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။ထပ်ဆင့်ခံ မီးခိုးငွေ့( Third-band smoke ) ကလဲ တစ်ဆင့်ခံမီးခိုးငွေ့(Second-band smoke)လိုပဲ သင့်ရင်သွေးကို အန္တရာယ် ဖြစ်စေတတ်ပါတယ်။ဒါကြောင့် ထပ်ဆင့်ခံမီးခိုးနဲ့လည်း သင့်ကလေးကို မထိတွေ့အောင် ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။

#Ref...Dr.Tun
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.