Kyarlay.com

over 1 year

ဘေဘီလေးတို့အတွက် မုန်လာဥနီနှင့် တရုတ်ဆီးသီးချက်ပြုတ်နည်း


Xdiqzs6nzmxdu8thdqhz

လိုအပ်သောပစ္စည်းများ ...
- ရေဖန်ခွက်တစ်ဝက်
- ကျိတ်ချေထားတဲ့မုန်လာဥနီရေဖန်ခွက်တစ်ဝက်
- တရုတ်ဆီးသီးခြောက်ဖန်ခွက်တစ်ခွက်
- အာဟာရမှုန့်အနည်းငယ် (ရင်သွေးငယ်များစားသုံးနေကျ ဖြည့်စွက်စာမှုန့်ကိုအသုံးပြုနိုင်ပါတယ်)

ချက်ပြုတ်နည်း ...
ပါဝင်ပစ္စည်းများအားလုံးကို အိုးသန့်သန့်ထဲသို့ထည့်ပြီးချက်ပြုတ်ရမှာဖြစ်ပါတယ်။ အားလုံးကိုရောမွှေပြီးချက်ပြုတ်ရမှာဖြစ်ပါတယ်။ မုန်လာဥနီများ နူးအိပြီးကလေးငယ်များ စားသုံးမှုအဆင်ပြေနိုင်ဖို့အချိန်အနည်းဆုံး (၃) နာရီကြာအောင် ပေါင်းပြီးချက်ပြုတ်သင့်ပါတယ်။

ရရှိမည့်အာဟာရဓာတ်များ ...
အဆီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်၊ သကြားဓာတ်၊ ဆိုဒီယမ်၊ ကယ်ဆီယမ်၊ သံဓာတ်

မေမေတို့ရေ ရင်သွေးလေးတွေအာဟာရဓာတ်ပြည့်ဝပြီး ကျန်းမာပြည့်ဖြိုးစေဖို့အတွက် ကျွေးမွေးလိုက်ရအောင်နော်။
မှတ်ချက် (အသက် ၆ လပြည့်ပြီးမှသာ ကျွေးမွေးသင့်ပါတယ်)
Ref;HM (ကျားလေး)