စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

တစ်နှစ်အောက်ရင်သွေးငယ်လေးတွေ လုံးဝမစားသင့်တဲ့ အစားအစာများ

Posted by May Thaw Htoo June 23, 2022
Q5vn9xpoq8qvb1fdzuuf

မိခင်များအနေနဲ့ မိမိရင်သွေးလေးရဲ့ ကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန် အချက်အလက် ဗဟုသုတလေးများကို သိရှိထားဖို့ လိုပါတယ်။ တစ်နှစ်အောက်ရင်သွေးလေးတွေဟာ အရမ်းကိုနုနယ်လွန်းတာကြောင့် ပိုလို့တောင် ဂရုစိုက် စောင့်ကြည့်ရပါမယ်။ တစ်နှစ်အောက် ရင်သွေးလေးတွေမှာ လုံးဝမစားသင့်တဲ့ အစားအစာလေးတွေ ရှိနေပါတယ်။

ပျားရည်ဟာ အာဟာရပြည့်ဝပြီး ချိုသောအရသာရှိပေမယ့် ဘက်တီးရီးယားတစ်မျိုး ပါဝင်မှုကြောင့် ကြွက်သားအားနည်းခြင်းနှင့် အသက်ရှူခက်ခဲခြင်းတို့ ခံစားရစေနိုင်ပါတယ်။ တစ်နှစ်အောက်ရင်သွေးလေးများကို ကျွေးတဲ့ အစားအစာထဲမှာ ဆားပါဝင်ဖို့ မလိုပါဘူး။ ဆားဟာ ကျောက်ကပ်ကိုသေးငယ်စေပြီး သွေးတိုးရောဂါ ၊ အရိုးပွရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။

သကြားဟာ ကလေးငယ်များကို အန္တရာယ်ဖြစ်စေနိုင်ပြီး သွားပျက်စီးခြင်း ၊ ကိုယ်ခံစွမ်းအားကျဆင်းခြင်း ၊ အဝလွန်ခြင်း ၊ ဆီးချိုနှင့်နှလုံးရောဂါ ဖြစ်ပွားခြင်းတို့ကို အားပေးပါတယ်။ တစ်နှစ်အောက်ကလေးများဟာ မိခင်နို့တစ်မျိုးတည်းသာ လိုအပ်ပြီး ကယ်ဆီယမ်ဓာတ်အတွက် နွားနို့သောက်သုံးဖို့ မလိုအပ်ပါဘူး။

အသင့်စား ဘီစကွတ်များဟာ တစ်နှစ်အထက် ရင်သွေးများအတွက်တော့ ကောင်းမွန်ပေမယ့် တစ်နှစ်အောက်ရင်သွေးများအတွက်တော့ ကျွေးဖို့မသင့်တာ တွေ့ရပါတယ်။ ၆လမတိုင်မီအထိ ရင်သွေးလေးဟာ မိခင်နို့နှင့် ရေကျက်အေးတို့သာ ဖြစ်ပြီး ကော်ဖီ ၊ လက်ဖက်ရည်တို့ မတိုက်သင့်ပါဘူး။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.