Kyarlay.com

about 2 years

တုပ်ကွေးရောဂါဟာ ဘယ်လိုလူတွကို ကူးစက်တာလဲ


Anur0yjhslsrluyitloi

တုပ်ကွေးရောဂါ တစ်ကယ်ဖြစ်တဲ့အခါ အင်အားနည်းတဲ့သူတွေက အခံရဆုံးပေါ့နော်။
***********************************************************
အသေအပျောက်ရှိနိုင်တာပေါ့။
ဥပမာ- အားဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေရယ်၊ ငါးနှစ်အောက် ကလေးတွေရယ်၊ ၆၅ နှစ်အထက်လူကြီးတွေ၊
ရောဂါအခံရှိတဲ့ ဥပမာ- ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ မွေးရာပါ နှလုံးရောဂါ၊
ပန်းနာရင်ကြပ်ရောဂါ လေပြွန်အဆုတ်ပွရောဂါ ဒီလိုရောဂါ အခံရှိတဲ့သူတွေမှာ တုပ်ကွေးက ပိုပြီးဂရုစိုက်သင့်တာပေါ့။

သူ့ရဲ့နောက်ဆက်တွဲ ရောဂါတွေကြောင့် အသက်ဆုံးရှုံးနိုင်တာပေါ့။

အသက်ကြီးတဲ့ ၆၅ နှစ်အထက် လူကြီးတွေမှာ ဒီရောဂါက နှစ်တိုင်းနှစ်တိုင်းလူ့ဘ၀ကို အဆုံးသတ်ပေးတဲ့ ရောဂါလို့ဆိုနိုင်တာပေါ့။

သာမာန်ကျန်းမာနေတဲ့ လူကတော့ တုပ်ကွေးက ပျောက်သွားတာ များပါတယ်။

ဗီဇပြောင်းလဲမှုဖြစ်ရင်တော့ ပိုပြင်းထန်ပြီး လူငယ်လူရွယ်တွေမှာပါ သေပျောက်မှု ဖြစ်နိုင်တာပေါ့။

မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း စက်တင်ဘာလ ၂၀၁၇ ထုတ်တွင် ပါမောက္ခ ဒေါက်တာစောဝင်း အင်းတာဗျူးမှ ကောက်နုတ်ထားပါသည်။

San Su Kyi Naing