စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

အာဟာရ ပြည့်ဝစွာ ရရှိသင့်သည့် ပထမဆုံး ရက်ပေါင်း ၁၀၀၀

Posted by Zaw Lin Aung November 21, 2020
Sfuvtnv6fy9g5u913zzo

အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်နဲ ့ အာရောဂျံမဂ္ဂဇင်းမှ အမေးအဖြေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နို့တိုက်နေတဲ့အချိန် ရှောင်ရှားသင့်တဲ့ အစားအစာများရှိရင် သိချင်ပါတယ် ဆရာမ
---------------------------------------------------------------------------------------

ရှောင်သင့်တဲ့အစားအစာတွေကတော့ မိခင်တွေအနေနဲ့ ကလေးမွေးပြီး တစ်ပတ်အတွင်းမှာ ကဖင်းဓာတ်များတဲ့ အစာတွေ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်၊ ရေနွေးကြမ်း၊ ငါးပိကြော်၊ ငါးခြောက်ကြော်၊ ငါးခြောက်ဖုတ်၊ ငါးမန်းတောင် ဟင်းချိုစတဲ့ အစာတွေဖြစ်ပါတယ်။ အရင်တုန်းကဆို လူနာတွေက ငါးခြောက်ဖုတ်နှင့် ဟင်းခါးကို လူနာစာဆိုပြီး စားတတ်ပါတယ်။ အခုခေတ်မှာတော့ ဆရာမတို့က လုံးဝမကျွေးတော့ပါဘူး။ ငါးခြောက်ဖုတ်မှာ ယမ်းစိမ်းတွေပါတာကြောင့် ကလေးမွေးပြီး အနည်းဆုံး တစ်ပတ်တိတိ ရှောင်ရပါတယ်။

၂။ နောက်ထပ်ရှောင်ရမယ့် အစာတွေရှိပါသေးလား ဆရာမ
------------------------------------------------------------

တစ်လတိတိ ရှောင်ရမယ့် အစာတွေကို ဆက်ပြောရမယ်ဆိုရင် Lipo၊ ကျွဲရိုင်းတို့အပြင် ကဖင်းဓာတ်ပါတဲ့ ကိုလာတွေ ပက်စီကိုလာ၊ ကိုကာကိုလာစတဲ့ အအေးတွေကို တစ်လတိတိ ရှောင်ရပါမယ်။ နောက်ပြီး အရက်၊ ဘီယာ၊ ၀ိုင်ပေါ့။ တချို့က ကျွဲရိုင်းအအေးကို အရမ်းကြိုက်လို့ မသောက်ရ မနေနိုင်တာမျိုး ရှိပါတယ်။ တချို့အားဖြည့်အချိုရည်တွေမှာ အန်ဖတမင်းဓာတ်တွေ ပါဝင်တတ်တာကြောင့် ကလေးရဲ့ ဦးနှောက်ထဲရောက်သွားနိုင်တာကြောင့် ကလေးကျန်းမာရေးနှင့် ညီညွတ်အောင် တစ်လလောက်တော့ ရှောင်ဖြစ်အောင် ရှောင်ပေးပါ။

Rfuimjqbmpeu1f7bty89

၃။ ဒါဆိုတစ်လရှောင်ပြီး နောက်လမှာ ၀ိုင်သောက်မိသွားတယ်ဆိုရင် ကလေးကိုလည်း နို့တိုက်နေတော့ ကလေးဆီရောက်နိုင်လား
-----------------------------------------------------------------------------------------------------------------------------------

အဲဒီအချိန်ကျရင် ကလေးက Barrier ရသွားပါပြီ။ ကလေးဆီ တိုက်ရိုက် မရောက်တော့ပါဘူး။ ဖြစ်နိုင်ရင်တော့ မသောက်တာ အကောင်းဆုံးပဲပေါ့။

၄။ နို့တိုက်မိခင်တွေ ဗီတာမင်ဒီဓာတ် မချို့တဲ့အောင် ဘာတွေဆောင်ရွက်သင့်ပါသလဲ
---------------------------------------------------------------------------------------

ဆရာမ အကြံပေးချင်တာက ကလေးနို့တိုက်မယ်ဆိုရင် မနက်အိပ်ရာထတဲ့အခါ ကလေးကိုချီပြီး အိမ်ရှေ့က နေရောင်ခြည်ရမယ့် နေရာ၊ ပြတင်းပေါက် ဖွင့်ပြီးတော့ပဲဖြစ်ဖြစ်၊ နေရောင်ခြည်ဝင်လာမယ့်နေရာမှာ ထိုင်ပြီး မနက်ခြောက်နာရီ ခွဲကနေ ၈ နာရီခွဲအတွင်း ကလေးကို နို့တိုက်ပေးလို့ရပါတယ်။ မိနစ်နှစ်ဆယ်လောက်ပေါ့နော်။ အဲဒါဆို မိခင်ရော ကလေးပါ ဗီတာမင်ဒီ ရရှိမှာပါ။ မိခင်က နေရောင်ခြည်ထိတွေ့နေသလို၊ ကလေးလည်း ထိတွေ့ရမယ်။ ဒါမှမဟုတ် မိခင်ကိုယ်ကရတဲ့ ဗီတာမင်ဒီဟာ မိခင်ရဲ့ နို့ကနေတစ်ဆင့် ကလေးဆီကို ရောက်ရှိမှာ ဖြစ်ပါတယ်။

၅။ ဖြည့်စွက်စာကျွေးရင် ဘာတွေလိုက်နာဖို့ လိုအပ်ပါသလဲ
-------------------------------------------------------------

ဖြည့်စွက်စာ ကျွေးတဲ့အခါ အစာကို ကလေးက စားချင်စဖွယ် အရသာမျိုး၊ ပုံစံမျိုးရှိရပါမယ်။ နောက်ပြီး ကလေးတွေက အမြင်အာရုံတွေ ဖွံ့ဖြိုးလာပြီဖြစ်တာကြောင့် ကလေးတွေ ကြည့်လိုက်တာနဲ့ စိတ်ဝင်စားသွားပြီး စားချင်စရာကောင်းတဲ့ ပုံစံမျိုးဖြစ်နေရပါမယ်။

Bodm4nepiakgcauvqf92

၆။ ဘယ်လိုမျိုးစပြီး ကျွေးသင့်ပါသလဲ
----------------------------------------

ကလေးတွေကို အစာစကျွေးတော့မယ်ဆိုရင် အသီးအနှံလေးတွေနဲ့ စတင်သင့်ပါတယ်။ အများအားဖြင့် ထမင်းတစ်ဇွန်းရယ်၊ ကြက်သားတစ်တုံး၊ အာလူးတစ်တုံး အကုန်ရောကျိုပြီး ကျွေးတတ်ပါတယ်။ နောက်ပြီး အရည်ဆိုလည်း လိမ္မော်ရည်၊ ကမ္မလာရည်စတာတွေကို နည်းနည်းချင်းစီ ၅၀ မီလီလီတာလောက် တိုက်သင့်ပါတယ်။

၇။ ဖြည့်စွက်စာအနေနဲ့ ဘယ်လိုအာဟာရဓာတ်တွေ အဓိက ကျွေးသင့်ပါသလဲ
-------------------------------------------------------------------------------

ကလေးတစ်ယောက်က လူကြီးတစ်ယောက် လိုအပ်တဲ့အာဟာရထက် ခုနှစ်ဆ လိုအပ်လာပါတယ်။ လူကြီးတွေစားသလို အများကြီး မစားနိုင်ပေမယ့် အာဟာရဓာတ်ကတော့ ခုနှစ်ဆ အချိုးနဲ့ ညီမျှပါတယ်။ အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကတော့ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ လူတိန်းဓာတ်၊ ကိုလင်းဓာတ်၊ Alphalactalbumin, Alphalinoliec Acid, Linoliec Acid, DHA စတဲ့ဓာတ်တွေ အားလုံးက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အရမ်းကိုအရေးကြီးပါတယ်။

၈။ ဒီလိုအစာတွေစစားတဲ့ အရွယ်မှာ မိဘတွေက ကလေးတွေကို အစာများများ ကျွေးတာမျိုး ရှိပါတယ်။ သင့်တော်ပါသလား
-------------------------------------------------------------------------------------------------------------------------------

တစ်နှစ်ကျော်လာတဲ့အခါ ကလေးက ကောင်းကောင်း စားတတ်လာပါပြီ။ ဒီအချိန်မှာ မိဘတွေက ကလေးကို ပရိုတင်းဓာတ် ပြည့်ဝတဲ့ အစာတွေ အများကြီး ကျွေးခဲ့မယ်ဆိုရင် ကြီးလာတဲ့အခါ အဝလွန်ရောဂါဖြစ်နိုင်ပါတယ်။ အငန်ဓာတ်များတာ ကျွေးလွန်းရင် သွေးဖိအားတိုးတဲ့ရောဂါတွေ ခံစားရစေပါတယ်။ သကြားဓာတ်များရင် ဆီးချိုသွေးချိုရောဂါ၊ သွားပိုးစားတာတွေ ဖြစ်တတ်ပါတယ်။

Lt4vd1ryfwitfsiqgq4v

၉။ ဖြည့်စွက်စာ ကျွေးတဲ့အခါ ဘာတွေ ရှောင်ရှားဖို့လိုပါသလဲ
---------------------------------------------------------------

သတိထားရမှာက အဘွားဖြစ်တဲ့သူတွေက ထမင်းကို နယ်ကျွေးတဲ့အခါ ဆားနည်းနည်း ထည့်တတ်ပါတယ်။ ထမင်းတစ်ဆုပ်၊ အသားတစ်တုံး၊ ပဲနီလေးက တစ်ဇွန်း၊ ပန်းမုန်လာ နည်းနည်း အားလုံးကို ရောကျိုပြီး ကျွေးတဲ့အခါ အရသာမရှိဘူး၊ စားလို့မကောင်းလောက်ဘူးထင်ပြီး ဆားနည်းနည်း ထပ်ထည့်လိုက်ပါတယ်။ တကယ်တော့ ဆားမလိုပါဘူး။ များသွားရင် ကလေးမှာ ရောဂါဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆားရှောင်ပါ။ တစ်နှစ်ကျော်မှာ ကျွေးတာ ပိုကောင်းပါတယ်၊ ဆီတစ်ဇွန်း၊ နှစ်ဇွန်းလောက်ကတော့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်ပါတယ်။ တချို့ဆို ဟင်းချိုမှုန့်တောင် ထည့်ပါတယ်။ မဟုတ်သင့်ပါဘူး။
တချို့ရေဒီမိတ်ဆန်ပြုတ်တွေက အချိုမှုန့်ပါတာ များပါတယ်။ ကျွေးမယ်ဆိုရင် နှစ်နှစ်ကျော်မှ လုံးဝ မကျွေးပါ။ ခြောက်လကျော်နဲ့ တစ်နှစ်မှာ လုံးဝမကျွေးသင့်ပါဘူး။ တချို့မိဘတွေက ကလေးကို တစ်နှစ်လောက်ဆိုတာနဲ့ Instant အမှုန့်တွေ ဥပမာ - ကော်ဖီမစ်၊ အိုဗာတင်း၊ မိုင်လိုစတာတွေ တိုက်ပါတယ်။ နှစ်နှစ်အထက်မှ ကောင်းကောင်းတိုက်တာ၊ ဂက်စ်ပါတဲ့အချိုရည်တွေ တိုက်တာမျိုးလည်း ရှိပါတယ်။ နို့သောက်ရမယ့် အရွယ်မှာ နို့မကြိုက်တော့ဘဲ အချိုရည်ပဲ သောက်ဖြစ်သွားပါတယ်။ နောက်တစ်ခုရှိတာက ကလေးတွေကို နွားနို့ တိုက်တာဟာ နှစ်နှစ်ကျော်ရင် ဆက်မတိုက်တော့တာမျိုး ဖြစ်တတ်ပါတယ်။ တကယ်တော့ နွားနို့ကို အသက်ကြီးတဲ့အထိ သောက်ရမှာပါ။ ဆက်ပြီးတိုက်ပေးပါ။အဆင့်သင့်စား အစားတွေကို ငယ်ငယ်ကတည်းက စားလွန်းရင် ကြီးလာတဲ့အခါ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်တတ်ပါတယ်။ ဆန်ပြုတ်ကျွေးမယ်ဆိုရင် ကိုယ်တိုင်အိမ်က ချက်ပြုတ်ထားတာကို ကျွေးတာက ပိုပြီး ကျန်းမာရေးနှင့် ညီညွတ်ပါတယ်။ အသင့်ပြုလုပ်ထားတဲ့ အစာတွေ စားမယ်ဆိုလည်း တန်ဆေးလွန်ဘေးဆိုသလို ချင့်ချိန်ပြီး ကျွေးသင့်ပါတယ်။

၁၀။ ထူးခြားတဲ့ အတွေ့အကြုံတွေရှိရင် သိပါရစေ
---------------------------------------------------

ဆရာမ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် စနစ်တကျ ကျွေးမွေးပြီး ကြီးပြင်းလာတဲ့ကလေးက ကျန်းမာရေး အရမ်းကောင်းပြီး အိုင်ကျူလည်း အတော်မြင့်တာတွေ့ရပါတယ်။ သွက်သွက်လက်လက်နဲ့ ခနွာကိုယ်လည်း ကျစ်ကျစ်လျစ်လျစ်နဲ့ တခြားကလေးတွေလို ဝတုတ်နေတာမျိုးလည်း မရှိပါဘူး။ သူ့ကိုယ်အလေးချိန်နှင့် ကိုယ်အရပ်ကလည်း အကုန်အချိုးကျကျ ကြီးပြင်းလာတာပဲ။ ကျန်းမာသန်စွမ်းတဲ့ ကလေးလေးဖြစ်နေပါတယ်။ နောက်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုလည်း မြန်ဆန်ပါတယ်။ ဒါကြောင့် ကလေးတွေကို စနစ်တကျ အာဟာရပြည့်အောင် ကျွေးဖို့ အကြံပြုချင်ပါတယ်။
#Ref....အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine news
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.