စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေး ငိုနေလား၊ ဒါဆို သီချင်းနဲ့ ချော့ပါ

Posted by Zaw Lin Aung November 15, 2020
Pkdt42oid2rduxjd3wmj

ကလေး အငိုတိတ်အောင် စကားတွေကလေးကို ပြောနေမည့်အစား သီချင်းဆိုပြပါဟု လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုသည်။ လေ့လာမှုအရ ကလေးသည် သီချင်း နားထောင်ရသည့်အခါ မိဘစကားပြောတာ နားထောင်ရတာထက် နှစ်ဆလောက် အချိန်ကြာကြာ ပိုငြိမ်စွာ နေတတ်သလို၊ အငိုတိတ်လည်း ပိုမြန်ကြောင်း တွေ့ရသည်။

Tr0dqxijhusbochf8apl

ကလေးများသည် သီချင်းစာသားကို နားမလည်သည့်တိုင် ဂီတသံစဉ်မှာ စီးမျောနိုင်စွမ်းတွင်မူ လူကြီးများနှင့် အတူတူပင် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုလိုက်သည်။ကနေဒါနိုင်ငံ မွန်ထရီအဲ တက္ကသိုလ်မှ ပါမောက္ခ အစ္စဘယ်လာပါရက်ဇ်နှင့် အဖွဲ့ကလေ့လာသုတေသန ပြုထားခြင်း ဖြစ်သည်။အသက်ခြောက်လမှ ကိုးလကြား ကျန်းမာသန်စွမ်းသော ကလေးငယ် (၃၀)ဖြင့် သုတေသနပြုထားသည်။ မိဘက တီတီတာတာ စကားဆိုသည်၊ လူကြီးသ ံပုံမှန်အတိုင်း စကားပြောသည်၊ ကလေးများ နားမလည်သည့် တူရကီ သီချင်းဖွင့်ပြသည်။

J11wjah6vgpih5n07y9c

လေ့လာမှု အပြည့်အစုံကို Infancy ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။ ကလေးများ ပုံမှန်အနေအထားမှသည် ငိုချင်ချင် ဖြစ်လာသည်အထိ စမ်းသပ်သည်။ ထိုအခါ မိဘက တီတီတာတာ စကားပြောချိန်တွင် လေးမိနစ်အကြာ၌ ကလေးငိုသည်။ လူကြီးသံနှင့် ပုံမှန်ပြောသည်တွင် လေးမိနစ် မပြည့်ခင်မှာပင် ကလေးငိုသည်။ ကလေးနားမလည်သော တူရကီသီချင်း ဖွင့်ပြသည်တွင် ကိုးမိနစ်ကြာမှ ကလေးငိုသည်။ ထိုသုံးခုကို ယှဉ်ကြည့်ရုံဖြင့် ကလေးများသည် ဂီတသံကို အကြိုက်ဆုံးဖြစ်ကြောင်း သိနိုင်သည်ဟု စစ်တမ်းက ဆိုသည်။ သို့ဖြစ်ရာ မိဘများအနေဖြင့် ကလေးငိုနေသည့် အခါတွင်လည်း စကားပြောကာ ချော့မည့်အစား သီချင်းဆိုပြခြင်းသည် အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု စစ်တမ်းက အကြံပြုသည်။
#Ref...Good Health news
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.