မေမေတို့ရေ အသက် ၆ လမှ စပြီး ကလေးတေွအတွက် ရှိသင့်တဲ့ အာဟာရဟာ မိခင်နို့အပြင် ဖြည့်စွက်စာကလည်း အဓိက အရေးပါတာမို့ ကလေးတေွရဲ့ အာဟာရရှိတဲ့ အစားအစာတေွကို မေမေတို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ရန် ချက်ပြုတ်နည်း ဖော်ပြလိုက်ပါတယ်။ ကလေးတေွအတွက် ငယ်စဉ်မှာရရှိတဲ့ အာဟာရဟာ မိခင်နို့အပြင် ဖြည့်စွက်စာလည်း အဓိက အရေးပါပါတယ်။ ငယ်ရွယ်တဲ့ အချိန်မှာ အာဟာရကို ပြည့်ဝစွာရရှိတဲ့ ကလေးဟာ ဉာဏ်ရည်ဖွံဖြိုးမှု အတွက်လဲ ကောင်းစွာ အထောက်အကူရစေပါတယ်။ ငယ်စဉ်ကတည်းက သားငါး သီးရွက်အစုံ ကျေွးထားမယ်ဆို ကြီးလာရင် ဟိုအရွက်မစားဘူး၊ ဒီအသားမကြိုက်ဘူးဆိုတာမျိုး ဖြစ်လာမှာ မဟုတ်တော့တဲ့ အတွက် ငယ်စဉ်ကတည်းက စားချင်သည် ဖြစ်စေ၊ မစားချင်သည်ဖြစ်စေ မေမေတို့က သေချာပြုလုပ်ပြီး စိတ်ရှည်ရှည်နှင့် ကျေွးပေးဖို့တော့ လိုပါတယ်။
အားလူး ပြောင်းဖူးထမင်း
ပါ၀င်ပစ္စည်းများက
အာလူး ၁တစ်လုံး၊ ပြောင်းဖူး ၁ ဖူး၊ ဆန်အနည်းငယ်။
ပြုလုပ်ပုံးအဆင့်ဆင့်-
(၁) ချက်ပြီးသား ဆန်ကို(ထမင်း) အိုးထဲကို ထည့်ပြီးပြုတ်ရပါမယ်။
(၂) အာလူးကို အနေတော် တုံးထားပါ။
(၃) ပြောင်းဖူးကို ခြေွထားပါ။
(၄) ခြေွထားတဲ့ ပြောင်းဖူးနှင့် လှီးထားတဲ့ အာလူးကို ကြိတ်စက်( Blander) ထဲကို ထည့်ကြိတ်ပေးပါ။
(၅) ကြိတ်ထားပြီးသား ပြောင်းဖူးနဲ့ အာလူးကို ဆန်ပြုတ်ထားတဲ့ အိုးထဲကိုရောထည့်လိုက်ပါ။
(၆) ပြုတ်ထားတဲ့ အိုးထဲကို သံလွင်ဆီနဲ့ ဆား အနည်းငယ်ဆီ ထည့်ပေးပါ။
(၇)ပြုတ်ထားတဲ့အစာတေွ နူးလာပြီးဆို အအေးခံပြီးတော့ ကျေွးလို့ရပါပီ။
Ref; မေ့ရင်သေွးမဂ္ဂဇင်း Vol.2, No.3, October 2017