စျေး မီဒီယာ
အခြား

အသက် (၁)နှစ်အရွယ်အထိ ဘေဘီလေးတွေရဲ့ အိပ်စက်ချိန် ဘယ်လိုရှိမလဲ?

Posted by May Thaw Htoo April 15, 2022
Cdkw3oxnjakkbnckb70m

ဖေဖေ၊ မေမေတို့ရေ ဘေဘီလေးတွေ အသက် (၁)နှစ်အရွယ်အထိ သူတို့လေးတွေရဲ့ အိပ်စက်ချိန်တွေဟာ ဘယ်လောက်အထိ ရှိတတ်တယ်ဆိုတာကို မေမေတို့မှတ်သားထားနိုင်ဖို့အတွက် ကျားလေးကမျှဝေပေးမယ်နော်။
(၁) ပတ်အရွယ် - ညဘက်အိပ်ချိန် (၈) နာရီအနည်းဆုံးရှိသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ဘေဘီလေးတွေက တစ်ရက်လုံးကို ၁၆ နာရီကနေ၊ ၁၈ နာရီအထိ အိပ်စက်တတ်ပါတယ်။ ညဘက်အိပ်ချိန်ကတော့ တစ်ရက်တာလုံးအိပ်စက်ချိန်ရဲ့ တစ်ဝက်တော့ရှိသင့်ပါတယ်။
(၆) ပတ်အရွယ် - အိပ်စက်ချိန် တစ်ညကို (၈) နာရီခွဲရှိသင့်ပါတယ်။ ဒီအရွယ်ရောက်လာပြီဆိုရင်တော့ ညဘက်အိပ်ချိန်တွေ အသေအချာရှိနေသင့်ပြီဖြစ်ပါတယ်။
(၃) လအရွယ် - အိပ်ချိန် (၉) နာရီထားပြီး သိပ်ပေးရပါမယ်။ အိပ်ချိန်ကို မိခင်က နေ့ညစနစ်တကျစီစဉ်ထားပေးသင့်ပါတယ်။
(၆) လအရွယ် - အိပ်စက်ချိန် (၁၀) နာရီကို ရင်သွေးငယ်များအတွက် အချိန်အလိုက်အိပ်စက်တတ်အောင် လေ့ကျင့်ထားပေးလို့ရပါပြီ။
(၉) လအရွယ် - လိုအပ်ပါက (၁၁) နာရီအထိ အိပ်စက်ချိန်(မှေးစက်ချိန်) ရှိသင့်ပါတယ်။ ဒီအရွယ်မှာတော့ ကလေးငယ်ဟာ သူကိုယ်တိုင်အိပ်ချိန်ကို သိထားရမယ့်အချိန်ပါ။
(၁) နှစ်အရွယ် - ၁၂ နာရီအိပ်ချိန်ထားပေးပါ။ တကယ်လို့ ကလေးက မအိပ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

မေမေတို့ရေ ကလေးငယ်လေးတွေက သူ့ရဲ့အသက်အရွယ်အလိုက် အိပ်စက်ချိန်၊ မှေးစက်ချိန်လေးရှိမှာသာ ကျန်းမာနိုင်မှာပါ။ ဖေဖေ၊ မေမေတို့အားလုံးက ဂရုတစိုက်နဲ့အိပ်ချိန်လေးကို စီမံပေးကြရအောင်နော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.