
ဖေဖေ၊ မေမေတို့ရေ မွေးကင်းစသားသားမီးမီးလေးတွေနဲ့ပတ်သက်ပြီး သတိပြုပြီး ဂရုစိုက်ရမယ့် အခြေအနေလေးတွေ၊ လက္ခဏာလေးတွေရှိပါတယ်။ အဲ့ဒါလေးတွေကို ဖေဖေ၊ မေမေတို့တွေအားလုံး သတိပြုမိသိရှိနိုင်စေဖို့အတွက် ကျားလေးက မျှဝေပေးလိုက်ပါတယ်။
- မွေးစလေးအရမ်းသေးငယ်နေရင် (လမစေ့ဘဲမွေးဖွားရင်)
- နို့တိုက်ရခက်ခဲနေရင် (၂၄ နာရီအတွင်းမှာ နို့စို့တာ ၅ ကြိမ်မပြည့်ဘူးဆိုရင်)
- အရေပြားပေါ်မှာ ၁၀ ဖုထက်ပိုတဲ့ ပြည်ဖုလေးတွေပေါက်နေရင် (ပြည်ဖုအကြီးကြီးတွေ ပေါက်နေရင်)
- ချက်တိုင်ငုပ်နီမြန်းနေရင် (ဒါမှမဟုတ်) ပြည်တည်နေရင်
- မျက်စိကနေ ပြည်ထွက်နေရင်
- အသားဝါနေရင်
- အသားရောင်ဖြူဖျော့နေရင် ဆရာဝန်တွေနဲ့ အမြန်ဆုံးတိုင်ပင်ပြီး ပြသသင့်ပါတယ်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး