စျေး မီဒီယာ
အခြား

ဘေဘီလေးတွေကို ခေါင်းလျှော်ပေးမယ့် မိသားစုတွေဖတ်ဖို့ ...

Posted by May Thaw Htoo August 24, 2022
Ilnzz2w9aroslhbzwyzu

မေမေ၊ ဖေဖေတို့ရေ သားသားမီးမီးတို့ကို ခေါင်းလျှော်ပေးဖို့အတွက် မှန်ကန်တဲ့ခေါင်းလျှော်နည်းလေးကို ကျားလေးက မျှဝေပေးမယ်နော်။ ဘေဘီလေးတွေကို ခေါင်းလျှော်ပေးဖို့အတွက် ...
- ဘေဘီခေါင်းလျှော်ရည်
- နူးညံ့တဲ့ဖော့တုံး
- ရေချိုးဇလုံ ၊ bath mat
- ရေနွေး (ရေအေး(သို့) ရေပူလုံးဝမသုံးရပါ)
- တာဝါ
တို့ကိုအဆင်သင့်ထားရှိဖို့တော့လိုအပ်ပါတယ်။

Baubne01mgy2u4wzooep

မေမေ၊ ဖေဖေတို့ရေ ဘေဘီလေးတွေကို ခေါင်းလျှော်ပေးတော့မယ်ဆိုရင် ..
- ရေနွေးနွေးဖြစ်မဖြစ်ကို ဦးစွာစမ်းသပ်သင့်ပါတယ်။ ရေချိုးဇလုံထဲမှာ bath mat ကိုထည့်ပြီး ဘေဘီလေးကိုတင်လိုက်ပါ
- ပြီးတဲ့အခါမှာတော့ ရေလေးနဲ့ခြေထောက်၊ လက်တွေကို အရင်ဆုံးဆေးကြောသန့်စင်ပေးရပါမယ်
- ဦးခေါင်းကိုရေလောင်းတဲ့အခါ ဖော့တုံးလေးနဲ့ရေကိုစုပ်ယူပြီးဦးခေါင်းကို ရေလောင်းတာအကောင်းဆုံးပါပဲ
- ဘေဘီခေါင်းလျှော်ရည်ကို ဖော့တုံးလေးမှာထည့်ပြီး ဖော့မှာအမြုပ်ထအောင်မွှေပြီးမှသာ ဦးခေါင်းပေါ်ပွတ်တိုက်ပြီး ခေါင်းလျှော်ပေးရပါမယ်
(ခေါင်းလျှော်ရည်ကို ဘေဘီလေးတွေရဲ့ ဦးခေါင်းပေါ်ကို တိုက်ရိုက်လောင်းမချသင့်ပါဘူး)
(ဖော့တုံးကိုလည်း နူးညံ့တဲ့ဖော့တုံးလေးကိုသာ အသုံးပြုသင့်ပါတယ်)
- ဦးခေါင်းကိုလက်သည်းနဲ့မကုတ်ဘဲ ဖော့တုံးလေးနဲ့သာသန့်စင်ရမှာပါ
- ပြီးတဲ့အခါမှာတော့ ဖော့တုံးလေးကိုအသုံးပြုပြီးတော့ပဲ ရေဆေးချသန့်စင်ရမှာဖြစ်ပါတယ်။
- ခေါင်းလျှော်၊ ဆေးကြောသန့်စင်ပြီးတာနဲ့ တာဝါနဲ့ဖွဖွလေးသုတ်ပြီး အမြန်ဆုံးရေခြောက်အောင်ပြုလုပ်ပေးရပါမယ်။
(တာဝါကိုတော့ ရေစုပ်တဲ့တာဝါကိုအသုံးပြုတာအကောင်းဆုံးပါပဲ)
မေမေတို့ရေ ဘေဘီလေးတွေကို သန့်ရှင်းရေးပြုလုပ်တဲ့အခါမှာ ဂရုတစိုက်နဲ့ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်နော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.