ကိုယ်ဝန်ဆောင်အများစုဟာ အိပ်စက်ခြင်းပြဿနာများနှင့် ကြုံတွေ့ရလေ့ရှိပါတယ်။ အိပ်ရေးဝဖို့ အရေးကြီးတဲ့ မိခင်လောင်းတွေအတွက် အိပ်စက်ရာတွင် အများဆုံး ကြုံတွေ့ရလေ့ရှိသော ပြဿနာများနှင့် ဖြေရှင်းနည်းများကို ဖော်ပြပေးသွားပါမယ်။
မိခင်လောင်းတွေအတွက် အကောင်းဆုံးအိပ်စက်နည်းဟာ ဘေးတစ်ဖက်သို့စောင်းပြီး အိပ်စက်ခြင်းပါ။ တစ်ချို့သော မေမေတွေဟာ အဲ့လိုအိပ်ရတာ သဘောမကျပါဘူး။ ဒီအခါမှာ ခြေထောက်နှင့်ကျောဖက်တွင် ခေါင်းအုံးခုပြီး အိပ်ကြည့်ပါ။ ဒါမှမဟုတ်ကိုယ်ဝန်ဆောင်များအတွက် ထုတ်လုပ်ထားတဲ့ တစ်ကိုယ်စာအအပြည့် ဖက်ခေါင်းအုံးအမျိုးအစားက အိပ်စက်ရာမှာ အဆင်ပြေအောင် ကူညီပေးပါလိမ့်မယ်။
နေ့ဖက်မှာ အလုပ်ပင်ပန်းတဲ့အခါ ညအခါ ပိုအိပ်ချင်နေမှာပါ။ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ဖို့ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ အလုပ်မှာ သို့မဟုတ် လူမှုရေးပိုင်းမှာ စိတ်ဖိစီးမှုများနေတဲ့အခါ အိပ်ရေးပျက်တတ်ပါတယ်။ အားလပ်ချိန် ညနေခင်းမျိုးမှာ သူငယ်ချင်း ၊ မိသားစု ၊ လုပ်ဖော်ကိုင်ဖက်များနှင့် စကားစမြည်ပြောရင်း စိတ်ဖိစီးမှုများ ဖြေလျော့ပါ။
ကြွက်တတ်နေရင်လည်း အိပ်လို့မရပါဘူး။ ခြေထောက်ကျဉ်တာ တကယ်ခံစားရခက်ပါတယ်။ ဆရာဝန်နှင့်တိုင်ပင်ပါ။ မဂ္ဂနီဆီယမ်နှင့် ကယ်လ်စီယမ် ကြွယ်ဝသော အစားအစာများ စားသုံးပါ။ ကြွက်သားများ အားကောင်းစေရန် ဖြစ်ပါတယ်။ ရင်ပူတတ်တဲ့ မိခင်လောင်းတွေအနေနဲ့ နောက်ဆုံးစားတဲ့အစာကို အိပ်ချင်နှင့် ၂နာရီခွာပြီး စားပေးပါ။ စပ်သော ၊ ငံသော ၊ ချွဲကျိကျိဖြစ်သော အစားအစာများ ရှောင်ပါ။
အိပ်ပျော်နေချိန်မှာ အလွန်အမင်းဟောက်ပါက ခေါင်းအုံးမြင့်မြင့်ဖြင့် အိပ်ကြည့်ပါ။ ဟောက်ခြင်းဟာ ကိုယ်ဝန်ဆီးချိုရောဂါလက္ခဏာဖြစ်နိုင်သလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုလည်း ဖြစ်တာကြောင့် အလွန်အမင်းဟောက်ပါက ဆရာဝန်နှင့် သွားရောက်ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
HYA (kyarlay)