စျေး မီဒီယာ
မမွေးဖွားမှီ

သားသမီးအချိန်ကိုက်ရယူလိုသူတို့အတွက် ကူညီနိုင်သောအချက်များ

Posted by Ni Ni December 16, 2020
Qfpd3vho4amxivoyep0o

အိမ်ထောင်သက် တစ်နှစ်ကြာပြီးတဲ့အချိန်မှသားသမီးစယူမယ် ၊ နောင်နှစ်နှစ်ခြားပြီးမှ နောက်တစ်ယောက်ထပ်ယူမယ် စတဲ့ မိသားစုစီမံချက်ချပြီး သားသမီးယူလိုသူတွေအနေနှင့် သိထားသင့်တာတွေရှိပါတယ်။ ရာသီစက်ဝန်း၏ သဘောသဘာဝကို သိရှိပါစေရာ သီစက်ဝန်းရဲ့ သဘောသဘာဝကိုသိရှိပါက ကိုယ်ဝန်ဆောင်နိုင်တဲ့ အခွင့်အလန်းကိုဖန်တီး နိုင်ပါတယ်။

သားဥကြွေချိန်
-----------------

သားဥ ကြွေချိန်က ရာသီလာတဲ့ရက်ကနေ စရေတွက်ရင် ၁၁ ရက်နဲ့ ၂၁ ရက် ကြားဖြစ်တတ်ပါတယ်။ အဲဒီရက်အတွင်းမှာ LH ဟော်မုန်းက အရွယ်ရောက်နေတဲ့ သားဥတစ်လုံး ထွက်လာစေပါတယ်။ တစ်ချိန်တည်းမှာပဲ သားအိမ်နံရံက ရင့်မှည့်ပြီး ကြွေကျလာမယ့် သားဥတွဲကပ်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထား ရပါတယ်။ သားဥကြွေတဲ့ အချိန်မှာ အမျိုးသားနဲ့အတူနေလို့ သုက်ကောင်လေးတွေ အချိန်ကိုက်ရောက်ရှိမယ်ဆိုရင်တော့ သားအိမ်ကိုသွားတဲ့လမ်းမှာပဲ သန္ဓေအောင်တဲ့ ဖြစ်စဉ်ဖြစ်ပေါ်ပါတယ်။

Fenjjluo0i4qtqwfs3qa

သန္ဓေအောင်နိုင်ခြေများသောနေ့များ
-------------------------------------

သန္ဓေအောင်နိုင်ခြေများပြီး သားသမီးရရှိစေဖို့ သားဥမကြွေခင် ၁-၂ ရက်အလိုမှာ အမျိုးသားနဲ့ အတူနေဖို့လိုပါတယ်။ ဓမ္မတာစက်ဝန်းကို ယေဘုယအားဖြင့် ၂၈ ရက် သတ်မှတ်ထားတာကြောင့် ၁၄ ရက်နေ့ကသားဥကြွေတဲ့နေ့တွေပါ။ ဒါကြောင့် သားသမီးရယူလိုသူအနေသူတွေနဲ့ တစ်ကြိမ်ဓမ္မတာ လာပြီး ၁၂ ရက်ကနေ ၁၄ ရက်အတွင်း အမျိုးသားနဲ့အတူနေဖို့ လိုပါတယ်။ နေ့စဉ်အမျိုးသားနဲ့ အတူနေတာမျိုးက အမျိုးသားရဲ့သုက်ကောင်ထဲမှာ သုက်ကောင်ရေပါ၀င်မှု လျော့နည်းစေပါတယ်။ သားဥကြွေရက်ကို ခန္ဓာကိုယ်အပူချိန်ကြည့်ပြီးခန်းမှန်းခြင်း မနက်ခင်းတိုင်း အိပ်ရာမထခင်မှာ အပူချိန်တိုင်းတဲ့ ကရိယာနဲ့ တိုင်းတာပြီးမှတ်သားထားပါ။သားဥကြွေရက်မှာ ခန္ဒာကိုယ်အပူချိန် အနည်းငယ်မြင့်တက်နေတတ်ပါတယ်။သားဥကြွေရက်ကို ဟော်မုန်းပမာဏကြည့်ပြီးခန်းမှန်းခြင်း ဟော်မုန်း LH က သားဥအိမ် ကနေ ရင့်မှည့်နေတဲ့ သားဥတစ်လုံးကြွေစေပါတယ်။ အဲဒီ ဟော်မုန်းက သားဥမကြွေခင် ၃၆ နာရီအတွင်း ပမာဏအများဆုံးဖြစ်နေပါတယ်။ သားဥကြွေတဲ့ရက် ဟုတ်၊ မဟုတ် သိရှိဖို့အတွက် ဆီးထဲမှာ LH ပါ၀င်မှု ရှိ၊ မရှိကို စစ်ဆေးဖို့လိုပါတယ်။ ၁-၂ ရက်လောက် စစ်ဆေးဖို့လိုပြီး ဟော်မုန်းပမာဏကို မှတ်ထားဖို့တော့လိုပါတယ်။

ရာသီလာခြင်း
---------------

သန္ဓေမအောင်တဲ့သားဥက နောက်၁၂-၁၆ ရက်ကြာတဲ့အခါ သားအိမ်နံရံက သွေးတွေ၊ တစ်သျှူး စတွေနဲ့အတူ ပါသွားပါတယ်။ အဲဒါက ရာသီလာတဲ့အချိန်ပါပဲ။သားဥကြွေသောဖြစ်စဉ် ပုံမှန်ဖြစ်စေရန် သားဥကြွေတဲ့ဖြစ်စဉ်က ပတ်ဝန်းကျင် အကြောင်းတရားတွေနဲ့ များစွာသက်ဆိုင်မှုရှိပါတယ်။ သားသမီးယူလိုသူတွေအနေနဲ့ သားဥကြွေတဲ့ဖြစ်စဉ် ပုံမှန်ဖြစ်စေဖို့ဆိုရင် သတိပြုသင့်တာတွေရှိနေပါ တယ်။ဖောလိတ်ဓာတ်ကြွယ်ဝတဲ့ အစာတွေစားပါ။ သြဂဲနစ်နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ အစာတွေကို ရှောင်ပါ။ပလတ်စတစ်နဲ့ထုတ်ပိုး၊ ထည့်သွင်းထားတဲ့ အစာတွေကိုရှောင်ပါ။ ပုံမှန်ကိုယ်အလေးချိန် အမြဲတမ်းရှိနေအောင် ထိန်းထားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အရက်နဲ့ကဖင်းဓာတ်ရှောင်ပါ။

ကိုယ်အလေးချိန်
---------------------

ပုံမှန်ထက် ကိုယ်အလေးချိန်အောက် များနေသူတွေ၊ အဝလွန်နေသူတွေနဲ့ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်အောက် လျော့နည်းနေသူတွေဟာ မျိုးအောင်နိုင် စွမ်းနည်းလို့ သားသမီးမရရှိနိုင်တာမျိုး ကြံုတွေ့နိုင်ပါတယ်။။ ကိုယ်အလေးချိန် သာမန်အောက်လျော့နည်းတဲ့ အမျိုးသားရော အမျိုးသမီးတွေမှာလည်း သားသမီး ရရှိနိုင်ခြေ အလွန်နည်းပါတယ်။

Cflk5lzcjq5ygqdapcy8

အသက်အရွယ်
-----------------

သားသမီးရရှိနိုင်ဖို့ မျိုးအောင်နိုင်မှုကောင်းမွန်ရေးက အသက်အရွယ်ပေါ်တွင် များစွာ မူတည်ပါတယ်။ ပညာရှင်တွေရဲ့ အကြံပြုချက်အရ အမျိုးသမီးတွေ အသက် ၃၅ နှစ်အောက်မှာ သားသမီးရရှိဖို့ ကြိုးစားပါက တစ်နှစ်ကြာတယ်ဆိုရင် အသက် ၃၅ နှစ်ကျော်မှ သားသမီးရရှိဖို့ ကြိုးစားပါက တစ်နှစ်နဲ့ ခြောက်လပိုကြာနိုင်ပါတယ်လို့ သိရပါတယ်။

သက်ကြီးအမျိုးသားတွေမှာလည်း သားသမီးရရှိနိုင်ခြေလျော့နည်း
--------------------------------------------------------------------

လေ့လာမှုတွေအရ အသက် ၄၅ နှစ်အထက် အမျိုးသားတွေမှာ သားသမီး လုံးဝမရနိုင်တာမျိုး မဟုတ်ဘဲ ရရှိနိုင်ခြေ လျော့နည်းစေပါတာပါ။ မိမိရဲ့ခင်ပွန်းက အသက်ကြီးနေမယ်ဆိုရင်တော့ ဆရာ ၀န်နဲ့ တိုင်ပင်ပြီး သားသမီးရယူတာက အကောင်းဆုံးပါ။

အမျိုးသားများသားသမီးရရှိနိုင်ခြေမြင့်မားစေရန်
------------------------------------------------------

အမျိုးသားတွေအနေနဲ့ သားသမီးတွေရရှိနိုင်ခြေ မြင့်မားစေဖို့ စိတ်ဖိစီးမှု၊ အရက်နဲ့ဆေးလိပ်တွေကို ရှောင်ကြဉ်ပါ။ သင့်တင့်တဲ့ခနာကိုယ် အလေးချိန်ကို ထိန်းထားပါ။ ဇင့်ဓာတ်ကြွယ်ဝတဲ့အသား၊ ကောက်နှံတစ်ခုလုံးကွေကာ၊ ပင်လယ်စာ၊ ဥအမျိုးမျိုးစတာ တွေ၊ ဆီလီနီယမ်ကြွယ်ဝတဲ့မှို၊ အသား၊ ပင်လယ်စာ၊ အုတ်ဂျံု၊ အစေ့အဆန်စတာတွေ၊ ဗီတာမင် E စတာတွေကို နေ့စဉ်ပါ၀င်အောင် စားသုံးဖို့ လိုပါတယ်။ ဝှေးစေ့တစ်ဝိုက်ကို အေးအောင်ထားပေးရပါ မယ်။ လေဝင်လေထွက် မကောင်းဘဲ ပူလွန်းတဲ့ အတွင်းခံဘောင်းဘီဝတ်တာ၊ ရေနွေးအပူနဲ့စိမ်ပြီး ရေကြာကြာချိုးတာတွေက သုက်ကောင်ရေလျော့နည်းစေပါတယ်။

Yknatzrginebpr8uz2m2

ဆီးစစ်ကြည့်ပါ
-----------------

ကိုယ်ဝန်ရှိမရှိကို အိမ်မှာပဲ ဆီးစစ်တဲ့ပစ္စည်း HCG ၀ယ်ယူပြီး အလွယ်တကူ စစ်ဆေးနိုင်ပါ တယ်။ ဒီနည်းနဲ့စစ်ဆေးတာက ကိုယ်ဝန်ရှိမရှိကို အစောဆုံးသိရှိနိုင်တဲ့နည်းပါ။ ရာသီလာရက် မတိုင်ခင် ၅ ရက်အလိုကတည်းက စစ်ဆေးသိရှိနိုင်ပါတယ်။

ကိုယ်ဝန်ရှိကြောင်းအစောဆုံးသိရှိနိုင်သော လက္ခဏာများ
-----------------------------------------------------------

- ရာသီမလာခြင်း

- မကြာခဏ ဆီးသွားခြင်း

- မောပန်းနွမ်းနယ်ခြင်း

- မနက်ပိုင်းမှာ ပျို့အန်ခြင်း

- ရင်သားများတင်းပြီးနာခြင်း
#Ref...ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.