စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးငယ်များအတွက် အသက်အရွယ်လိုက် ကောင်းမွန်သင့်လျော်တဲ့ ကစားစရာများ

Posted by Ni Ni December 16, 2020
Utbhd1dah6ovvnly7zhc

ကစားစရာဆိုတာ ဆော့ကစားရန် သီးသန့်မဟုတ်ဘဲ တက်ကြွပျော်ရွှင်စေရမည့်အပြင် ပညာလည်း ရစေသင့်တယ်။ ကလေးငယ်တစ်ယောက်၏ စိတ်ကူးဉာဏ်ကို မြှင့်တင်ပေးပြီး ၊ တီထွင်လိုမှုကို လှုံ့ဆော်ပေးပြီး အဓိက အားဖြင့် အန္တရာယ်လည်းကင်းစေသင့်ပါတယ်။ ဆော့ကစားခြင်းဟာ သင့်ရင်သွေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လူနေမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ အတွက် မရှိမဖြစ် လိုအပ်တာကြောင့် ကစားစရာရွေးချယ်တဲ့အခါမှာ ပါးနပ်စွာ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ အသက်အရွယ်အပိုင်း အခြားအလိုက် သူတို့လေးတွေအတွက် လိုအပ်တဲ့ ကစားစရာ အမျိုးအစားတွေဟာလည်း ခြားနားပါသေးတယ်။

Djjeykseel00ozyonlom

မွေးကင်းစ မှ ၆လ အထိ
-------------------------

ဒီအချိန်မှာတော့ သင်ဟာ သင့်ရင်သွေးငယ်အတွက် အကောင်းဆုုံးသော ကစားစရာပါပဲ။ ကလေးငယ်တွေဟာ လူတွေရဲ့ မျက်လုံးတွေ နောက် မျက်နှာတွေကို လိုက်လံလေ့လာတတ်ပါတယ်။ သင့်ရဲ့ အသံ ၊ သင့်လက်ချောင်းလေးတွေရဲ့ ညင်သာတဲ့အထိအတွေ့၊ ခြုံထည်စောင်လေးရဲ့ နူးညံ့မှု စသည်တို့ကို ခံစားတတ်လာပါတယ်။ ပိုပြီးတောက်ပတဲ့ အရောင်တွေနဲ့ အသံတွေကို သဘောကျတတ်လာတာကြောင့် အသံစုံထွက်တတ်တဲ့ တူရိယာကစားစရာလေးတွေ ၊ အရောင်စုံအရုပ်လေးတွေနဲ့ ဆော့စေသင့်ပါတယ်။ ကစားစရာ ရွေးချယ်တော့မယ်ဆိုရင်တော့ သူတို့ ကိုင်နိုင်မယ့် လှုပ်နိုင်မယ့် အသံထွက်လာအောင် ပြုလုပ်နိုင်မယ့် အရာမျိုးကို ဦးစားပေးရွေးချယ်ပေးပါ။ မတူညီတဲ့ ဆန့်ကျင်ဘက် အရောင်တွေပါတဲ့ အရုပ်မျိုးကို သင့်ကလေးက ပိုလိုလားပါလိမ့်မယ်။

၇လ မှ ၁၂ လ အထိ
---------------------

ဒီအရွယ်ဆို သင့်ကလေးငယ်က ပိုပြီး ဆန်းသစ်တဲ့နည်းတွေနဲ့ ကစားစရာတွေကို ဆော့တတ်လာပါပြီ။ ထိုင်တတ်လာတဲ့ ကလေးငယ်တွေဟာ သူတို့ ပစ်ပေါက်နိုင်မယ့် ၊ ကောက်ယူနိုင်မယ့်၊ ထည့်နိုင်မယ့်၊ ထုတ်နိုင်မယ့် ကစားစာတွေကို ပိုအလိုရှိလာပါပြီ။ အခုလောက်ဆို ကလေးငယ်တွေဟာ အရုပ်တွေရဲ့ နာမည်တွေ၊ သုံးနေကျ စကားလုံးတွေ အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အစ ခွဲခြမ်းစိတ်ဖြာတတ်လာပြီ ဖြစ်ပါတယ်။ ဆွဲသွားလို့ရတဲ့ ကစားစရာများ၊နူးညံတဲ့ ဘောလုံးငယ်များ၊ ထွေးပွေ့ထားချင်စရာ ကောင်းလှတဲ့ ဝက်ဝံရုပ်များ၊ တည်ဆောက်ပြီးရင် ပြန်ဖြိုချလို့ရမယ့် သစ်သားတုံးလေးတွေဆို ပျော်ရွှင်စွာ ကစားချင်လာပါပြီ။ ရေချိုးခန်းသုံး ကစားစရာလေးများကိုလည်း ပိုစိတ်ဝင်စားလာပါပြီ။ရေပေါ်မျောနေနိုင်မယ့် ကစားစရာတွေ ရေကို ရိုက်ပြီး စင်အောင် လုပ်လို့ရတာတွေကြောင့် ရေထဲမှာ ဆော့ကစားရခြင်းကိုလည်း သဘောကျလာပါလိမ့်မယ်။

H7z3azpbwhoc67vfskhm

၁နှစ် မှ ၂နှစ် အထိ
--------------------

ပထမဦးဆုံး မွေးနေ့ကို ဖြတ်သန်းပြီးသွားတဲ့ ကလေးငယ်တွေဟာ အခုအချိန်မှာ အရာအားလုံးကို ရှာဖွေ စုဆောင်း တတ်လာပါပြီ။ အရာအားလုံးကို စိတ်အားထက်သန်စွာ လေ့လာတတ်နေပါပြီ။ အရုပ်တွေနဲ့ လွယ်ကူစွာ ဆော့ကစားဖို့ လေ့လာဖို့ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းများနှင့်လည်း ပြည့်စုံနေပြီလေ။ ဒီလို အသက်အပိုင်းအခြားမျိုးမှာ သူတို့ရဲ့ အင်အားကို အသုံးချနိုင်မယ့် ကစားစရာများ လိုအပ်ပါတယ်။အကယ်၍ သင့်ကလေးဟာ ၁နှစ်သား ၂နှစ်သား ဆိုလျှင် ဘောလုံးများ၊ တွန်းနိုင်-ဆွဲနိုင်တဲ့ အရုပ်များ၊ တက်စီး-ခွစီးနိုင်တဲ့ကစားစရာများ၊ တူရိယာကစားစရာများ၊ အစရှိသည်တို့ကို ရွေးချယ်နိုင်ပါတယ်။

Cckse5x0hll2rltptslp

နေ့ကလေးထိန်းကျောင်း နှင့် မူကြိုအရွယ် ကလေးငယ်များ (အသက် ၃နှစ်မှ၆နှစ်အထိ)
----------------------------------------------------------------------------------------

ဤအသက်အရွယ် ကလေးငယ်များမှာ အင်မတန်မှ သိလိုစိတ် အလွန်များပြားပြီး မေးခွန်းပေါင်းစုံ မေးတတ်ကြပါတယ်။ အသက် ၃နှစ်ကျော်လာတဲ့အခါ ကလေးအချင်းချင်း တက်ကြွစွာ ဆော့ကစားတတ်လာပါပြီ။ သရုပ်ဆောင်တတ်လာကြပြီး လူကြီးပုံဖမ်းလာတတ်ကြပါတယ်။ သူတို့လက်ချောင်းလေးတွေကို အသုံးပြုကာ ပစ္စည်းတွေ တီထွင်ဖန်တီး ရတာကိုလည်း သဘောကျလာပါပြီ။ ပုစ္ဆာဖြေရှင်းရတဲ့ ကစားနည်းမျိုးဖြစ်တဲ့ puzzle ကစားနည်းတွေ ကစားရတာ ပျော်လာပါလမ့်မယ်။အဆောက်အအုံ ဆောက်ရတဲ့ ကစားနည်းမျိုးဟာလည်း သူတို့သဘောကျတဲ့ ကစားနည်းတွေထဲက တစ်ခုပါပဲ။ ဒီအရွယ် ကလေးအများစုဟာ ပုံဆွဲခြင်း ၊ အရောင်ခြယ်ခြင်း နှင့် ရွံ့နှင့်ပုံဖော်ရသော ကစားနည်းများကို မလွဲမသွေ သဘောအကျဆုံးပါပဲ။သင့်ကလေးငယ် ပိုပြီး အသက်ကြီးလာတဲ့ အခါမှာတော့ သူတို့လေးတွေရဲ့ စိတ်ဝင်စားမှု အလိုက် သက်ဆိုင်တဲ့ ကစားစရာလေးတွေ ဝယ်ပေးသင့်ပါတယ်။ သူတို့ဆော့ကစားတဲ့ ကစားစရာလေးတွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှု အတွက် အဓိက အရေးပါတယ်ဆိုတာကို အဓိက မှတ်သားထားသင့်ပါတယ်။
#Ref...Good Health news
#ရှမ်းပုတ်(မိုမိုလေး)

Gas6kl9zizpubtwnscfd

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.