Kyarlay.com

over 1 year

ဘေဘီလေးတွေကို ရေချိုးပေးခြင်းဆိုင်ရာ သိမှတ်စရာ


Jxthendltdvwqbft3fn5

မေမေတို့ရေ ဘေဘီလေးတွေကို ရေချိုးပေးတော့မယ်ဆိုရင်တော့ ဘယ်လိုအချက်လေးတွေကို ဂရုစိုက်သင့်တယ်ဆိုတာကို ကျားလေးကနေ မျှဝေပေးချင်ပါတယ်။ မေမေတို့ရေ ဘေဘီလေးတွေ အသက် ၆ လလောက်အထိကတော့ တစ်ပတ်ကို (၂) ကြိမ် (၃) ကြိမ်လောက် ရေချိုးပေးရုံနဲ့တင်လုံလောက်နေပါပြီ။ တကယ်လို့ ကလေးက ရေချိုးရတာကိုသဘောကျတဲ့၊ ရေကြိုက်တဲ့ကလေးဆိုရင်တော့ တစ်ရက်ကို တစ်ကြိမ်လောက်ရေချိုးပေးနိုင်ပါတယ်။ ဘေဘီလေးတွေကို ဘယ်လိုအဆင့်ဆင့်ရေချိုးပေးနိုင်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။



Evd9jgz5bmtbzsa6eakl

မေမေတို့ရေ ဘေဘီလေးတွေကို ရေချိုးပေးတော့မယ်ဆိုရင်တော့
- ဘေဘီလေးတွေကို bath mat ပေါ်မှာတင်ပြီးတော့ပဲဖြစ်ဖြစ်၊ လူကြီးကထိန်းပြီးတော့ပဲဖြစ်ဖြစ် အနေအထားမှန်ကန်အောင်ထားရှိရပါမယ်။ (bath mat ကိုအသုံးပြုရင်တော့ ပိုမိုအဆင်ပြေစေနိုင်ပါတယ်)
- ရေချိုးဇလုံကတော့ 8cm အမြင့်ရှိရင်တော့ပိုကောင်းပါတယ်။
- ရေပူမဟုတ်ဘဲ ရေနွေးနွေးဖြစ်အောင် ဂရုစိုက်ရပါမယ်။ (ရေအပူချိန် 37ံC (ဒါမှမဟုတ်) 38ံC ဖြစ်ရပါမယ်)
- ကလေးလေးတွေရဲ့ ခြေ၊ လက်လေးတွေကစပြီးရေနဲ့ထိတွေ့သန့်စင်ပေးပြီးမှ ခန္ဓ္ဓ္ဓာကိုယ်တစ်ခုလုံးကို ရေချိုးသန့်စင်ပေးရပါမယ်။
- ခေါင်းလျှော်သန့်စင်ဖို့ကိုတော့ တစ်ပတ်ကို တစ်ကြိမ် (ဒါမှမဟုတ်) နှစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
- ခန္ဓ္ဓ္ဓာကိုယ်ကို ရေသန့်စင်ပြီးရင်တော့ မျက်နှာသန့်ရှင်းရေး၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြား၊ လက်ကြားတွေကို စနစ်တကျသေချာစွာ ဂွမ်းလုံးလေးနဲ့သန့်စင်ပေးရပါမယ်။
- ရေချိုးပေးချိန်ကတော့ (၅) မိနစ် ကနေ (၁၀) မိနစ်ကြားဆိုလုံလောက်ပါပြီနော်။
- ရေချိုးပေးပြီးတဲ့အခါမှာတော့ ဘေဘီလေးကို တာဝါသန့်သန့်လေးနဲ့ ချက်ချင်းရေသန့်စင်ပေးရပါမယ်နော်။ ပြီးရင်တော့ ဘေဘီလိုးရှင်းလေးလိမ်း၊ ကလေးလက်ကြား၊ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းအရစ်ကြားတွေကို ဘေဘီပေါင်ဒါလေးထည့်ပေးဖို့လည်းမမေ့ပါနဲ့နော်။
Ref; HM (ကျားလေး)