မေမေတို့ရေ ရင်သေွးငယ်တေွ နှာခေါင်းသေွးလှျံလို့ ဘာကြောင့်ဆိုတာ အဖြေရှာမရဖြစ်နေတယ်ဆိုရင်တော့ ဘာကြောင့် နှာခေါင်းသေွးလှျံရတယ်ဆိုတာကို လေ့လာကြည့်ရအောင်နော်။ နှာခေါင်းသေွးလှျံရတဲ့ အကြောင်းတေွအများကြီးရှိပါတယ်။ မစိုးရိမ်ရတာတေွရှိသလို သေွးနဲ့ပတ်သက်တဲ့ အကြောင်းအရာတေွကြောင့် နှာခေါင်းသေွးလှျံရတာလည်းရှိတတ်ပါတယ်။
ကလေးတေွနှာခေါင်းသေွးယိုတဲ့အပေါ်မူတည်ပြီး နှာခေါင်းတစ်ဖက်တည်းက ယိုတာလား၊ ပမာဏများပြီး အတုံးအခဲတေွယိုတာလား၊ နှာခေါင်းအပြင် အခြားနေရာတေွကရော သေွးယိုတာရှိသလားဆိုတာကို ဂရုပြုကြည့်ဖို့လိုပါတယ်။
တစ်ခါတစ်ရံမှာ နှာခေါင်းအတွင်း သေွးကြောလေးတေွထိခိုက်မိပြီး နှာခေါင်းသေွးယိုတာလည်းဖြစ်တတ်ပါတယ်။ ဖျားပြီး ကိုယ်ပူချိန်သိပ်မာျးတဲ့အခါမှာလည်း နှာခေါင်းသေွးလှျံတတ်ပါတယ်။ နေအပူချိန်ပြင်းတဲ့အခါမျိုးမှာလည်း နှာခေါင်းသေွးလှျံတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတေွကတော့ သိပ်ပြီးစိတ်မပူရပါဘူး။
ဒီလိုမှမဟုတ်ဘဲ နှာခေါင်းသေွးလှျံတာက အကြိမ်ပိုများလာပြီး နှစ်ဖက်လုံးကနေ အတုံးအခဲကြီးတေွ ကျလာရင်၊ သွားဖုံးလိုမျိုးအခြားနေရာတေွကနေပါသေွးယိုလာရင် သေွးနဲ့ပတ်သက်တဲ့ရောဂါဖြစ်တတ်တာမို့ ဆရာဝန်တေွနဲ့တိုင်ပင်ပြသသင့်ပါတယ်နော်။
ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)