Kyarlay.com

over 1 year

ယနေ့အတွက် စားစရာ ကျောက်စိမ်းအားဖြည့်အစားအစာ


Mezdd9fn8pr9t5bybqea

ကျောက်စိမ်းအားဖြည့်အစားအစာလို့ အမည်ပေးထားတဲ့ ဒီစားစရာလေးကတော့ ဘေဘီလေးတွေအာဟာရတိုးပွားစေမယ့် ပဲစိမ်း၊ ကန်စွန်းဥ၊ ငါး တို့ကို အသုံးပြုပြီးပြင်ဆင်ရမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ ..
- ဆန် (သို့) အားဖြည့်ဆန် ... စားပွဲတင်ဇွန်း ၂ ဇွန်း
- ငါး (တူနာ၊ ငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးမြစ်ချင်း .. နှစ်သက်သလိုသုံးနိုင်ပါတယ်) ... သန့်စင်ပြီးအနေတော်တုံးပြီးသား ပန်းကန်လုံးတစ်ဝက်
- ကန်စွန်းဥ (ရွှေဝါ) ... အရွယ်တော် တစ်ဥ (အခွံနွှာသန့်စင်၍ အနေတော်အတုံးများတုံးထားပါ)
- ပဲစိမ်းစေ့ ... စားပွဲတင်ဇွန်း ၁ ဇွန်း
- စားသောက်ကုန်အဖြစ်ထုတ်လုပ်ထားသည် အုန်းအဆီနှစ် ... စားပွဲဇွန်း ၁ ဇွန်း
- ရေ ... ပန်းကန်လုံး ၂ လုံး
- နနွင်းမှုန့် ... အနည်းငယ် တို့လိုအပ်ပါတယ်။

ပြင်ဆင်ချက်ပြုတ်နည်း ...
ဦးစွာ အိုးသန့်သန့်လေးထဲကို အုန်းအဆီနှစ်ထည့်ပြီး အပူပေးပါ။ ပြီးသည့်အခါ ပဲစိမ်းစေ့၊ ကန်စွန်းဥထည့်ပြီးမွှေပါ။ နနွင်းမှုန့်ထည့်မွှေပါ။ ငါး၊ ဆန်ထည့်ပြီး မွှေပါ။ ငါးတုံးလေးများအရောင်ရဲလာသည်အထိ မွှေပေးပါ။
ငါးတုံးလေးများအရောင်ပြောင်းသွားပါက ရေထည့်ပြီး မိနစ် ၃၀ ခန့် အဖုံးအုပ်ထားပါ။ ရေခမ်းသွားပြီဆိုပါက မီးဖိုပေါ်မှချပြီး ဇွန်းသန့်သန့်ဖြင့်ညက်အောင်ကျိတ်ချေပေးရမှာဖြစ်ပါတယ်။
ကျေညက်သွားပါက ပန်းကန်လုံးသန့်သန့်လေးထဲသို့ထည့်အအေးခံပြီး သားသားမီးမီးတို့ကို ကျွေးမွေးနိုင်ပြီဖြစ်ပါတယ်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)