မေမေတို့ရေ ညအချိန်မှာပဲဖြစ်ဖြစ် နေ့ဘက်အချိန်မှာပဲဖြစ်ဖြစ် သားသားမီးမီးလေးတို့တေွအိပ်စက်တဲ့အခါ ပုံစံအနေအထားမှန်ကန်စေဖို့အရေးကြီးပါတယ်။ အိပ်စက်တဲ့ ပုံသဏ္ဍာန်မမှန်တဲ့အခါ ကလေးတွေအိပ်စက်ရင်း အသက်ရှူလမ်းကြောင်းပိတ်ပြီး အခက်တွေ့တတ်ပါတယ််နော်။ နောက်ပြီး ဘေဘီလေးတွေရဲ့ ကျန်းမာရေးနဲ့ ခန္ဓ္ဓာအနေအထားအဆင်ပြေစေဖို့အတွက် အိပ်စက်တဲ့အခါ ဖေဖေ၊ မေမေတို့က အနေအထားမှန်ကန်အောင် ဂရုတစိုက်ပြုပြင်ပေးရမှာဖြစ်ပါတယ်။
မေမေတို့ရေ ပုံလေးမှာပြထားတဲ့အတိုင်း ရင်သွေးလေးတွေအိပ်စက်တဲ့အခါ ပက်လက်အနေအထားနဲ့အိပ်စက်စေတာအကောင်းဆုံးပါပဲ။ အချို့ကလေးလေးတွေက အိပ်စက်ရင် ဘေးစောင်းသွားတာ၊ ဝမ်းလျားမှောက်သွားတာတွေဖြစ်တတ်တဲ့အတွက် မေမေတို့က ပြန်လည်ပြီးအနေအထားမှန်ကန်အောင်ပြုလုပ်ပေးရပါမယ်နော်။ ဒါမှလည်းကလေးရဲ့ကျန်းမာရေးအတွက်ရော၊ အသက်ရှူတဲ့ပုံစံအနေအထားပါ မှန်ကန်စေနိုင်မှာပါ။
နောက်ပြီး အိပ်စက်တဲ့အခါ ရင်သွေးငယ်လေးတွေကို အသက် ၆ လလောက်အထိ ပုံသွင်းခေါင်းအုံးလေးနဲ့ သိပ်ရင်တော့ အကောင်းဆုံးပါပဲနော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး