မိခင်နို့တိုက်ကျွေးသည်ဖြစ်စေ ၊ နို့ဗူးတိုက်ကျွေးသည်ဖြစ်စေ ရင်သွေးငယ်လေးတွေဟာ အာဟာရအတွက် စားသုံးနေစဉ်နေစဉ်မှာပဲ အိပ်ပျော်တတ်ကြပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ ရင်သွေးငယ်လေးမှာရှိတဲ့ လေများထွက်သွားစေရန်(လေတက်စေရန်) ပြုလုပ်ပေးနိုင်ပါတယ်။
အိပ်ပျော်နေတဲ့ကလေးကို ပြုလုပ်ပေးရတာနဲ့ သာမန်အချိန်မှာ ပြုလုပ်ပေးရတာ ကွာခြားမှုတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် အိပ်နေတဲ့အချိန်မှာ လုပ်ပေးတာက မိခင်များအတွက် ပိုမိုလွယ်ကူနိုင်ပါတယ်။
အလွယ်ကူဆုံးနည်းလမ်းက ကလေးငယ်ကို ဒူးပေါ်မှာကန့်လန့်(မှောက်လျက်တင်ကာ) လေထုတ်ပေးခြင်းပါ။ ရင်သွေးငယ်လေးအိပ်ပျော်နေတဲ့အချိန် လေထုတ်တဲ့အခါ ဖြောင့်ဖြောင့်ထားဖို့ အရေးကြီးပါတယ်။
သင့်ပခုံးပေါ်မှာပဲ တင်ကာ ကျောဘက်သို့ အသာအယာ ဖွဖွပုတ်ပေးနိုင်ပါတယ်။ သင့်ရဲ့ လက်ပေါ်မှာပဲ မှောက်လျက်တင်ကာ ကျောသပ်ပေးခြင်းလည်း ပြုလုပ်လို့ရပါတယ်။
HYA (kyarlay)