Kyarlay.com

over 1 year

အာဟာရပြည့်ဝပြီး အားအင်တိုးစေမယ့် ဆန်ကြက်ဥဟင်းလျာ


Femr8tbobyiw2ntuig7q

မေမေတို့ရေ ဆန်ကြက်ဥဟင်းလျာလေးချက်ပြုတ်ဖို့အတွက် ပြင်ဆင်ဖို့လိုတာလေးတွေကို မျှဝေပေးမယ်နော်။ သားသားမီးမီးတို့ အကြိုက်တွေ့စေမယ့် ဟင်းလျာလေးပါနော်။

ပါဝင်ပစ္စည်းများ ...
- ဆန် (သို့) အားဖြည့်ဆန် ... စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲနီလေး ... စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲဝါလေး ... စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်ဥ ... တစ်လုံး
- ကြက်သွန်နီ ... တစ်လုံး
- ဆား ... အနည်းငယ်
- နနွင်းမှုန့် ... အနည်းငယ်
- ရေ ... ပန်းကန်လုံး ၂ လုံး
- စားသောက်ကုန်ထုတ် အုန်းဆီခဲ ... စားပွဲတင်ဇွန်း ၁ ဇွန်း

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ အိုးသန့်သန့်ထဲကို အုန်းဆီခဲထည့်ပြီး အပူပေးပါ။
- ကြက်သွန်ထည့်ပြီးဆီသတ်ပါ။
- ဆန်၊ ပဲနီလေး၊ ပဲဝါလေး ထည့်ပြီးမွှေပါ။
- ဆား၊ နနွင်းမှုန့်ထည့်ပြီး မွှေပေးပါ။
- အနည်းငယ်မွှေပြီးပါက ရေထည့်ပြီး ဆူအောင်တည်ထားပါ။ ရေဆူပါက အဖုံးအုပ်ပြီး ၂၅ မိနစ်ခန့် အဖုံးအုပ်ထားပါ။
- အိုးတည်ထားချိန်တွင် ကြက်ဥကို ပန်းကန်လုံးသန့်သန့်ထဲထည့်ပြီး ခေါက်ထားပါ။
- အိုးထဲတွင် အရည်ပျစ်သွားပါက ကြက်ဥကို အနည်းငယ်စီထည့်ပြီး မွှေပေးပါ။ ကြက်ဥအားလုံးထည့်မွှေပြီး တစ်အောင့်ကြာပါက မီးဖိုပေါ်မှချနိုင်ပါပြီ။
- ဇွန်းသန့်သန့်ဖြင့် ကြေညက်အောင်ကျိတ်ချေပြီးပါက ပန်းကန်လုံးသန့်သန့်ထဲသို့ထည့်အအေးခံပြီး သားသားမီးမီးတို့ကို ကျွေးမွေးနိုင်ပြီဖြစ်ပါတယ်။

မိခင်နဲ့ ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)