
အော်တစ်ဇင်(Autism) ရှိတဲ့ ကလေးတွေဟာ တခြား ကလေးတွေနဲ့ တွေးခေါ်ပြုမူပုံခြင်း မတူပါဘူး။ သူတို့ဟာ တစ်ယောက်တည်းနေလေ့ရှိပြီး ဘာသာစကားဆက်သွယ်မှုမှာ အားနည်းတဲ့အတွက် နေ့လည်စာ ဘာစားချင်လဲ လိုမျိုး ရိုးရှင်းတဲ့ အရာတွေ မေးရတာတောင် ခက်ခဲနေတတ်ပါတယ်။ဒီတော့ ကလေးမှာ အော်တစ်ဇင်(Autism)ရှိမရှိဘယ်လိုသိနိုင်လည်းနဲ့ သူတို့နဲ့ ဘယ်လို ဆက်သွယ်ရမလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁။ အသက်တစ်နှစ်မတိုင်မီ တွေ့နိင်တဲ့ လက္ခဏာများ
-------------------------------------------------------
အော်တစ်ဇင်(Autism) လက္ခဏာတွေကို သတိထားကြည့်မယ်ဆိုရင် ကလေး အသက် ၆ လ က ၁နှစ်အတွင်း တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့
၁။ မျက်နှာသစ်လူတွေတွေ့တဲ့ အခါမှာ အာရုံမစိုက်ခြင်း
၂။ အသံကျယ်ကျယ်တွေကို တုံ့ပြန်မှု မရှိခြင်း
· ၃။ အရာဝတ္ထုတွေကို ဆုပ်ကိုင်ဖို့ မကြိုးစားခြင်း
· ၄။ မိဘတွေပြုံးပြရင် မတုံ့ပြန်ခြင်း
· ၅။ အခြားသူများ အာရုံစိုက်ခံရအောင်မကြိုးစားခြင်း
· ၆။ အခြားသူများနှင့် ဆက်သွယ် ဆော့ကစား လိုစိတ်မရှီခြင်း စတာတွေဖြစ်ပါတယ်။

၂။ ကိုယ်ချင်းစာစိတ်ကို ပြသမှု မရှိခြင်း
----------------------------------------
အော်တစ်ဇင်(Autism) ကလေးတွေ အနေနဲ့ သူတစ်ပါးရဲ့ စိတ်ခံစားချက်ကို နားလည်ရန်ခက်တဲ့ အတွက် ကိုယ်ချင်းစာမှုကို ပြသနိုင်စွမ်းနည်းပါတယ်။ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ ချို့တဲ့တက်ပါတယ်။ သူတို့အနေတဲက သူတစ်ပါး ထိခိုက်ဒဏ်ရာရတဲ့ အခါမျိုးမှာ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာ မသိကြပါဘူး။
၃။ ချစ်ခင်သူတွေအပေါ် စိတ်ဝင်စားပုံ မပြခြင်း
------------------------------------------------
အော်တစ်ဇင်(Autism) ကလေးငယ်တွေဟာ သူတို့မိဘ ၊ ညီအစ်ကို မောင်နှမများနဲ့ နီးနီးကပ်ကပ်နေထိုင်ခြင်း မရှိပါဘူး။ မျက်လုံးခြင်းဆိုင်လေ့ မရှိသလို တစ်ကိုယ်တည်း နေတတ်ပါတယ်။ ဒါက သူတို့ဆီမှာ စိတ်ခံစားချက်မရှိလို့ မဟုတ်ပါဘူး။ ခံစားချက်ကို ပြသနိုင်ခြင်း မရှိပါဘူး။
၄။ သူတို့ စိတ်ခံစားချက်ကို သိဖို့ခက်ပါတယ်
----------------------------------------------
အော်တစ်ဇင်(Autism) အဆင့် အမျိုးမျိုးရှိတာကြောင့် တစ်ချို့ အော်တစ်ဇင်(Autism) ကလေးတွေဟာ ပုံမှန်ကလေးတွေလိုပဲ စိတ်ခံစားမှုကို ပြသတတ်ပါတယ်။ ဒါပေမယ့် အော်တစ်ဇင်(Autism) အများစုမှာတော့ စိတ်ခံစားချက်ကို ထုတ်ဖော်ပြသရန်ခက်ပါတယ်။ ဒါကြောင့် ခံစားမှု မပြတဲ့ အခါတွေ ရှိသလို ပြသမှု လွန်ကဲတဲ့ အခါတွေလည်းရှိပါတယ်။ နည်းနည်း နေရခက်လာတဲ့ အခါ အပြင်းအထန် စိတ်ဆိုးဒေါသထွက်တာမျိုးလဲ လုပ်တတ်ကြပါတယ်။

၅။ အလုပ်တစ်ခုကို အချိန်မှန် ထပ်တလဲလဲ ပြုလုပ်တတ်ခြင်း
--------------------------------------------------------------
အော်တစ်ဇင်(Autism)ကလေးတွေဟာ သူတို့စိတ်ဝင်စားတဲ့ အရာဆို အချိန်အကြာကြီး ထပ်တလဲလဲ ပြုလုပ်နေတတ်ပါတယ်။သူတို့ဟာ တစ်နေ့တာ ဘာဖြစ်မယ်ဆိုတာကို ကြိုသိနိုင်ဖို့အတွက် နေ့တိုင်း အချိန်ဇယားအတိအကျ ထားတတ်ပါတယ်။ ဥပမာ ကျောင်းသွားတဲ့ အခါ လမ်းကြောင်း တစ်ခုထဲကပဲ အချိန်မှန်သွားတာ၊ ညစာစားတဲ့အခါ အစားအစာတစ်မျိုးထဲကို ပဲ အချိန်မှန် စားတာတွေ စသည်ဖြင့် ဖြစ်ပါတယ်။ သူတို့ရဲ့ နေ့စဉ် အချိန်ဇယားမှာ တစ်ခုခုပြောင်းလဲသွားတယ်ဆိုရင် အကြီးအကျယ် မသက်မသာဖြစ်တတ်ပါတယ်။
၆။ အာရုံခံစားမှု ပြဿနာရှိတတ်ပါတယ်
-------------------------------------------
အော်တစ်ဇင်(Autism) ကလေးတွေဟာ အမြင်အကြား စတဲ့ အာရုံခံစားမှုတွေ အပေါ် လစ်လျူ ရှုတာမျိုး ဒါမှ မဟုတ် လိုတာထက်ပို တုံ့ပြန်တာမျိုးလုပ်တတ်ပါတယ်။ ဥပမာ သူတို့ ကို စကားလာပြောရင် မသိချင်ယောင်ဆောင်နေတာမျိုးပါ။ တခါတလေ တကယ်အကြားအာရုံချို့ယွင်းတယ်တောင် ထင်ရလောက်ပါတယ်။ တခါတလေမှာတော့ အသံတိုးတိုးလေးကတောင် သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

၇။ ဘာသာစကားတွင် ပြောရာနဲ့ နားလည်ရာမှာ အခက်အခဲရှိခြင်း
--------------------------------------------------------------------
ကလေးအများစုဟာ တစ်နှစ် တစ်နှစ်ခွဲလောက်မှာ ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်သွယ်ဖို့ အနားကသူတွေရဲ့ အသံကို တုပပြောလေ့ရှိပါတယ်။ အော်တစ်ဇင်(Autism) ကလေးငယ်တွေဟာ ဘာသာစကားပိုင်းဆိုင်ရာမှာ တခြားကလေးတွေထက်နောက်ကျလေ့ရှိပါတယ်။ သူတွေဟာ စကားပြောတဲ့ အခါ အသံမမှန်တာမျိုး တခွန်းထဲ တစ်လုံးထဲကို ထပ်တလဲလဲ ပြောတာမျိုးလုပ်တတ်ပါတယ်။ သူတို့ဟာ စကားစဖို့ စကားစမြည်ပြောတာမျိုးတွေမှာ ခက်ခဲတတ်ပါတယ်။ ဒါ့အပြင် ဟာသတွေ သရောတာတွေကိုလည်း နားမလည်တတ်ပါဘူး။
၈။ စကားနဲ့ မဟုတ်တဲ့ ဆက်သွယ်မှုတွေကို သဘောကျတတ်ပါတယ်
---------------------------------------------------------------------
အော်တစ်ဇင်(Autism) ကလေးတွေဟာ စကားပြောဆို ဆက်သွယ်မှု မှာ အခက်အခဲရှိတဲ့ အတွက် ဘာသာစကားနဲ့ မဟုတ်ပဲ တခြားနည်းလမ်းတွေမဲ့ ပြောဆိုဆက်သွယ်ရတာကို သဘောကျ ကြပါတယ်။ ဥပမာ၊ ပုံဆွဲပြတာမျိုး ကိုယ်လက် အမူအရာ နဲ့ဆက်သွယ်တာ မျိုးလုပ် တတ်ပါတယ်။
၉။ မျက်နှာ အမူအရာတွေကို နားမလည်တတ်ပါဘူး
----------------------------------------------------
အော်တစ်ဇင်(Autism) ကလေးတွေဟာ မျက်နှာ အမူအရာကို နားမလည်တတ်ကြပါဘူး။ ဥပမာအားဖြင့် အမေမျက်မှောင်ကြုတ်နေရင် စိတ်ဆိုးနေတာမျိုးကို နားမလည်တတ်ပါဘူး။ ဒါ့အပြင် အသံအနေအထားပေါ်လိုက်ပြီး စိတ်ဆိုးနေလား၊ ပျော်နေလား၊ ဝမ်းနည်းနေလားကို နားမလည်တတ်ပါဘူး။ ဒါ့အပြင် သူတို့ဟာ တကိုယ်တည်း စိတ်ကူးယဉ်နေတတ်သူတွေ ဖြစ်တဲ့ အတွက် ရံဖန်ရံခါဆိုသလို စိတ်ကူးယဉ်နဲ့ လက်တွေ့ကို ရောထွေးနေတတ်ပါတယ်။
#Ref...Dr.Aung
#ရှမ်းပုတ်(မိုမိုလေး)