စျေး မီဒီယာ
မမွေးဖွားမှီ

Oligohydramnios ရေမြွှာရည်နည်းခြင်း

Posted by May Thaw Htoo July 7, 2022
Fyk40cwnzn7yk23ciyes

Amniotic fluid ရေမြွှာရည် ပုံမှန်ထက် နည်းနေတာကို Oligohydramniosလို့ ခေါ်တယ်။ကိုယ်ဝန် ၁၂ ပတ်မှာ Amniotic sac ရေမြွာအိတ်ဖြစ်လာတဲ့နောက် Amniotic fluidရေမြွာရည်လဲ ဖြစ်လာတယ်။ အစပိုင်းမှာ မအေဆီကနေရတဲ့ရေကနေ ရေမြွှာရည်ဖြစ်လတယ်။ ကိုယ်ဝန် ၂ဝ ပတ်နောက်ပိုင်းမှာ ကလေးရဲ့ ဆီးပါရောလာတယ်။ ပုံမှန်ကိုယ်ဝန်မှာ ရေမြွာရည်ဟာ ၈ဝဝ စီစီကနေ ၁ဝဝဝ အထိရှိတယ်။ ၃၆ပါတ်နောက်မွေးကာနီးရင် နဲနဲ နည်းလာတယ်။ ကိုယ်ဝန် ၃၂-၃၆ ပတ်မှာ အရည်ထုထည် 500 စီစီထက် နည်းနေတာကို ရေမြွှာရည်နည်းတယ်လို့ ခေါ်တယ်။ ကိုယ်ဝန် ၈% မှာရေမြွာရည် နည်းနေတတ်ပြီး၊ ၄% က Oligohydramnios အထိရောက်တယ်။ ကိုယ်ဝန်နောက်ဆုံး ၃ လမှာ အဖြစ်များတယ်။ ၁၂% က ရက်နောက်ကျပြီးမှ မွေးကြတယ်။ကိုယ်ဝန်လစေ့ဆိုတာ ၃၉ ပတ်ကနေ ၄၁ပတ်အထိကို ခေါ်တယ်။ ၄၂ ပတ်ကျော်သွားတာကို ရက်နောက်ကျမှ မွေးတာလို့ ခေါ်တယ်။

- ဗိုက်စမ်းကြည့်ရင် သားအိမ်အမြင့်က ရှိသင့်တာထက် နိမ့်နေမယ်။

- အထဲကကလေး အနေအထား တမျိုး ဖြစ်ချင် ဖြစ်နေမယ်။

- အပြင်ကနေစမ်းရင် ကလေးရဲ့ ခြေ-လက်စတာတွေက ပိုပြီးသိသာနေမယ်။

- (အာလ်ထွာဆောင်း) ရိုက်ပြီး Amniotic fluid index (AFI) တိုင်းရင် 5 to 6 cm ထက်နည်းနေမယ်။

- Maximum vertical pocket (MPV) ကိုလဲ တိုင်းမယ်။ MPV ဆိုတာ သားအိမ်ထဲက အနက်ဆုံးနေရာမှာ ရေမြွှာရည်တိုင်းတယ်။ 2 cm ထက်နည်းနေရင် ဒီရောဂါဘဲ။

Pzcq0hilg46vhjesjrwx

ဘာလို့ဖြစ်တာလဲ
------------------

မသိတာကများတယ်။ များသောအားဖြင့် အထဲကကလေးရဲ့ ဆီးလမ်းကြောင်းစနစ် ချို့ယွင်းနေတာမို့ ဖြစ်တယ်။ ဥပမာ Bilateral renal agenesis (Potter's syndrome), Polycystic kidneys, Genitourinary obstruction တခုခု ဖြစ်နေနိုင်တယ်။ Uteroplacentalinsufficiency ကြောင့်လဲဖြစ်နိုင်တယ်။ မိခင်လောင်းက ရေဓါတ် နည်းနေလို့လဲ ဖြစ်နိုင်တယ်။ Angiotensin converting enzymeinhibitorsဆေးသောက်ရလို့လဲ ဖြစ်နိုင်တယ်။ မိခင်မှာ သွေးတိုးနဲ့ ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆီးချိုရှိနေတာ၊PET ကိုယ်ဝန်သွေးဆိပ်တက်တာ၊ သွေးတိုကျဆေး တချို့ကြောင့်လဲ ဖြစ်နိုင်တယ်။ PROM ရေမြွာ စောပေါက်မယ်ဆိုရင် နည်းနေတော့မယ်။

W9oppxoo1afqg26dcckg

ရေမြွာရည်နည်းတာကို ကိုယ်ဝန် ပဌမတဝက်မှာဖြစ်ရင်
---------------------------------------------------------

1. Birth defects မွေးရာပါချို့ယွင်းတာတွေ ဖြစ်လာနိုင်တယ်။ Facial distortion, Clubfoot, Pulmonary hypoplasia နဲ့ Amnion nodosum တခုခုဖြစ်လာစေနိုင်တယ်။ Potter syndrome ခေါ်တာဖြစ်မယ်။

2. Miscarriage ကိုယ်ဝန်ပျက်ဘို့ Stillbirth ကလေး အသေမွေးဘို့ အခွင့်အလမ်း ပိုများတယ်။

Q9xhl5v2sfre62fcvg4z

ရေမြွာရည်နည်းတာကို ကိုယ်ဝန် ဒုတိယတဝက်မှာဖြစ်ရင်
-----------------------------------------------------------

1. Intrauterine Growth Restriction (IUGR) ကလေးဖွံ့ထွားမှု နည်းတာ၊

2. Preterm birth ကလေးစောမွေးတာ

3. Cord compression ချက်ကြိုးဖိခံရတာ၊

4. Meconium stained fluid ရေမြွာရည်နောက်ကျိတာ နဲ့

5. Cesarean delivery ဗိုက်ခွဲမွေးရတာတွေ ကြံုရတတ်တယ်။

Erd12xpzlya5vqic2uns

ဘယ်လိုကုသမလဲ
--------------------

- ကိုယ်ဝန်နုသေးရင် စောင်ကြည့်စစ်ဆေးတာကိုသာ လုပ်မယ်။

- ကိုယ်ဝန် တတိယပတ်ထဲရောက်မှ ဖြစ်တာဆိုရင် ကလေးဖွံ့ထွားမှု နှေးနိုင်တယ်။

- စောစောကတည်းကဆိုရင် မိခင်လောင်းကို ရေဓါတ်၊ ဆားဓါတ် ဖြည့်ပေးမယ်။ ရေ-အရည် များများ သောက်စေရမယ်။

- မွေးကာနီးဆိုရင် Amniocentesis လုပ်ပြီး Injection of fluid ဆားရည်သွင်းပေးနိုင်တယ်။

- ကလေး ဖွါးနေတုံးမှာ ဆိုရင် ချက်ကြိုးကို အညှစ်ခံရလို့ ကလေးမှာ အောက်စီဂျင် အလုံအလောက်မရ ဖြစ်မယ်။ Intrauterine catheter ပိုက်ငယ်လေးနဲ့ Amnio-infusion ဆားရည် သွင်းပေးနိုင်တယ်။ စိတ်ချရမှုကိုတော့ ငြင်းခုံနေဆဲဖြစ်တယ်။

- စောမွေးပေးရတာလဲ ရှိတတ်တယ်။

- ဗိုက်ခွဲမွေးရလမ်း ရှိတယ်။

#Ref...ဒေါက်တာတင့်ဆွေ
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.