စျေး မီဒီယာ
သုံးနှစ်အထက်

ကလေးများနှင့် အရိုးအဆစ်ပြဿနာ

Posted by Zaw Lin Aung December 3, 2020
Qonoudbd79fwso1v54fe

အရိုးအကြောအဆစ်ဆိုရင် လူအိုတွေ၊ လူကြီူတွေတင် ဒုက္ခပေးတာမဟုတ်ပါဘူး။ ကလေးတွေ၊ လူငယ်တွေလည်း မကြာခဏလာပြကြပါတယ်။ ဒီမှာက ကလေးသူငယ်ဆိုင်ရာ အရိုးအကြောအဆစ်သမားတော်ရယ်လို့ သီးသန့်မရှိသေးတော့ Rheumatologist လို့ခေါ်တဲ့ အရိုးအကြောအဆစ် သမားတော်ဆီမှာပဲ ကလေးရော၊ လူကြီးရော၊ လူအိုရောပါ ပြကြပါတယ်။ နိုင်ငံခြားမှာတော့ Elderly Physician ဆိုတဲ့ လူအိုတွေကို အထူးကုတဲ့သူ၊ Paediatric Rheumatologist ဆိုတဲ့ ကလေးဆိုင်ရာ အရိုးအကြောအဆစ်ကို သီးသန့်ကုတဲ့လူတွေလည်း ရှိပါတယ်။“ကျွန်မသားလေးက ကျောင်းကပြန်လာရင် ခြေသလုံးတွေကိုကိုက်လို့၊ နှိပ်နှယ်နေရတယ်” ဆိုတာကတော့ မကြာခဏ ကြားရတဲ့စကားပါပဲ။ ကျောင်းမှာရော ဆော့နိုင်သလားလို့ မေးလိုက်ရင် “အမလေး၊ ဆော့တာကတော့ လက်လက်တောက်ပဲ ဆရာ၊ ခုံတွေပေါ်ကလည်း ခုန်ချကြတယ်၊ ညကျတော့မှသာ နာတယ်၊ နာတယ်နဲ့ အမေ့ကိုဒုက္ခပေးတာ” လို့ဖြေကြပါတယ်။ အဲဒါကတော့ “Growing Pain” လို့ခေါ်တဲ့ “ကြီးထွားစအရိုးအကြောနာ” ရောဂါပါ။ သူကလေးဖက်နာမဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးဆိုတော့ အစားစုံ၊ အဆော့စုံနှင့် ဖုန်ဝင်၊ ပိုးကပ်ပြီး အာသီးက မကြာခဏရောင်၊ ခြေသလုံးမှာ အနာစိမ်းတွေ ခဏခဏ ပေါက်ဖြစ်တာမို့ ” ASO” စစ်ကြည့်ခဲ့လို့ကတော့ ထုံးစံအတိုင်း များနေတတ်တာပါပဲ။ ဒါကတော့ ကြံုကြိုက်လို့များနေတာဖြစ်ပြီး ကလေးခြေထောက်နာရခြင်းနှင့်တော့ မပတ်သက်ပါဘူး။ ထည့်ပြောရတာက အရင်ခေတ်က ရဲတွေလိုပဲ မသင်္ကာစရာတွေ့ပြီဆို တာနှင့် သေချာစစ်ဆေးမနေတော့ဘဲ နီးရာတွေ့တဲ့သူ အချုပ်ထဲဆွဲထည့်၊ တရားခံပေါ်ပြီဆိုပြီး အပြစ်ပေး၊ တကယ့်တရားခံက လွတ်နေတာမျိုးဆိုသလို ထစ်ခနဲဆို နာမည်ဆိုးကျော်ကြားတဲ့ အေက်စ်အို စစ်၊ တွေ့ပြီဆိုတာနှင့် ရောဂါပေါ်ပြီဆိုပြီး ပင်နီဆလင် ထိုး၊ တကယ့်ရောဂါဖြစ်တဲ့ “ကြီးထွားစ အရိုးအကြောနာ” ဆိုတာကို သိလည်းမသိ၊ ကြားလည်းမကြားဖူး၊ သတိလည်းမထားမိဘဲ လွတ်နေမှာစိုးလို့ပါ။

Yrchwm608hiz37p4f3dy

ဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲ
-----------------------------------

မူလတန်းအရွယ်တွေမှာ အများဆုံးဖြစ်ပါတယ်။ တစ်ခါတစ်လေ ၆ တန်း၊ ရ တန်းအထိလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့်တော့ ခုန်ပေါက်၊ ပြေးလွှားကစားတဲ့အရွယ်တွေမှာ အဖြစ်များပါတယ်။ မိန်းကလေးရော၊ ယောကျ်ားလေးပါ ဖြစ်တာတွေ့ရပါတယ်။ ၄ နှစ်က ၆ နှစ်ကြား ကလေးတွေရဲ့ ၃၂%၊ ၃ နှစ် ၁၂ နှစ်ကလေးတွေရဲ့ ၃၇%မှာတွေ့ရပြီး အခြားနာကျင်မှုရောဂါတွေ၊ ဥပမာ-ဗိုက်နာတာ၊ ခေါင်းကိုက်တာတွေရှိတဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။

Yukj7pit4liwjxbuaa6y

ဘာကြောင့်အရေးပါသလဲ
----------------------------

အတိအကျမပြောနိုင်ပါ။ နေ့လယ်နေ့ခင်းတွင် ပြုလုပ်ခဲ့သော လှုပ်ရှားမှုများ၏ဒဏ်ကြောင့် ညအိပ်ရာဝင်ခါစတွင် ကြွက်သား၊ အကြောများ၊ တင်းလာခြင်းနှင့် တချို့ကလေးများတွင် နာကျင်မှုကို အခြားကလေးများထက် ပိုမိုလွယ်ကူစွာ သိရှိခံစားနိုင်ခြင်း (Reduced Pain Threshold) တို့ကြောင့် ဖြစ်ရတာလို့ ခန်းမှန်းယူဆကြပါတယ်။ “တချို့ကတော့ ကြီးထွားစအရွယ်မှာ အရိုးတွေရဲ့ ကြီးထွားနှုန်းဟာ ကြွက်သားအရွတ်တွေရဲ့ ကြီးထွားနှုန်းထက် မြန်တာကြောင့် အရိုးပတ်ဝန်းက တွယ်ဆက်တစ်သျှူးတွေဟာ ဆွဲဆန့်ခံရသလိုဖြစ်ပြီး တင်းကျပ်တဲ့အာရုံကို ရနေတာ ဖြစ်တယ်လို့ဆိုပါတယ်။ အဖေ၊အမေရန်ပွဲတွေများတဲ့ မိသားစုက ကလေးတွေမှာ ပိုတွေ့ရပါတယ်။ အမြွှာတွေမှာ လေ့လာကြည့်တဲ့အခါ ထပ်တူညီအမြွှာတွေရဲ့ ၈၅%မှာ အတူတူတွေ့ရပြီး ရိုးရိုးအမြွှာတွေရဲ့ ၃၆%မှာတွေ့ရတာမို့ ဗီဇလည်းပါ၊ မိသားစု ပတ်ဝန်းကျင်ကြောင့်လည်း ပါမယ်လို့ ကောက်ချက်ချပါတယ်။ သေချာတာကတော့ ခဏနဲ့ ပျောက်သွားမှာဖြစ်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲဖြစ်ရပ်တွေ၊ ကောက်ကွေ့သွားတာ၊ နှလုံးထိတာတွေ မရှိတာပါပဲ။

ဘာတွေဖြစ်တတ်သလဲ
------------------------

ကလေးက ညို့သကျည်းနေရာ၊ ခြေသလုံးကြွက်သား၊ ဒူးနောက်ပိုင်း၊ ပေါင်ရှေ့ပိုင်းတွေမှာ ခြေထောက်နှစ်ဘက်လုံး တစ်ပြိုင်တည်း နာတတ်ပါတယ်။ တစ်ခါတစ်လေ အိပ်ရာဝင်သွားပြီး နာရီဝက်၊ တစ်နာရီအကြာမှာ နိုးလာပြီး နာတယ်လို့ ပြောပြ ပရုတ်ဆီလိမ်းပြီး ပွတ်သပ်၊ နှိပ်နှယ်ပေးလိုက်ရင် ၁၅ မိနစ်၊ နာရီဝက်လောက်မှာ သက်သာသွားပြီးပြန်အိပ်ပျော်သွားကြနှင့် ဖြစ်တတ်ပါတယ်။ မနက်နိုးလာတော့ သတိမရတော့ဘဲ ပုံမှန်အတိုင်း ကျောင်းသွားကြ၊ ဆော့ကျတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒူးခေါင်း၊ ခြေချင်းဝတ်တွေကို စမ်းကြည့်ရင်တော့ ပူနေတာ၊ နီနေတာ၊ ရောင်နေတာကိုတွေ့ရမှာမဟုတ်ပါဘူး။ တကယ်လို့ ကိုယ့်ကလေးက နာတယ်ပြောတဲ့နေရာမှာ ခုနကပြောတဲ့နီတယ်၊ ပူတယ် ရောင်တယ် တွေ့ရင်တော့ လေးဖက်နာဖြစ်နိုင်တာမို့ ဆရာဝန်နှင့်အမြန်ပဖို့ လိုပါတယ်။ လွယ်ကူသေချာတဲ့ ခွဲခြားစစ်ဆေးနည်းကတော့ နာတယ်လိုပပြော တဲ့နေရာကို အသာအယာ ဖျစ်ညှစ်ကြည့်တာပါပဲ။ ကြီးထွားစအရိုးအကြောနာဆိုရင် ဖျစ်ညှစ်ကြည့်ရင် ပိုနာလာပါလိမ့်မယ်။ မနက်ပိုင်းတွေပါ နာနေတယ်၊ ဖြစ်တဲ့နေ့ဖြစ်၊ ပျောက်နေတဲ့ ပျောက်မဟုတ်ဘဲ တစ်ပတ်လောက် နေ့တိုင်း တစ်နေ့လုံးနာနေမယ် ဆိုရင်တော့ ပိုဂရုစိုက်ဖို့ လိုတာပေါ့။ သွေးစစ်၊ ဓာတ်မှန်ရိုက် လုပ်ကြည့်ဖို့ပါ လိုကောင်းလိုပါလိမ့်မယ်။ ကလေးလေးဖက်နာ၊ ပိုးလေးဖက်နာ၊ အဆစ်ထဲပိုးဝင်တာတွေကို စောစောသိနိုင်အောင်ပါ။


Nackt2krjg4uval21vlt

စစ်ကြည့်လို့ရော ရပါသလဲ
---------------------------

ကြီးထွားစ အရိုးအကြောနာ ရောဂါလက္ခဏာတွေက သိပ်သိသာတာမို့ တကယ်တမ်းသာ ဆရာဝန်မေးကြည့်လိုက်လို့ အမေကလည်း ဂဃနဏ ဖြေနိုင်တယ်၊ နှစ်ဖက်လုံး ဆင်တူနာတယ်၊ အဆစ်ပေါ်မှာ အဓိကမဟုတ်ဘဲ အရိုးနဲ့ ကြွက်သားတွေ နာတယ်၊တောက်လျှောက် တစ်ဆက်တည်းမဟုတ်ဘဲ ညနေပိုင်းတွေနာတယ်။ စမ်းကြည့်လိုက်လို့ ရောင်တာလည်း မတွေ့ဘူး၊ နှိပ်ပေးလို့လည်း သက်သာတယ်ဆိုရင် ဘာမှစစ်စရာ မလိုဘူးလို့ သတ်မှတ်ကြပါတယ်။ သွေးပျစ်နှုန်း (ESR)၊ ခုခံအားဓာတ်စံလွဲမှု (ANA,RA)တွေ စစ်ကြည့်ရင်လည်း ပုံမှန်ပဲဖြစ်နေတာ တွေ့ရတာမို့ စစ်ဖို့ မတိုက်တွန်းပါဘူး။အေအက်စ်အို စစ်ကြည့်ရင်လည်း ထုံးစံအတိုင်း များတယ်ဆိုတဲ့အဖြေပဲ လာမှာမို့လို့ ကုရလည်း ခက်၊ မကုရလည်း ခက်ဖြစ်နေမှာစိုးလို့ မစစ်စေလိုပါဘူး။

ဘယ်လိုကုရပါမည်လဲ
-------------------------

ကလေးကို ချော့တာ၊ ပွတ်သပ်ပေးတာ၊ နှိပ်နှယ်ပေးနေတာနှင့်တင် အများစုက သက်သာပြီး ပြန်အိပ်သွားနိုင်ကြ၊ တစ်ပတ်၊ နှစ်ကြိမ်ဆိုပျောက်သွားကြပါတယ်။ နာရီ၀က်ထက် ပိုကြာအောင် နာတတ်တယ်ဆိုရင်တော့ ပါရာစီတမောလို၊ အိုင်ဗျူပရိုဖင်လို အကိုက်အခဲပျောက်ဆေးတွေကို ကလေးနာတယ်လိုပပြောတဲ့အခါမှာ တိုက်နိုင်ပါတယ်။ တစ်ပတ်ထက် ပိုကြာလာပြီဆိုရင်တော့ တင်းနေတဲ့ကြွက်သား တွေကို ပျော့လာအောင်၊ ဆန့်ထွက်လာအောင် လေ့ကျင့်ခန်းတွေ လုပ်ပေးရပါမယ်။ ပေါင်အရှေ့ကြွက်သား၊ပေါင်အနောက်ကြွက်သား၊ ခြေသလုံးကြွက်သားတွေအတွက် သက်ဆိုင်ရာလေ့ကျင့်ခန်းတွေကိုတော့ ဆရာဝန်တွေက ညွှန်ပြပေးမှာ ဖြစ်တာပေါ့။
#Ref...ပါမောက္ခဦးချစ်စိုး
(အရိုး၊ အကြော၊ အဆစ်အထူးကုဆရာဝန်ကြီး)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.