စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

အာဟာရဓါတ်နှင့်နို့ရည်အကြောင်း

Posted by Zaw Lin Aung December 2, 2020
Flti1jhdc7m18ebwvivo

နို့ဆိုရင် လူအများစု သိကြပြီးတဲ့အရာဖြစ်ပါတယ် ။ ကျွန်တော်တို့အားလုံး ငယ်စဉ်ကလေးဘဝကတည်းက အာဟာရဓါတ်ပြည့်ဝအောင် မိခင်နို့ရည်ကို စို့ခဲ့ကြရတယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း အာဟာရအလို့ငှာ နွားနို့ ၊ဆိတ်နို့ စသဖြင့် အမျိုးအမျိုးသောက် သုံးနေကြဆဲ ဖြစ်ပါတယ်။ နို့ရည်ရဲ့အကြောင်းကို အသေး စိတ်လေ့လာကြည့်ရအောင်။နို့ရည်ဟာ Mammals လို့ခေါ်တဲ့ နို့တိုက်သတ္တဝါတွေရဲ့ mammary glands ခေါ်နို့ ရည်ထွက်သောဂလင်းမှ ရရှိတဲ့အဖြူရောင်အရည်တွေ ဖြစ်ပါတယ်။ လူအပါအဝင် ငယ်ရွယ်တဲ့ နို့့တိုက်သတ္တဝါတွေအတွက် အစားအစာတွေကို မချေဖျက်နိုင်သေးခင်မှာနို့ဟာ မူရင်းပင်မ အာဟာရ ဖြစ်ပါတယ်။ ပထမဆုံးထွက်တဲ့ နို့ရည်ကြည်ကို colostrum လို့ခေါ်ပြီး အဲဒီ နို့ဦးရည်ကြည်မှာ မိခင်ရဲ့ antibodies(ရောဂါပိုးမွှားများကိုတိုက်ထုတ်နိုင်သော အရာ) တွေကို ကလေးငယ်တွေဆီ သယ်ဆောင်ပေးပါတယ်။ နို့ဦးရည်ဟာ ကလေးငယ်ကို ရောဂါမျိုးစုံ ကူးစက်ခြင်းမှလည်း ကာကွယ်တားဆီးပေးပါတယ်။ နို့တိုက်သတ္တဝါတွေရဲ့ မျိုးစိတ်အမျိုးအမျိုး ကွာခြားချက်ရယ် တခြားအကြောင်း အချက်များစွာကြောင့် နို့ရည်ထဲမှာပါ၀င်တဲ့ အဆီ ၊ ပရိုတိန်းနဲ့ ကယ်စီယမ် စတာတွေရဲ့ ပါ၀င်မှုပမာဏကလည်း ကွာခြားလေ့ရှိပါတယ်။နွားနို့မှာဆိုရင် PH 6.4 ကနေပြီး 6.8 အတွင်းပါ၀င်ပါတယ်။ ဒါကြောင့် အက်ဆစ်ဓါတ်ဖက်ကိုရောက်တယ်လို့ ဆိုရမှာပါ။နို့ရည်သောက်သုံးခြင်း နှစ်မျိုးရှိပါတယ်။ ငယ်ရွယ်တဲ့ သူတွေအတွက် မိခင်မှတဆင့် အာဟာရပြည့်ဝတဲ့ နို့ရည်သောက်သုံးခြင်းနဲ့ တခြားသတ္တဝါတွေကနေရတဲ့ နို့တွေကို လူအသက်ရွယ်မျိုးစုံအတွက် အထူးထုတ်လုပ်ထားတဲ့ နို့ထုတ်ကုန်တွေပဲဖြစ်ပါတယ်။ နို့တိုက်သတ္တဝါ အများစုမှာတော့ နို့ကို နို့ချိုတိုက်ကျွေးခြင်းမှတဆင့် ကလေးတွေကို အာဟာရပေးပါတယ်။ ပထမတစ်မျိုးက တိုက်ရိုက်တိုက်ကျွေးခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ နို့ကိုညှစ်ထုတ်ပြီးမှ နောက်ပိုင်းမှာ တိုက်ကျွေးခြင်း ပဲဖြစ်ပါတယ်။ အချို့ နိုင်ငံတွေမှာဆိုရင် ရေမြေသဘာဝအရရော ယခုအချိန်ထိ မိခင်တွေဟာ ကလေး အသက် ရ နှစ်အရွယ်ထိ မိခင်နို့ကို တိုက်ကျွေးနေကြဆဲ ဖြစ်ပါတယ်။အနောက်တိုင်းနိုင်ငံတွေမှာ လူတွေဟာ ကလေးအရွယ်ကျော်လွန်ပြီးလည်းပဲ တခြားသတ္တဝါတွေ ( နွား ၊ ဆိတ် ၊ သိုး ) က ရတဲ့နို့တွေကို သောက်သုံးနေကြဆဲဖြစ်ပါတယ်။

Lccl5pjj4um1cryk4yxr

နွားနို့ကို စားသောက်ကုန်အဖြစ် ကရင်မ် ၊ ထောပတ် ၊ ဒိန်ချဉ် ၊ ရေခဲမုန့် စသဖြင့် အမျိုးမျိုးထည့်သွင်း ပြောင်းလဲပြုလုပ် လာကြပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ အရသာလည်း ပိုမိုကောင်းမွန်တဲ့ သယ်ဆောင်ရလည်း လွယ်ကူတဲ့ cheese ကို ထုတ်လုပ်လာကြပါတယ်။ ယခုနောက်ပိုင်း စက်ရုံတွေကတော့ နို့ကိုအသုံးပြုပြီး casein , whey ပရိုတိန်း ၊ လက်ကျူလို့စ် ၊ condensed milk နဲ့ နှို့မှုန့်တွေအထိပါထုတ်လုပ်လာကြပြီး အစားအသောက်တွေကို ဆွဲဆောင်ဖို့အနေနဲ့ပါ သုံးစွဲလာကြပါတယ်။မွေးကင်းစကလေးငယ်တွေမှာ တခါတရံ လတ်ဆတ်တဲ့ ဆိတ်နို့ရည် ကိုလည်းတိုက်ကျွေးလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ အန္တရာယ်များပါတယ်။ ကလေးငယ်တွေမှာ အလက်ထရိုလိုက် မညီမျှခြင်း ( electrolyte imbalances ) , metabolic acidosis , သွေးအားနည်းရောဂါတစ်မျိုး ( megaloblastic anaemia ) နဲ့ အလာ့ဂျစ်တွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ လူတွေမှာ နို့ရည်နဲ့မတည့်တဲ့ lactose intolerance လို့ခေါ်တဲ့ အခြေအနေတစ်ရပ်ကို 5% လောက်မှာ တွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် အာဖရိကနဲ့အာရှမှာ အဖြစ်များပါတယ်။ လက်တို့စ် lactose ဟာ နို့ ၊ forsythia ပန်းနဲ့ အပူပိုင်းဒေသ စေးပျစ်သောအစေးထွက်တဲ့ ဂျံုတစ်မျိုးမှာပဲ တွ့ရတဲ့ သကြားတစ်မျိုးဖြစ်ပါတယ်။ Lactose ကို ချေဖျက်ဖို့အတွက် lactase လို့ခေါ်တဲ့ သကြားတစ်မျိုး လိုအပ်ပါတယ်။ မွေးပြီးတဲ့အခါ small intestine လို့ခေါ်တဲ့ အူသေးထဲမှာ lactase အင်ဇိုင်းဟာ အမြင့်ဆုံးကို ရောက်ရှိလာပါတယ်။ နောက်ပိုင်းမှာတော့ နို့ကို ပုံမှန် မသောက်သုံးတဲ့အခါမှာ lactase အင်ဇိုင်းတွေဟာ တဖြည်းဖြည်းလျော့နည်းလာပါတယ်။ အခြားတစ်ဖက်မှာလည်း မိခင်နို့မတိုက်ကျွေးတဲ့ လူတွေဟာ နွားနို့အပြင် တခြားသိုး ၊ ဆိတ် ၊ တိဗက်နွား ၊ ရေမြင်း ၊ မြင်း ၊ တန်ဒြာဒေသ သမင်နဲ့ကုလားအုတ်စတဲ့သတ္တဝါတွေက နို့ကို တို်က်ကျွေးတာကို တွေ့ရှိရပါတယ်။ ကျွဲနို့နဲ့ ကျွဲရိုင်းတွေရရှိတဲ့ နိ့ကိုကမ္ဘာပေါ်မှာ အများဆုံး တိုက်ကျွေးတဲ့ နိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။နို့ရည်ထုတ်တဲ့ mammary gland ဟာ apocrine အရေပြား ကလမ်း(န်) တွေကနေ ဖြစ်ပေါ်လာပါတယ်။ Mammary glands တွေရဲ့ အဓိကတာဝန်ကတော့ lactation ဆိုတဲ့ နို့ရည်ထုတ်လုပ်ဖို့ဖြစ်ပါတယ်။ နို့ရည်ရဲ့မူရင်းဂုဏ်သတ္တိဟာ အာဟာရဓါတ် လုံလောက်ပြည့်ဝစွာ ပေးဖို့အပြင်ကိုယ်ခံအားစနစ် မြင့်တက်စေပြီး ရောဂါပိုးမွှားတွေကို ကာကွယ်တိုက်ထုတ်နိုင်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်သောက်သုံးလေ့ရှိတဲ့ နွားနို့ ၁၀၀ဂရမ်မှာတော့ အောက်ပါအတိုင်းအချိုးအဆများ ပါ၀င်ပါတယ်။

Rp8yglxeq7asmbul1ye4

အာဟာရတန်ဖိုး = ၃.၅ အောင်စ

အင်နာဂျီ = 60 Kcal 250 kJ

ကာဘိုဟိုက်ဒရိတ် = ၅.၂ ဂရမ်

သကြား = ၅.၂ ဂရမ်

လက်ကျူလို့စ် = ၅.၂ ဂရမ်

အဆီ = ၃.၂၅ ဂရမ်

- saturated = 1.9 g

- monounsaturated = 0.8 g

- polyunsaturated = 0.2 g

ပရိုတိန်း = 3.2 g

ရေ = 88 g

Vitamin A = 28 μg 3%

Thiamine (Vit. B1) = 0.04 mg 3%

Riboflavin (Vit. B2) = 0.18 mg 12%

Vitamin B12 = 0.44 μg 18%

Vitamin D = 40 IU 20%

Calcium = 113 mg 11%

Magnesium =10 mg 3%

Potassium = 143 mg 3% စသည်တို့ ဖြစ်ပါတယ်။
ဒါဟာ နွားနို့ ၁၀၀ ဂရမ်မှာပါ၀င်တဲ ့ အာဟာတန်ဖိုးတွေ ဖြစ်ပါတယ်။ နွားနို့တစ်ခွက်မှာ ၁၂၅ ကီလိုရီပါ၀င်ပါတယ်။ ဒါကြောင့် သင်ဟာ တစ်နေ့ကို နွားနို့ နှစ်ခွက်သောက်ရင် ၂၅၀ ကီလိုရီရရှိပြီး တစ်ပတ်မှာ ၁၇၅၀ ကီလိုရီရရှိမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အဆီတစ်ပေါင်မှာ ၃၅၀၀ ကီလိုရီပါ၀င်ပါတယ်။ ဒါကြောင့် နွားနို့ ၂ ခွက်နေ့စဉ်သောက်ရင် တစ်ပတ်မှာ ပေါင်ဝက်စီ တိုးတယ်လို့ ဆိုပါ တယ်။ ကဲ ဆက်လက်ပြီးတော့ နွားနို့နဲ့လူနို့ရဲ့ကွာခြားချက် အကြောင်းလေးလည်း လေ့လာကြည့်ရအောင်။ တကယ်တော့ မိခင်နို့ရည်နဲ့ နွားနို့ ရည်မှာ ကွာခြားချက်များစွာ ရှိပါတယ်။ နွားနို့ကို ကလေးငယ် ၁၁ လမှသည် ၁ နှစ်အထိ ကလေးငယ်တွေကို တိုက်ကျွေးခွင့်မရှိပါဘူး။ ဒီထက် အသက်ကြီးလာရင်လည်း ဆရာဝန်ညွှန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ နွားနို့ဟာ ကလေးငယ်တွေရဲ့ အစာအိမ် အစာချေဖျက်မှုစနစ်ကို ပိုမိုခက်ခဲစေပြီး အာဟာရတန်ဖိုး မှာလည်း မိခင်နို့နဲ့မတူညီပါဘူး။

Hrtaznuxevlspivk1yj6

၁။ Antibodies
------------------

မိခင်နို့ရည်မှထွက်ရှိတဲ့ သဘာဝပိုးမွှားကာကွယ်ပေးသောအရာantibodies တွေဟာ ကလေးငယ်တွေကို ကိုယ်ခံအားတက်စေပြီး ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့အပြင်ဗိုင်းရပ်နဲ့ တခြားဘက်တီးရီးယားတွေကိုလည်း ကာကွယ်တိုက်ထုတ် ပေးပါတယ်။ သင့်ကလေးဟာ ဗိုင်းရပ်စ် (သို့မဟုတ် )ဘတ်တီးရီးယားကြောင့် ဖျားနာနေပြီဆိုရင်မိခင်နို့ရည်မှာ ဒီရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့ antibodies တွေပေါ်ထွက်လာပြီး ဗိုင်းရပ်တွေ ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်။Formulaကတော့ရိုးရှင်းပါတယ်။ တိုက်နိုင်သလောက်တိုက်ပါ အချိန်တိုင်းတိုက်နိုင်ပါတယ်။ နွားနို့မှာတော့ဒီလိုမျိုး သဘာဝ Antibodies တွေ မပါရှိပါဘူး။ ထုတ်လည်း မထုတ်လုပ်နိုင်ပါဘူး။

၂။ Water
-------------

မိခင်နို့ရည်မှာ လုံလောက်တဲ့ ရေပါ၀င်ပြီး ကလေးငယ်ကို ရေဆာခြင်းမှ ကင်းဝေးစေပါတယ်။ ကလေးငယ် လိုအပ်သလောက်လဲ မိခင်နို့ရည်က ချိန်ညှိပေးပါတယ်။ နွားနို့မှာပါ၀င်တဲ့ ရေပမာဏဟာ ကလေးငယ်လိုအပ်သလောက် ချိန်ညှိမပေးနိုင်ပါဘူး ။

၃။ Fat
---------

မိခင်နို့ရည်မှာ နွားနို့ထက် အဆီများစွာပါ၀င်ပါတယ်။ ဒါကြောင့် ကလေးငယ်ကလည်း ပိုမိုစုပ်ယူနိုင်ပါတယ်။ ဒါဟာ ဘာလို့နို့စို့ကလေး ငယ်တွေဟာနို့ဘူးတိုက်တဲ့ကလေးငယ်တွေနဲ့ မစင် stool ကွာရသလဲဆိုတဲ့ အဖြေတစ်ခုလည်းဖြစ်ပါတယ်။ နွားနို့ထဲမှာပါ၀င်တဲ့ အဆီကိုတော့ ကလေးငယ်က လွယ်ကူစွာ စုပ်ယူနိုင်ခြင်း မရှိပါဘူး။

၄။ Protein
--------------

မိခင်နို့ရည်မှ ပရိုတိန်းဓါတ်ဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို ကြီးထွားစေပြီးနွားနို့မှ ပရိုတိန်းကတော့ မိခင်နို့မှာပါတဲ့ ပရိုတိန်းထက် ၂ ဆလောက်ပိုများပါတယ်။ ဒါပေမယ့် ကျေဖျက်မှုနည်းပါတယ်။

Jn9rm6wbe99msqzzaiaa

၅ ။ Carbohydrates
----------------------

မိခင်နို့ရည်မှာ နွားနို့ထက် ကာဘိုဟိုက်ဒရိတ် များစွာပါ၀င်ပါတယ်။စွမ်းအင် (အင်နာဂျီ) ထုတ်ဖို့အတွက် အကောင်းဆုံး ပင်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။


၆ ။ Vitamins and minerals
---------------------------------

အကယ်၍ မိခင်ကသာ သင့်တဲ့မျှတ ၊ ပြည့်စုံလုံလောက်တဲ့ အာဟာရပြည့်ဝတဲ့အစားစာကို စားသောက်နေမယ်ဆိုရင် ကလေးငယ်အတွက် လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ကလေးငယ် ၆ လအရွယ်ထိ မိခင်နို့ရည် ကနေတဆင့် ရရှိနိုင်မှာဖြစ်ပါတယ်။ နွားနို့မှာတော့ မိခင်နို့ထက် ပါ၀င်မှုနည်းပြီး ကလေးငယ်တွေ အတွက် မှန်ကန်သင့်တော်တဲ့ ပမာဏမဟုတ်ပါဘူး။

၇ ။ Taste
-------------

အရသာကို ကြည့်မယ်ဆိုရင်လည်း မိခင်စားသောက်တဲ့ အစားအသောက်ပေါ် မူတည်ပြီး နို့ရည်ရဲ့ အရသာဟာ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ Formula လို့ခေါ်တဲ့ မိခင်အစားထိုးနို့မှုန့်တွေမှာ မိခင်နို့မှာ မပါ၀င်တဲ့ DHA လိုမျိုး ဒြပ်ပေါင်းတွေကို ထပ်မံဖြည့်စွက်ထားပါတယ်။ ဒါပေမယ့်လည်း Formula ဟာ မိခင်နို့ မရရှိမှပဲ အစားထိုးဖို့အတွက် သုံးစွဲသင့်ပါတယ်s။
#Source : http://en.wikipedia.org/wiki/Milk
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.