အချို့သော လူကြီးသုံး လိုးရှင်းများဟာ ရင်သွေးငယ်လေးရဲ့ ပျော့ပြောင်းနူးညံ့တဲ့အသားအရေပေါ်မှာ အသုံးပြုဖို့ သင့်တော်ပေမယ့်လည်း ကလေးဆရာဝန်နှင့် အရင်ဆုံး စစ်ဆေးပြီးမှ အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သင့်သဘောတစ်ခုတည်းဖြင့် လူကြီးသုံးလိုးရှင်းများကို ရင်သွေးငယ်လေးကို လိမ်းပေးလို့မရပါဘူး။
လူကြီးသုံး အသားအရေထိန်းပစ္စည်းအများစုမှာ အမွှေးအကြိုင်အတွက် ဓာတုဆိုးဆေးများ ၊ အယ်လ်ကိုဟော တို့ ပါဝင်နေတာကြောင့် နူးညံ့တဲ့ ကလေးအရေပြားအတွက် ဘယ်လိုမှ ကောင်းမွန်စေမှာ မဟုတ်ပါဘူး။ အမေရိကန်ရှိ ကလေးအထူးကု ဆရာဝန်တစ်ဦးက ရင်သွေးငယ်လေးများဟာ သူတို့ရဲ့ မျက်လုံးကို မကြာခဏ ပွတ်လေ့ရှိတာကြောင့် ဓာတုပစ္စည်းများပါဝင်တဲ့ လိုးရှင်းများကြောင့် အန္တရာယ်များစွာ ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။
အယ်လ်ဖာဟိုက်ဒရောဆီအက်ဆစ်ပါဝင်တဲ့ လိုးရှင်းများကတော့ သင့်ရင်သွေးငယ်လေးရဲ့ အရေပြားကို လောင်ကျွမ်းသည်အထိ ဒုက္ခပေးနိုင်တာကြောင့် အထူးပင်သတိထားဖို့ လိုအပ်ပါတယ်။ ရင်သွေးငယ်လေးအတွက် လိုးရှင်းရွေးချယ်ရာမှာ ပြင်းထန်သော ရနံ့မဖြစ်စေရန်လည်း သတိပြုရပါမယ်။ ပြင်းထန်တဲ့ ရနံ့များဟာ ရင်သွေးငယ်များကို မလိုလားအပ်တဲ့ ဓာတ်မတည့်မှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်ရင်သွေးမှာ နှင်းခူကဲ့သို့သော အရေပြားအနာရှိတဲ့အခါ မည့်သည့်လိုးရှင်း ၊ ခရင်မ်မှ အသုံးမပြုပါနှင့်။ နှင်းခူရှိတဲ့ ကလေးတွေဟာ လိုးရှင်းမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် အနာပိုမို ဆိုးရွားသွားနိုင်လို့ပါပဲ။ ကလေးအရေပြားအထူးကု ဆရာဝန်ကသာ သင့်ရင်သွေးအတွက် အကောင်းဆုံး အကြံဉာဏ်များ ပေးနိုင်မှာ ဖြစ်ပါတယ်။
HYA (kyarlay)