စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန် ၂ လနဲ့ ဆီးစပ်ကိုက်ပြီးတော့ သေွးဆင်းနေတဲ့ မေမေတို့အတွက်

Posted by Ngu Wah March 26, 2019
N4lotem4cq7xe27062ag

ကလေးတေွအတွက် ကိုယ်ဝန်စတည်ခါစ ရာသီပေါ်မယ့်ရက် ပတ်ဝန်းကျင်မှာ အရင်ပုံမှန်လာနေကျ ရာသီနဲ့မတူဘဲ သေွးနည်းနည်း ဆင်းတတ်ပါတယ်။ သားအိမ်နံရံကို သန္ဓေသား တွယ်တဲ့အချိန်ပါ။ Implantation bleeding လို့ခေါ်ပါတယ်။ သဘာဝအတိုင်းပဲ ဆင်းတာပါ။ နည်းနည်းပဲဆင်းပြီး ဆက်မဆင်းတော့ဘူးဆို စိတ်မပူရပါဘူး၊ ဒါပေမဲ့ ကလေးပျက်ချင်သလိုလို ဖြစ်ရင်လည်း ဆင်းပါတယ်။

သေွးနည်းနည်းပဲ ဆင်းသေးတဲ့အချိန်မှာ ဒီအခြေအနေနှစ်ခုက ခွဲခြားခက်ပါတယ်။ သေွးဆင်းပြီး ၁၀-၁၄ ရက်လောက်အကြာမှာ အာထရာဆောင်း ပြန်ရိုက်ကြည့်ရပါမယ်။ ရိုက်ပြီးကြည့်တဲ့အခါမှာ သန္ဓေသားလေး ဆက်လက်ကြီးထွားလာပြီး နှလုံးခုန်နေရမယ့် အချိန်မှာလည်း နှလုံးခုန်တာတေွ ရှိနေပြီးဆိုရင်တော့ ကောင်းကောင်း စိတ်အေးရပါပီ။

တချို့ကတော့ ကလေးပျက်ချင် သလိုလိုုဖြစ်တုန်းက အချင်းနည်းနည်း ကွာထားတာကြောင့် ရင်သေွးလေး ကြီးထွားမှုကို ထိခိုက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်စောင့်ရေှာက်မှုကို မှန်မှန်ခံယူဖို့ လိုပါတယ်။ ကိုယ်ဝန် ၂ လ နဲ့တုန်းက သေွးနည်းနည်းဆင်းဖူးတဲ့ မိခင်လောင်းတေွအနေနဲ့က ကိုယ်ဝန် ၃ လ ကျော်၊ ၄ လထဲမှာ ဆီးစပ်ကိုက်တာတို့၊ ခါးကိုက်တာတို့ဖြစ်လာရင်တော့ အရေးကြီးပါတယ်။

ရင်သေွးလေးတေွအတွက် စိုးရိမ်ရတာမို့ ဆေးရုံ၊ ဆေးခန်းသို့ ကိုယ်တိုင် သွားပြီးတော့ တိုင်ပင်ဆေွးနေွး စောင့်ရေှာက်မှုခံယူဖို့ လိုအပ်ပါတယ်။
Ref; ကိုယ်ဝန်ဆောင်မိခင်များအတွက်
မေးလိုရာမေး မေ့ရင်သေွး
ဒေါက်တာမြသီတာ
စာအုပ်မှ ကောက်နုတ်ထားပါသည်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.