စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်မိခင်လောင်းများ သတိပြုဆင်ခြင်ရမည့် အချက်များ

Posted by Zaw Lin Aung December 6, 2020
Tudpvnzyimq7g8oitayj

မြန်မာမှုနယ်ပယ်တွင် “ယောကျ်ားဖောင်စီး၊ မိန်းမမီးနေ” ဟူ၍ ဆိုရိုးစကားရှိခဲ့သည်။ မျက်မှောက်ကာလတွင်မူ ခေတ်မီတိုးတက်သော ဆေးပညာရပ်များ ဖြစ်ထွန်းပေါ်ပေါက်လာသဖြင့် ကလေးမျက်နှာမြင်ခြင်းသည် သာမန် ကိစ္စရပ်တစ်ခုသဖွယ် ဖြစ်လာသည်။ ထိုကဲ့သို့ မွေးဖွားသန့်စင်ခြင်း မပြုမီ မိခင်ဝမ်းအတွင်း ကိုးလလွယ်နေသည့် ကာလအတွင်း မိခင်လောင်းတို့ ကျန်းမာရေး အသိတရားဖြင့် ဆင်ခြင်နေထိုင်တတ်ရန် လိုပေမည်။ သို့မှသာ ဆယ်လဖွားသည့် အချိန်တွင် မိခင်ရောကလေးပါ ကျန်းကျန်းမာမာ ရှိနိုင်မည်ဖြစ်သည်။

Phqirlrhf0tp9r0tnin3

၁။ကြိုတင်ပြင်ဆင်ပါ
-----------------------

ကိုယ်ဝန်ဆောင်ပြီး သုံးပတ်မှခြောက်ပတ်အတွင်း မွေးဖွားခြင်းကို အနှောင့်အယှက်ဖြစ်စေသော ကိစ္စရပ်များစတင်ပေါ်ပေါက်လေ့ရှိသည်။ သို့ဖြစ်၍ ကိုယ်ဝန်မဆောင်မီကပင် ကြိုတင်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ထားရပါမည်။ ရင်သွေးရယူမည်ဟု ဆုံးဖြတ်ပြီးပါက သန္ဓေတားခြင်းကို မရပ်မီ နှစ်လခန့်မှစ၍ နေ့စဉ် ဖောလစ်အက်စစ် ၄၀၀ မိုက္ကရိုဂရမ် ပါဝင်သော ဗီတာမင်ကို မှီဝဲရမည်။ ဆေးဘက်ဝင်အပင်တို့ဖြင့် ဖော်စပ်ထားသော ဆေး Herbal Formula ကို သောက်သုံးခြင်းမှ ရှောင်ရှားရမည်။ မိခင်လောင်းသည် ဝက်သက်၊ ရေကျောက်ရောဂါတို့မှလည်း ကင်းစင်ရန်လိုမည်။ သို့မဟုတ်ပါက ကလေးမွေးဖွားချိန်တွင် အခက်အခဲအန္တရာယ်များ ကြုံတွေ့ရနိုင်သည်။

၂။ ကိုယ်အလေးချိန်တိုးခြင်း
------------------------------

မိခင်လောင်းသည် ဗိုက်ထဲရှိ ကလေးအတွက် အပိုဆောင်းစားရန် မလိုအပ်ပါ။ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ ပေးပို့သော ၂၀၀၂ ခုနှစ် အစီရင်ခံစာတွင် မိခင်လောင်းသည် ကိုယ်ဝန်ရှိပြီး ပထမသုံးလအတွင်း အစားအသောက် ပိုစားရန်မလိုအပ်သေးကြောင်း၊ ကိုယ်ဝန်ဆောင်ခြင်းကြောင့် နဂိုကတည်းက ဝသော အမျိုးသမီးသည် ၁၅ ပေါင်မှ ၂၅ ပေါင်၊ သာမန်အမျိုးသမီးသည် ၂၅ ပေါင်မှ ၃၅ ပေါင်၊ ပိန်သောအမျိုးသမီးသည် ၂၈ ပေါင်မှ ၄၀ ပေါင်အထိသာ ပေါင်ချိန်တိုးသင့်ပြီး ၎င်းထက် ကိုယ်အလေးချိန် မတိုးစေသင့်ကြောင်း ဖော်ပြထားသည်။

V0a29gnqlspzdjd84au0

၃။ အစားအစာ
-----------------

ပြဒါးဓာတ် ပါဝင်မှုမြင့်မားသော ငါးများဖြစ်သည့် ငါးမန်း၊ ဓားရှည်နှုတ်သီးငါး Sword Fish၊ မက်ကရယ်ငါး King mackerel နှင့် ငါးမဲလုံးစသည့် ငါးများကို စားသုံးခြင်းကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသဖြင့် ကိုယ်ဝန်ဆောင်မိခင်များမှ ရှောင်ရှားသင့်ကြောင်း၊ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ကြီးမှ သတိပေးထားသည်။ ၎င်းအပြင် ပိုး မသတ်ထားသောဒိန်ချဉ်နှင့် အသင့်စားဖွယ်များကို စားသောက်ခြင်းဖြင့် အစာအဆိပ်ဖြစ်စေသော ရောဂါပိုးသည် ကိုယ်ဝန်ဆောင်မိခင်လောင်း၏အချင်းသို့ ရောက်ရှိပြီး ဒုက္ခဖြစ်စေနိုင်သည်။ ပင်လယ်အစားအစာများကို အစိမ်းစားသုံးခြင်းဖြင့်လည်း အသည်းရောင်၊ အသားဝါ ရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်သည်။ မြေပဲသည် ပရိုတိန်းဓာတ်ကြွယ်ဝသဖြင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးသင့်သော်လည်း အချို့ဓာတ်မတည့်သူများအတွက်မူ ရှောင်ရှားသင့်သည်။

၄။ သောက်သုံးခြင်း
---------------------

ကိုယ်ဝန်ဆောင် မိခင်လောင်းများအန္တရာယ်မဖြစ်စေရန် အများဆုံးသောက်သုံးနိုင်သည့် အရက်ပမာဏကို သုတေသနပြုဖော်ပြထားသော်လည်း မိခင်လောင်းများ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါက အကောင်းဆုံးဖြစ်သည်။ မိခင်လောင်းများသည် ကဖီး(န်) ဓာတ်ပါဝင်မှုနည်းသော ကော်ဖီကိုသာ သောက်သုံးသင့်ပြီး ကဖီး(န်) ဓာတ် ပါဝင်သော ကော်ဖီကို သောက်သုံးပါကလည်း တစ်နေ့လျှင်တစ်ခွက်နှစ်ခွက်ခန့်သာ သောက်သုံးသင့်သည်။

Idbg48bsnl8fjbhawwcp

၅။ ဆေးဝါးအသုံးပြုမှု
-----------------------

သားဖွားနှင့် မီးယပ်ဆိုင်ရာ ကျွမ်းကျင်သူများက ကိုယ်ဝန်ဆောင်နေသည့် ကာလအတွင်း ဆေးဝါးသောက်သုံးမှုကို ရှောင်ရှားနိုင်ပါက ရှောင်ရှားကြရန် အကြံပြုပြီး အက်(စ်)ပရင်၊ အိုင်ဗျူပရိုဖင်ကဲ့သို့သော ဆေးဝါးများကို အသုံးမပြုမီ ဆရာဝန်နှင့် အရင်ဆွေးနွေးသင့်ကြောင်း သတိပေးပြောဆိုသည်။

၆။ ဘဝနေထိုင်မှုပုံစံ
---------------------

မကြာသေးမီက ထုတ်ဝေသော သားဖွားနှင့်မီးယပ်ဆိုင်ရာ အစီရင်ခံစာအရ လေကြောင်းဖြင့် ခရီးသွားခြင်းသည် ဓာတ်ရောင်ခြည်သင့်မှုကို ဖြစ်စေနိုင်ကြောင်း ဆံပင်ဆေးဆိုးခြင်း၊ လက်သည်းအရောင်တင်ခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း၊ သို့သော် ဆေးလိပ်မသောက်ရန်နှင့် ဆောင်နာ Saunas ဟုခေါ်သော အပူပေးထားသည့် အခန်းတွင်း ချွေးအောင်းခြင်းတို့ကို မဆောင်ရွက်သင့်ကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ပါက သန္ဓေသားပျက်ကျစေနိုင်ကြောင်း သိရှိရသည်။

၇။ စိုးရိမ်ရန်မလိုပါ
--------------------

ကမ္ဘာတစ်ဝန်းလုံးတွင် ကလေးငယ်များအများစုမှာ ကျန်းမာစွာဖြင့် မွေးဖွားသန့်စင်လျက်ရှိနေပြီး ခေတ်မီဆေးပညာနှင့် လက်လှမ်းမမီသော ကျေးလက်တောရွာများတွင်လည်း သူ့အရပ်နှင့် သူ့ဇာတ်ဆိုသလို မိခင်နှင့်ကလေးပါ ကျန်းမာစွာဖြင့် မွေးဖွားလျက်ရှိကြသည်။ သို့သော် သတိမမူမိသော အချက်များကို သိရှိဆင်ခြင်နေထိုင်ခြင်းဖြင့် မိခင်ရောကလေးပါ အဖိတ်အစင်မရှိဘဲ ရာနှုန်းပြည့် ကျန်းကျန်းမာမာဖြင့် မွေးဖွားသန့်စင်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။
#Ref...Dr အောင်ဇင်
#ရှမ်းပုတ်(မိုမိုလေး)


အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.