ရင်သွေးငယ်လေးကို ကတုံးတုံး ဆံပင်ညှပ်ပေးရင် ဆံပင်သန်စေလား။ အဖြေကတော့ မသန်စေပါဘူး။ ဆံပင်များ သန်စွမ်းနက်မှောင်နေခြင်းက ဦးရည်ပြားအောက်က ဆံသားဂလင်းလေးတွေကြောင့် ဖြစ်ပါတယ်။ ဦးရည်ပြားအပြင်ဘက်မှ လုပ်ဆောင်ချက်များဟာ ဆံသားကောင်းမွန်ခြင်းအတွက် အကျိူးမရှိစေပါဘူး။
ဆံသားများကို ရိတ်ပစ်လိုက်ပြီး ပြန်လည်ထွက်လာသော အခါ ညီညီညာညာထွက်လာခြင်းကြောင့်သာ ဆံသားများထူထည်းလာတယ်လို့ထင်ကြခြင်းဖြစ်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ဆံကေသာ ရှည်လျားမှုပုံစံက တူညီမှုရှိမနေပါဘူး။
ရင်သွေးငယ်လေးများ ၄ လသားကိုရောက်လာတဲ့အခါမွေးကာစကပါလာတဲ့ ဆံကေသာ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အကုန်လုံးကို ဆုံးရှုံးရလေ့ရှိပါတယ်။ နောက်တစ်ခါပြန်ပေါက်လာချိန်မှာတော့ ပုံစံတစ်မျိုးနဲ့ တချို့ဆို အရောင်ပါပြောင်းလဲပြီး ထွက်ပေါ်လာတတ်ပါတယ်။
ဆံသားကို မကြာခဏညှပ်ပစ်ခြင်း၊ ဆံပင်ကို တိုက်ပေးခြင်းတွေက ဆံသားသန်စွမ်းခြင်းအတွက် အကျိုးသက်ရောက်မှု မရှိပါဘူး။ ဆံသားသန်စွမ်းကောင်းမွန်မှုဟာ မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။