စျေး မီဒီယာ
သုံးနှစ်အထက်

ကလေးငယ်တွေ အစားအသောက်နှင့်ပတ်သက်ပြီး ဘာကြောင့် ဂျီးများကြတာလဲ

Posted by Zaw Lin Aung November 28, 2020
U9uknhpcgrx5w2rtonaq

ကလေးငယ်တွေ ဘာလို့အရွက်မစားချင်ကြတာလဲ
-------------------------------------------------------

ကလေးတွေရဲ့လျှာပေါ်က အရသာခံစားရတာ လူကြီးတွေနဲ့သိပ်မတူပါဘူး။ သူတို့တွေအနေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ခါးပြီးသိပ်မနူးညံ့လှပါဘူး။ ဒါကြောင့် ကလေးတွေ အစားအသောက် အသစ်အဆန်းတွေ အထူးသဖြင့် ဟင်းသီးဟင်းရွက်တွေကို ချေးများ (ဂျီးများ) တတ်ကြပါတယ်။

အစားဂျီးများခြင်းသည် ရောဂါမဟုတ်ပါ
-------------------------------------------

ကလေးသည်ကျန်းမာပြီး ကောင်းကောင်းဆော့ကစားနေပါက အာဟာရလုံလောက်ပြီဟုယူဆနိုင်ပါသည်။

သူဘာသာတစ်ယောက်တည်း ဆော့ရင်း စားချင်ကြပါတယ်
-------------------------------------------------------------

တော်တော်များများ ကလေးတွေက မိဘခွံ့ကျွေးတာ ကြိုက်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မှာ သူတို့ ဘာသာ တစ်ယောက်တည်း ဆော့ရင်းကစားရင်း စားချင်ကြတဲ့အခါ မိဘကကျွေးရင် ခေါင်းခါ တတ်ကြပါတယ်။ ဒီလိုဆိုရင် စိတ်ချရအောင် အစာတွေ၊ မုန့်တွေကို သူ့တို့ကိုယ်တိုင် ကိုင်စားနိုင်လောက်တဲ့အရွယ်အစား လုပ်ပြီး ပေးစားလိုက်ပါ။ ဥပမာ - မုန်လာဥနီ ကို လက်ညိုးအရွယ်လောက်လှီးပေးပြီး ကိုင်စားစေတာက ကလေးတွေအတွက် ပိုပျော်ဖို့ကောင်းပါတယ်။

U9daozkn8aa3au4dzrox

ကလေးတွေရဲ ့စိတ်နေစိတ်ထား
----------------------------------

တချို့ကလေးတွေက သူ့တို့ရဲ ့စိတ်နေစိတ်ထား ပေါ်မူတည်ပြီး အစားအသောက် အသစ်အဆန်းတွေကို မမြည်းစမ်းချင်ကြပါဘူး။ ဒါတွေကြုံနေရပြီဆိုရင် အောက်ပါနည်းလမ်းလေးတွေ လုပ်ကြည့်နိုင်ပါတယ်။

Pdhxqg7df16bzx0jbkpj

၁။ ကိုယ့်ကလေးဘာတွေကြိုက်သလဲဆိုတာ မိဘတွေလေ့လာစောင့်ကြည့်ထားသင့်ပါတယ်။

၂။ အစားအသောက်အသစ်တွေ စကျွေးမယ်ဆို ကိုယ့်ကလေးကြိုက်တဲ့အစားနဲ့ ရောနှောပြီး ကလေးစိတ်ပါ လာအောင် ဆွဲဆောင်သင့်ပါတယ်။ ကလေးတွေ စမ်းကိုင်ကြည့်မယ် နမ်းကြည့်မယ် လျှာနဲ့လျက်ကြည့် မြည်းကြည့်ပါလိမ့်မယ်။

၃။ တတ်နိုင်သမျှကလေးကိုကိုယ်တိုင် ကိုင်တွယ်၍စားသောက်ခိုင်းပါ။

၄။ စိတ်ရှည်ပါ။ ကြိမ်ဖန်များစွာ ချော့ကျွေးပါ။ ကလေးတွေအစား အသစ်တစ်ခုစားဖို့ ၁၀ ကြိမ် ကနေ ၁၅ ကြိမ်လောက်အထိ ချော့ကျွေးရနိုင်ပါတယ်။

၅။ ကလေးရှေ ့မှာ မိဘကိုယ်တိုင်ကလည်း အစားအသောက်မရွေးဖို့လည်းသတိပြုရပါမယ်။

၆။ ကလေးအားကျွေးမည့်အစားအစာကိုဆွဲဆောင်မူရှိအောင် အရောင်မျိုးစုံ၊ပုံသဏ္ဍာန်မျိုးစုံပြုလုပ်၍ ကျွေးပါ။

၇။ နည်းနည်းအရွယ်ရောက်တဲ့ကလေးတွေဆို အစားအသောက် ပြင်ဆင်တဲ့နေရာမှာ သူ တို့ကို ဝိုင်းဝန်းကူလုပ်ခိုင်းစေတာက အစားအသောက် ပိုစားလာဖို့အထောက်အကူဖြစ်စေပါတယ်။ အန္တရာယ်ဖြစ်စေနိုင်သော အရာများကိုတော့ မလုပ်ခိုင်းပါနှင့်။

Mdip1roormv8a8enexnk

ဒီနည်းလမ်းတွေကိုတော့ ရှောင်ပေးပါ
---------------------------------------

၁။ အတင်းအဓ္ဓမ စားခိုင်းခြင်း မပြုလုပ်သင့်ပါ။ ဒီလိုလုပ်လိုက်တာဟာ မစားချင်တာကို ပိုပြီးဖြစ်စေ ပါတယ်။ ချေးများတာ ပိုဆိုးလာမှာပါ။ ဒါဟာ ကျန်းမာတဲ့အစားအသောက်အလေ့အကျင့် မဖြစ်စေတဲ့အပြင် ကိုယ့်အားကိုကိုးတဲ့စိတ် ကိုလည်းပျက်ပြားစေပါတယ်။

၂။ သင့်ကလေးသည် အစားအသောက်များကိုမစားဘဲ ကိုင်ဆော့ခြင်းများပြုလုပ်ပါက မဆူပါနှင့်။

၃။ အစာအရမ်းရွေးလို ့စားချင်တာစားပါစေဟုဆိုကာ သကြားလုံးများ အချိုများသောအစားအစာများ၊ အဆီများသောအစားအစာများ အကန့်အသတ်မရှိပေးစားပါက အာဟာရရှိသောအစားအစာများ ကိုကျွေးရာ၌ ပို၍ခက်ခဲသွားစေတတ်ပါသည်။

၄။ ကလေးကိုအစာကျွေးမရ၍ ကလေးအရှေ့မှာ ဒေါသဖြစ်ခြင်း၊ အစာမစားတဲ့အကြောင်းကို ကလေးအရှေ့မှာ အခြားလူများအားပြောခြင်းတွေက ကလေးအတွက် ငြင်းဆန်စေရန် တွန်းအား ဖြစ်စေတတ်ပါတယ်။
#Ref...Dr. THZ
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.