
မီးဖွားခြင်းဟာ အလွန်တရာ နာကျင်လွန်းတာကြောင့် ထုံဆေးကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီလိုမျိုး အသုံးပြုရာမှာ ဘေးထွက်ဆိုးကျိုးများလည်း ရှိနေပါတယ်။
ထုံဆေးကြောင့် သင့်အရေပြား ယားယံခြင်းကို ဖြစ်စေပါတယ်။ အစာအိမ်အား နာကျင်စေနိုင်ပြီး ပျို့အန်ခြင်းများလည်း ဖြစ်စေနိုင်ပါတယ်။
တစ်ခါတစ်ရံအဖျားတက်လေ့ရှိပြီး ထုံဆေးပေးခံရသော အမျိုးသမီးများရဲ့ ၂၃ရာခိုင်နှုန်းဟာ ကိုယ်အပူချိန် မြင့်တက်လေ့ရှိပါတယ်။ နောက်ကျောနာခြင်း ၊ ခါးနာခြင်း တို့ ခံစားရနိုင်ပါတယ်။
ထုံဆေးဟာ ဆိုးဆိုးရွားရွား အန္တရာယ်မရှိပေမယ့် သွေးပေါင်ကျခြင်း ၊ သွေးကြောတွင်းရှိ ကြွက်သားကျုံ့ခြင်းကို ထိန်းချုပ်သော အာရုံကြော အမျှင်များအပေါ် သက်ရောက်စေပါတယ်။ အာရုံကြောများ ထုံနေတာကြောင့် ဆီးသွားဖို့ ခက်ခဲပါလိမ့်မယ်။
HYA (kyarlay)