စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်များ အရက်သောက်ရင် မေွးလာတဲ့ကလေး ထိုကဲ့သို့ ဖြစ်လာနိုင်ပါတယ်

Posted by Ni Ni December 23, 2020
Akapyocyyw8sgkyqogx4

ကိုယ်ဝန်ဆောင်မိခင်များ အရက်သောက်သုံးလျှင် မွေးလာသည့် ကလေး၌ မှတ်ဉာဏ်ထိခိုက်ကာ မွေးရာပါချို့ယွင်းမှုများ ဖြစ်ပေါ်နိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုး များအဖြစ် ကျောင်းပညာရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း သတင်းရရှိသည်။ အရက်ကြောင့် ခန္ဓာကိုယ်ထဲ၌ ဓာတ်ပြိုကွဲပြီး ဖြစ်ပေါ်လာသည့် အက်ဆီတယ်လ်ဒီဟိုက် (Acetaldehyde) ဓာတ်ပစ္စည်းသည် အဆိပ်ဖြစ်ကာ မျိုးရိုးဗီဇ DNA ကို ပျက်စီးစေခြင်းဖြစ်သည်။ ထို့ကြောင့် အရက်အနည်းငယ်သောက်သုံးရုံဖြင့် အမျိုးသမီးများ မြုံစေနိုင်ပြီး အမျိုးသားများ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်ခြင်းဖြစ်သည်။

Xghz2o5hr5c45zi5iaqj

ကိုယ်ဝန်ဆောင်တွေ အရက်သောက်ရင် အရက်ကြောင့် ကလေးဖွံ့ဖြိုးမှုကို ထိခိုက်ပြီး အန္တရာယ်ရှိတယ်။ မွေးရာပါချို့ယွင်းချက် ပြသနာတွေဖြစ်မယ်။ စာလည်းသင်လို့မရ၊ မှတ်ဉာဏ်မကောင်းဘဲနဲ့ ခဲရာခဲဆစ်သင်ရတဲ့ကလေး ဖြစ်နိုင်ပါတယ် ဟု အသည်းအထူးကုပါမောက္ခကြီး ဒေါက်တာဝင်းနိုင် ကဆိုသည်။ကိုယ်ဝန်ဆောင်နေစဉ် အရက်သောက်သုံးမှုကြောင့် ကလေးသူငယ်များ၌ ဉာဏ်ရည်မမီခြင်း၊ ခေါင်းသေးခြင်း၊ မျက်နှာသေးခြင်း၊ နားမကောင်းခြင်း၊ နှာခေါင်းတိုခြင်းနှင့် မေးစေ့ချွန်ခြင်း စသည့် ဦးခေါင်းပိုင်း၊ မျက်နှာပိုင်းများ၌ မွေးရာပါ ချို့ယွင်းမှု ပြဿသနာများရှိနိုင်ပြီး ဦးနှောက်ထိခိုက်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။ကိုယ်ဝန်ဆောင်မိခင်တွေက အရက်သောက်တာလို အမှားအယွင်းပြုလုပ်မိရင် သန္ဓေသားရဲ့ ကိုယ်အင်္ဂါဖြစ်ပွားမှုမှာ ပြဿသနာပေါ်စေပြီး အင်္ဂါမစုံတဲ့ ကလေးအဖြစ် မွေးဖွားလာနိုင်တယ်။

M3t99qsu4ryqe681rmpr

ဒါကြောင့် ကိုယ်ဝန်သည်တွေအနေနဲ့ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကို လုံးဝမပြုလုပ်သင့်ပါဘူးဟု ရန်ကင်းမြို့နယ်ရှိ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးက ဆိုသည်။ဗြိတိန်နိုင်ငံ တော်ဝင်ဆေးပညာရှင်များကောလိပ်ရှိ ကျန်းမာရေးဌာနက အမျိုးသားများ တစ်ပတ်လျှင် အရက်ပမာဏ ၂၁ ယူနစ်နှင့် အမျိုးသမီးများ တစ်ပတ်လျှင် အရက်ပမာဏ ၁၄ ယူနစ် သာသောက်သုံးသင့်ပြီး အရက်မသောက်သင့်သည့်နေ့ရက်မှာ တစ်ပတ်လျှင် သုံးရက်ခန့် ရှိရမည်ဖြစ်သည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၂၀၀၉ ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်းများအရ jမန်မာနိုင်ငံတွင် အရက်သောက်သုံးမှုမှာ အမျိုးသားများတွင် ၂၅ရာခိုင်နှုန်း၊ အမျိုးသမီးများတွင် ၃၁ ရာခိုင်နှုန်းရှိပြီး လူတစ်ရာလျှင် တစ်ယောက်နှုန်း သောက်သုံးနေသည်ဟု သိရသည်။
#Ref...7day daily news
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.