စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်ချိန် တတိယ သုံးလပတ်ကာလနှင့် သိမှတ်ဖွယ်ရာများ

Posted by Win Thein December 10, 2020
Snyrhvq06ttqu0xqmjfo

ဘယ်လို ပြောင်းလဲမှုတွေ ရင်ဆိုင်ရသလဲ
------------------------------------------

တတိယ သုံးလပတ်ကာလထဲ ဝင်လာပြီဆိုရင် ကိုယ်ဝန်ဆောင်သည်ဟာ နဂိုကထက် ပိုပြီး နာကျင်ကိုက်ခဲမှုတွေ ခံစားရကာ ရောင်ရမ်းတာ၊ သက်တောင့်သက်သာ နေလို့မရတာတွေ ဖြစ်တတ်ပါတယ်။ ကလေးမွေးရင် အဆင်ပြေပါ့မလား၊ ကျန်းကျန်းမာမာရှိပါ့မလား စတဲ့ စိုးရိမ်ပူပန်စရာတွေနဲ့ စိတ်ရှုပ်ထွေးနေရတာကြောင့်လည်း အတတ်နိုင်ဆုံးစိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ လိုအပ်ပါတယ်။


Dcngiaxfhrgoaahwylyt

ခံစားရသည့် ဝေဒနာများ
--------------------------

၁။ ကလေးလှုပ်နေတာကို ခံစားရတာ။
၂။ သားအိမ်ကြွက်သား တင်းကျပ်တာ၊ Braxton Hicks လို့လည်း ခေါ်ပါတယ်။ အရမ်းကြီး နာကျင်တာမျိုးမဖြစ်ပေမယ့် မကြာခဏတော့ ဖြစ်တတ်ပါတယ်။
၃။ ဆီးခဏခဏ သွားချင်စိတ်ဖြစ်တာ၊
၄။ ရင်ပူတာ၊
၅။ ခြေဆစ်၊ လက်ဆစ်၊ ခြေချောင်း၊ မျက်နှာ စတာတွေ ရောင်ရမ်းတာ
၆။ လိပ်ခေါင်းရောဂါ ဖြစ်ချင်သလို ခံစားရတာ၊ အိပ်ပျော်ဖို့ ခက်ခဲတာနဲ့ ရင်သားတင်းရင်းနာကျင်ပြီး တစ်ခါတစ်လေ နို့ရည်ကြည်တွေ စိမ့်ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။

Vod692jtyqywnuzvuayj

ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်သင့်သည့် အခြေအနေများ
-----------------------------------------------------------------------
၁။ သွေးလွန်ခြင်း
၂။ ကလေးလှုပ်ရှားမှု တဖြည်းဖြည်း လျော့နည်းလာခြင်း
၃။ အလွန်အမင်းဖောရောခြင်း
၄။ ကိုယ်အလေးချိန် အဆမတန်တတ်လာခြင်း စတာတွေ ခံစားရပြီဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းတစ်ခုခုကို အမြန်ဆုံး သွားဖို့လိုပါတယ်။



ဆရာဝန်နှင့် ပြသသင့်သည့်အချိ်န်
------------------------------------

ကိုယ်ဝန်ဆောင်အနေနဲ့ ကိုယ်ဝန်စရှိကတည်းက သက်ဆိုင်ရာ ဆရာဝန်ထံ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု ခံယူသင့်ပါတယ်။ အထူးသဖြင့် တတိယ သုံးလပတ်ကာလမှာ ပိုပြီး ဂရုတစိုက်ရှိသင့်ပါတယ်။ ကိုယ်ဝန် ၃၆ ပတ်ရောက်တဲ့အခါ သားအိမ်ခေါင်းက ပိုပြီးနူးညံ့ပါးလွှာလာတာကြောင့် မွေးလမ်းကြောင်း ပွင့်၊ မပွင့် စစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်နေဖို့ လိုပါတယ်။

Xcqbr2g1qapqltqxvdd5

ဘာတွေ လိုက်နာသင့်သလဲ
---------------------------

၁။ ကျွမ်းကျင်သူတွေ ညွှန်ကြားထားတဲ့ အားဆေးတွေကို မပျက်မကွက်သောက်ပေးပါ။
၂။ နာကျင်ကိုက်ခဲနေတာမျိုး၊ ဖောရောင်တာမျိုး ခံစားနေရတာက လွဲပြီး ကျန်တဲ့ အချိန်တွေမှာ တက်တက်ကြွကြွနေပါ။
၃။ ညင်ညင်သာသာပြုလုပ်နိုင်တဲ့ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းတွေ ဆောင်ရွက်ပါ။
၄။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစတဲ့ အမျှင်ဓာတ်များများရရှိစေမယ့် အစားအစာတွေ
အပြင် အဆီနည်းပြီး ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစာတွေလည်း စားပေးပါ။
၅။ ရေများများသောက်ပါ။
၆။ ကယ်လိုရီ ပမာဏပြည့်ဝအောင် စားသုံးပါ။
၇။ သွားနဲ့ သွားဖုံး ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ ဘာလို့လဲဆိုတော့ သွားကျန်းမာရေးဟာ လမစေ့ဘဲ ကလေးမွေးဖွားနို်င်တဲ့ အခြေအနေနဲ့ ဆက်စပ်နေလို့ ဖြစ်ပါတယ်။
၈။ အိပ်ရေးဝဝအိပ်ပြီး လုံလောက်တဲ့အနားယူတာမျိုး ရှိပါစေ။

Bd91ynwm6u36sqcuhb50

ဘာတွေ ရှောင်ရှားသင့်သလဲ
-------------------------------

၁။ လေ့ကျင်းခန်းလုပ်လို့ ဆိုတို်င်း ပြင်းပြင်းထန်ထန် လို်က်လုပ်စရာ မလိုပါဘူး။
၂။ အရက်သောက်တာ၊ ဝိုင်တွေ၊ ဘီယာတွေ သောက်ဖို့ စိတ်တောင် မကူးသင့်ပါဘူး။
၃။ ကဖင်းဓာတ်များလွန်းတဲ့ ကော်ဖီ၊ လက်ဖက်ရည်ရှောင်ပါ။
၄။ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့ ရှူ့ရှိုက်မိတာမျိုး အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။
၅။ တရားဝင် မဟုတ်တဲ့ ဆေးတွေ သောက်စရာမလိုပါဘူး။ အားဆေးဖြစ်ဖြစ် လာ ဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေသာ သောက်ပါ။
၆။ အစိမ်းစားရတဲ့ ပင်လယ်စာတွေ၊ မကျက်တကျက် ချက်ပြုတ်ထားတဲ့အစာတွေ လုံးဝမစားပါနဲ့။
၇။ ငါးမန်းတောင်၊ မက်ကရယ်ငါး၊ ဓားရှည်ငါးနဲ့ မာကျူရီအဆင့်မြင့်မားနေတတ်တဲ့ ပင်လယ်ငါးကြီးကြီးတွွေကို ရှောင်ပါ။
၈။ နွားနို့ ကြိုချက်မသောက်တာမျိုး၊ နှစ်ရှည်သိမ်းဆည်းထားတဲ့ ဒိန်ခဲ၊ ချိစ်စတာတွေ မစားပါနဲ့။
၉။ အဆင်သင့်စာတွေနဲဲ့ အမြန်စာတွေကို တတ်နိုင်သလောက်ရှောင်ပါ။
#Ref...အိဖြူ ( ဆေးဝါးတက္ကသိုလ် )
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.