မေမေတို့ရေ အခုရာသီက အပူရှိန်လည်းပြင်းတဲ့ရာသီဖြစ်လို့ ကိုယ်ဝန်ဆောင်မေမေတေွအားလုံး ဂရုစိုက်သင့်ပါတယ်။ ဒီလိုရာသီမှာ ဖျားနာတာ၊ အပူရှပ်တာတေွှဖစ်တာကြောင့် ဒီအချိန်မှာ အပြင်ထွက်တာ၊ အစားအသောက်တေွအားလုံးကို ဂရုစိုက်သင့်ပါတယ်။ အင်အားပြည့်ဝပြီး ကိုယ်ခံအားကောင်းမွန်နေမှလည်း အခြားရောဂါတေွအလွယ်တကူ မဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
ဒီလိုရာသီမျိုးမှာ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်မေမေတေွက
------------------------------------------------------------
- နေပူပူမှာ အပြင်မထွက်ပါနဲ့ (အကြောင်းရှိလို့ထွက်ရင်တောင် အဆောင်း၊ အကာသေချာစွာဝတ်ဆင်ပါ)။
- အပြင်ကပြန်လာတဲ့အခါ ဓာတ်ဆားရည်သောက်ပေးပါ။
- ရေချိုးချိန်ကို စနစ်တကျသတ်မှတ်ပါ။
- အစားကိုမှန်မှန်စားပါ (အာဟာရပြည့်ဝအောင် နေ့စဉ်စားသောက်ပါ)။
- Gas ပါတဲ့အအေးတေွကိုရေှာင်ပြီး သစ်သီးဖျော်ရည်လေးပဲသောက်ပါ။
မေမေတို့ရေ ဒီလိုရာသီမျိုးဟာ အားအင်ကုန်ခမ်း နုံးချိပြီးနေတတ်ပါတယ်။ အစားမစားချင်ဖြစ်တတ်ပါတယ်။ သာမန်လူတေွတောင် အဲ့ဒီလိုဝေဒနာတေွခံစားရတတ်တဲ့ ရာသီမျိုးဖြစ်လို့ ကိုယ်ဝန်ဆောင်မေမေတေွက ပိုမိုလို့ဂရုစိုက်သင့်ပါတယ်နော်။ ကျန်းမာရေးကိုဂရုစိုက်ကြပါမေမေတို့ရေ။ အစားမစားချင်လို့ဆိုပြီး မစားဘဲတော့မနေပါနဲ့နော်။ တစ်ခုမဟုတ်တစ်ခုကို စားဖြစ်အောင်စားပေးပြီး အားအင်ပြည့်ဝနေစေဖို့အတွက် ကျားလေးက အကြံပြုလိုက်ပါတယ်နော်။
Ref;HM (ကျားလေး)