စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးဖွံ့ဖြိုးမှုအတွက်ရော ဘာတွေလုပ်သင့်ပါသလဲ

Posted by Zaw Lin Aung November 20, 2020
Mwb2oef3lf49poykw2hx

ဖွံ့ဖြိုးမှုဆိုသည်က ကြီးထွားခြင်းနှင့် မတူ။ လုပ်တတ်လာခြင်း၊ နားလည်လာခြင်းဟု အလွယ်ပြောနိုင်သည်။ အသက်သုံးလအရွယ် ကလေးကို ခါးမတ်မတ်လေး ကိုင်ပေးလိုက်ပါက ခေါင်းလေးက သူ့ဟာသူလိုက်ထောင်နိုင်လာသည်။ အသက်လေးလ ကလေးကို ကိုယ်နှင့်ခြေ မတ်မတ်လေး စားပွဲပေါ် ထောင်ကိုင်ထားပါက ခြေဖဝါးလေးနှင့် သူ့အလေးချိန်ကို သူစမ်းထိန်းကြည့်လာသည်။ မှောက်တတ်လာ၊ လှန်တတ်လာတာ သိပ်အရေးမပါလှ။ အသက်လေးလကလေးကို မှောက်ခုံလေး ချထားလျှင်တော့ ခေါင်းကလေးက မော့ကြည့်တတ်လာသည်။

J4akha9hhixfhcny8kol

နှစ်လသား ကလေးက ပစ္စည်းလေးပြလျှင် ပထမတော့ စိုက်ကြည့်၊ လိုက်ကြည့် တတ်လာသည်။ နောက်တဖြည်းဖြည်းနှင့် လှမ်းပုတ်မည်။ လေးလသားလောက်ကျတော့ မမြဲတမြဲ လှမ်းကိုင်တတ်လာသည်။ အဓိပ္ပာယ် ဖော်မရသော အသံကလေးများ တိုးချည်ကျယ်ချည် စမ်းအော်လာကြသည်။ ကိုယ်က ပြုံးပြလျှင်လည်း ပြန်ပြုံးပြ၊ ရယ်ပြတတ်လာကြသည်။ ဒါတွေအားလုံးကို ဖွံ့ဖြိုးမှုဟု ခေါ်ပါသည်။ ဒီဖြစ်သင့်တာလေးတွေ ဖြစ်မလာလျှင် နားလည်သည့် မိဘစိတ်ပူတတ်ကြသည်။ တစ်ခါတစ်လေတော့လည်း အရေးကြီးသလို တစ်ခါတစ်လေ အရေးမကြီးတာလည်း ရှိသည်။

Eh8gfz6bzbthhmcbnwzv

ကျွမး်ကျင်သူနှင့် တိုင်ပင်လျှင်တော့ မမှားနိုင်။ ကျွမ်းကျင်သူဆိုတာက ကလေးခုနှစ်ယောက် မွေးခဲ့ဖူးသော အိမ်နားက အဒေါ်ကြီးမဟုတ်။ ကလေးပေါင်းမြောက်မြားစွာ စမ်းသပ်ဖူးကောင်း စမ်းသပ်ဖူးနိုင်သည့် ဆရာဝန်ကို ဆိုလိုပါသည်။မိဘများ လုပ်ပေးနိုင်သည်ကတော့ သူ့ဟာသူ မမှောက်တတ်ခင် ကလေး ခေါင်းထောင်နိုင်ပြီ ဆိုကတည်းက ကလေးကို မှောက်ခုံကလေး မကြာခဏ ထားပေးပါ။ ဘယ်တော့ စ၍ လှိမ့်ရမည်ကို သူတို့ဘာသာ ဆုံးဖြတ်ပါလိမ့်မည်။

Yhsbshmxr87od6maiwit

ကလေးအသက်အရွယ်နှင့် လိုက်လျောညီထွေပြီး အန္တရာယ်ကင်းသည့် ကစားစရာလေးများ ပေးဆော့ထားပါ။ ကလေးနားလည်လည်၊ မလည်လည် ကလေးကို စကားတစ်ချိန်လုံး ပြောနေပေးပါ။ ဒီဦးနှောက် သေးသေးလေးကို အထင်မသေးပါနှင့်။ အနည်းဆုံးတော့ စကားလုံးများကို လိုက်မှတ်တတ်နေပါပြီ။ ကျွန်မက သိပ်စကားနည်းတာဟု ဆင်ခြင်ပေးချင်သော မိဘများအတွက်ကတော့ ကလေးကို စာအုပ်ဖတ်ပြနိုင်ပါသည်။
#Ref...ပါမောက္ခဒေါက်တာရဲ (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး)
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှ
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.