မေမေတို့ရေ ဒီနေ့မှာတော့ သားသားမီးမီးလေးတို့ စားလို့ခံတွင်းမြိန်စေမယ့် အုန်းနို့ခါကြက်ဥဟင်းလျာလေးကို ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတာ မှျဝေပေးမယ်နော်။
ပါ၀င်ပစ္စည်းများ ...
- ဆန် (စားပွဲတင်ဇွန်း ၂ ဇွန်း)
- အုန်းနို့မှုန့် (စားပွဲတင်ဇွန်း ၁ ဇွန်း)
- မုန်လာဥနီ (ခါကြက်ဥ) (အခွံသင်ရေဆေးပြီးခြစ်ပြီးသား ပန်းကန်လုံးတစ်လုံး)
- သခွားသီး (ရေဆေးပြီးခြစ်ပြီးသား ပန်းကန်လုံးတစ်လုံး)
- ငါး (တူနာ၊ ငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးမြစ်ချင်း .. နှစ်သက်ရာသုံးနိုင်ပါသည်) (ရေဆေးပြီး အနေတော်တုံးပြီးသား ပန်းကန်လုံးတစ်ဝက်)
- ရေ (ပန်းကန်လုံး ၂ လုံး)
- နနွင်းမှုန့် (အနည်းငယ်) တို့လိုအပ်ပါတယ်။
ချက်ပြုတ်ပြင်ဆင်နည်း ...
ဦးစွာ အိုးသန့်သန့်ထဲကို ရေထည့်ပြီး ဆန်၊ မုန်လာဥနီ၊ သခွားသီး၊ ငါးနနွင်းမှုန့်တို့ကို ထည့်ပြီး ကြိုချက်ပါ။
ရေဆူပြီး ရေခမ်းစပြုလာသည့်အခါ အုန်းနို့မှုန့်ကိုထည့်ပြီးမေွှပေးပါ။
ရေခမ်းပြီးပျစ်သည်အထိမေွှပြီးမှ မီးဖိုပေါ်မှချပါ။
ဇွန်းရှည်သန့်သန့်ဖြင့် ကြေညက်သည်အထိ ချေပေးရပါမယ်။
ပြီးတဲ့အခါမှာတော့ ပန်းကန်လုံးသန့်သန့်ဖြင့်ထည့်ပြီး အအေးခံကာ သားသားမီးမီးတို့ကို ကျေွးနိုင်ပြီဖြစ်ပါတယ်။
(တစ်နှစ်အထက်သားသားမီးမီးတို့အတွက် ချက်ပြုတ်တဲ့အခါ ဆီလက်ဖက်ဇွန်းတစ်ဇွန်း၊ ဆားအနည်းငယ်ထည့်နိုင်ပါသည်။ အသက် (၆) လပြည့်ပြီးမှသာ စတင်ကျေွးမေွးသင့်ပါတယ်)
Ref; မေ့ရင်သေွး