စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

အင်ပြင်ဖြစ်လှျင် ဘယ်လိုကုရမလဲ။

Posted by San Su Kyi Naing April 2, 2019
Slewzjr1ccv68jzlw9s9

အင်ပြင်ဆိုသည်မှာ အရေပြားပေါ်တွင် ဖြစ်ပေါ်သော ယားယံသည့် အကွက်ကလေးများ ထွက်ခြင်းဖြစ်သည်။ နီရဲပြီး ယောင်ယမ်းတတ်သည်။ ယား၍ ကုတ်လှျင် ပိုနီရဲပြီး အဖုကြီးများ ဖြစ်တတ်သည်။ ၄င်းသည် ဖြစ်စတွင် ခြင်ကိုက်ဖုကဲ့သို့ အဖု နီနီလေးဖြစ်ပြီး ၁ ရက်၊ ၂ရက် အတွင်း ပျောက်နိုင်သည်။ ယား၍ ကုတ်ရင်းမှ ပိုပိုကြီးနာလာနိုင်သည်။

ရုတ်တရက် ဖြစ်သော အင်ပြင် ( Acute Unticaria) ဖြစ်လှျင် ခဏ စောင့်ကြည့်ပါ။ ၂၄ နာရီအတွင်း ကောင်းသွားတတ်သည်။ သို့သော် အလွန်အမင်းယားလှျင် အကုတ်မိပါစေနှင့် ပွတ်ယူပါ။ ဆေးတိုက်ရပါမည်။ ဟစ်(စ)တမင်း (Histamine) ကြောင့် ဖြစ်တာမို့ အင်တီဟစ်(စ)တမင်း (Antihistamine) ဆေးပေးရပါမည်။ ဥပမာ- ဘာမီတွန် (Buimeton) ။ လိမ်းဆေး အနေဖြင့် (Calamine) Lotion ကယ်လမိုင်းလိမ်းဆေး လိမ်းလို့ ရပါသည်။

တာရှည်ဖြစ်သော အင်ပြင် (Chrouic Unticaria) ဆေးပေးရန် လိုအပ်ပါသည်။ ဆရာဝန်နှင့် ပြသရမှာ ဖြစ်ပါသည်။ ၄င်းအင်ပြင်ထွက်နိုင်သည့်အရာများ ဖြစ်သောဆးဝါး(ဥပမာ - အက်စပရင်)၊ အပူ၊ အရက်၊ မတည့်သော ပစ္စည်း နှင့် အစားအစာများကို အမြဲသတိထားရေှာင်ရပါမည်။ တာရှည် ဖြစ်သော အင်ပြင်ကို မိမိသဘောဖြင့် မကုဘဲ ဆရာဝန်ညွှန်ကြားသည်ဆေးများဖြင့် စနစ်တကျ ကုသဖို့ လိုပါသည်။ အစပထမတွင် ရုတ်တရက်ဖြစ်သော အင်ပြင်ကဲ့သို့ ကုပြီး (၆) ပတ်ကျော်က ဆရာဝန်နှင့် ပြသင့်ပါသည်။မတည့်သည်များကို ရေှာင်ရပါမည်။ သုံးသင့်သော ဆေးများမှာ အိပ်မငိုက်စေသောဆေး (Non Sedahue Antihistamine )လိုရီတဒင်း (Loratidine) ၄င်းဆေးများသည် ယားယံခြင်းကို သက်သာစေပြီး အင်ပြင်ထွက်သော အကြိမ်အရည်လေှျာ့ကျစေပါတယ်။

သံမှန်မှန်ချပေးဖို့ လိုအပ်ပါသည်။ သံကောင်ကြောင့်လည်း အင်ပြင် ထွက်တတ်ပါသည်။ ထပ်မံပေါင်းစပ်သုံးသင့်သော ဆေးများမှာ ရိုင်နတဒင်း (Rinitadine)၊ ဆိုင်မီတာဒင်း (cimetidine)တို့ဖြစ် ကြသည်။ ၄င်းတို့ကို ပြင်းထန်သော အင်ပြင်၊ ကြာရှည်ထွက်သော အင်ပြင်တို့၌သာ ထည့်သုံးရပါမည်။

အရေးကြီးဆုံးဆေးမှာ ဆရာဝန် ညွှန်ကြားချက် ရှိမှ သုံးရမည့်ဆေး ဖြစ်ပါသည်။ အလွန်ပြင်းထန်သော အင်ပြင် (အသက်ရှုကြပ်ခြင်း၊ ယောင်ကိုင်းခြင်း၊ အလွန်ယားယံခြင်း ဖြစ်မှသုံးရပါမည်။ ၄င်းမှာ ပရက်နီဇလုံး () ဆေးဖြစ်ပါသည်။ သောက်ဆေးပါ။ အစာ တခုခုစားပြီးမှ သောက်သင့်ပါသည်။ အစာအိမ်ထိခိုက်တတ်ပါသည်။ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ခဏခဏ မသောက်သင့်ပါ။ အန္တရာယ်ရှိပါသည်။ ၄င်းဆေးကို အင်ပြင်ထွက်သည့်နေရာတွင် မလိမ်းရပါ။ ၄င်းအင်ပြင်တခြားဆေးများလည်း ရှိပါသည်။ ဆရာဝန်ညွှန်ကြားချက်နှင့်သာ သုံးရပါမည်။
Ref; မေ့ရင်သေွး မဂ္ဂဇင်း

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.