စျေး မီဒီယာ

Posted by Nilar Linn October 14, 2020

တစ်ဝဲလည်လည် ဝဲကလေးငယ်

ဆရာတို့ပတ်ဝန်းကျင်မှာ မြို့မှာဖြစ်ဖြစ်၊နယ်မှာဖြစ်ဖြစ် သုံးလေးနှစ်ကစပြီး ကိုးနှစ်၊ဆယ်နှစ်ရွယ်တွေထိ ဝဲကလေးတွေကူးပြီး
ဆေးခန်းကိုရောက်လာတတ်ကြပါတယ်။
တစ်ချို့လေးတွေဆိုရင် သူတို့ရဲ့အစ်ကို၊အစ်မတွေဆီကပြန်ကူးတာကြောင့် လသားအရွယ်ကတည်းက ဝဲပေါက်တတ်ကြပါတယ်။
ဒါကြောင့် ဝဲရောဂါအကြောင်းကို ဒီနေ့ပြောပြပါမယ်။

ဝဲရောဂါဟာ အရေပြားရောဂါတစ်မျိုးပါပဲ။ ဒါပေမယ့် ရေယုန်၊ ပြည်တည်နာ စတာတွေလို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးမဟုတ်ပါဘူး။ တကယ်တော့ ဝဲရောဂါကိုဖြစ်စေတာဟာ ခြေချောင်းလေးတွေပါတဲ့ မွှားကောင်တစ်မျိုးကြောင့်ပါပဲ။ ဆေးပညာအခေါ်အရ Sarcoptes Scabiei လို့ခေါ်တဲ့အကောင်လေးတွေပါ။ ဒီမွှားကောင်ကလေးတွေဟာ ခြေတံ၊လက်တံတွေပါတာကြောင့် တစ်နေရာကတစ်နေရာကို သွားလာနိုင်ကြပြီး
တစ်ယောက်ဆီကတယောက်ကို ကူးသွားနိုင်ပါတယ်။ ဒါကြောင့် အိမ်တစ်အိမ်မှာ အိမ်သားတစ်ယောက်ဝဲပေါက်ရင် တစ်အိမ်သားလုံးဝဲပေါက်နိုင်ပါတယ်။

ဒီတော့ ဝဲ​ရောဂါရဲ့ လက္ခဏာတွေကို ပြောပြပါမယ်။ ဝဲဖြစ်စေတဲ့မွှားကောင်လေးတွေဟာ အကြိုအကြားတွေမှာ နေရတာကိုကြိုက်ပါသတဲ့။ ဒါကြောင့်
- လက်ချောင်းလေးတွေရဲ့ကြား၊ခြေချောင်းလေးတွေကြား (Web Area) တွေယားတယ်ဆိုပြီးလာတတ်ပါတယ်။
- ဒီ့ထက်ဆိုးလာရင် ချိုင်းကြား၊ပေါင်ကြား ဒီကမှတစ်ဆင့် တစ်ကိုယ်လုံးယားလာတတ်ပါတယ်။
- ဒီလိုယားတဲ့အခါ ကလေးတွေကမဆင်မ​ခြင်တအားကုပ်မိတာကြောင့် အရေပြားတွေပေါက်ပြဲပြီး ထပ်ဆင့် ဘတ်တီးရီးယားပိုးဝင်ကာ ပြည်တည်နာတွေပေါက်လာပါတော့တယ်။
ဒီအခါ ဆရာတို့အနေနဲ့ ဝဲအပြင် ပိုးကိုပါ ကုသရပါတော့တယ်။

ဝဲကို ကုသတဲ့အခါ လိမ်းဆေး၊ သောက်ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲဖို့လိုအပ်ပါတယ်။ Burscabies၊ Permethrin အစရှိတဲ့ လိမ်းဆေးတွေကိုတော့အများစုက သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အချို့ဝဲဆေးတွေက အသက်ငယ်လွန်းသေးတဲ့ ကလေးတွေအတွက် သုံးဖို့မသင့်တော်တာကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးစွဲသင့်ပါတယ်။
ဝဲကို ကုရင် တစ်ယောက်ကုရင် တစ်အိမ်လုံးဂရုစိုက်ရပါမယ်။ ဝဲဖြစ်စေတဲ့အကောင်လေးတွေဟာ အစောကပြောခဲ့သလို ခြေလက်လေးတွေပါတာကြောင့် လျှောက်သွားတဲ့အခါ လူပေါ်ကနေ ကလေးရဲ့အကျီ၊ ခေါင်းအုံးစွပ်၊ စောင်ခြင်ထောင် စတာတွေပေါ်မှာပါ ကပ်နေတတ်တာကြောင့် စတင်ကုသတဲ့ရက်က စပြီး အဝတ်အစား စောင်ခြင်ထောင် စတာတွေကို မကြာခဏလျှော်ပေးရပါတယ်။ ဖြစ်နိုင်ရင် တစ်အိမ်လုံး လျှော်သင့်ပါတယ်။ ဒါမှ ကလေးခန္ဓာကိုယ်ပေါ်က ဝဲကင်းစင်ချိန်မှာ အိပ်ယာ၊အဝတ်အစား စတာတွေကနေပြန်ပြီး ကူးစက်မှာကို မပူရတော့မှာပဲ ဖြစ်ပါတယ်။

အခြေခံ ကာကွယ်မှုအနေနဲ့
- လက်ခဏခဏဆေးပါ။
- ကလေးတွေ ဖုန်တွေသဲတွေနဲ့ဆော့ပြီးပြန်လာရင် ရေချိုးပါ။
- ဝဲရှိသူတစ်ဦးဦးမှ ကလေးငယ်ကို ချီပွေ့ခြင်း ထိတွေ့ခြင်းရှိပါက ရေချိုးသန့်စင်ပေးပါ။
- အိမ်သားတစ်ဦးတွင် ဝဲရှိပါက တစ်အိမ်လုံး သန့်ရှင်းရေးဂရုပြုပါ။ လိုအပ်လျှင် တစ်အိမ်လုံး ဆေးကုသမှုခံယူပါ။

မေတ္တာဖြင့်
စိုင်းမြတ်သူ

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.