
မိဘများ စိတ်ပူလေ့ရှိသော နားဖာဂျီး ပြဿနာအား ဦးစွာရှင် းပြပေးလိုပါတယ်။ နားဖာချေးဟူသည် နားအတွင်းရှိ အဆီဂလင်း၊ ချေွးဂလင်းနှင့် အရေပြား အမှုန်အမွှားလေးများ စုပေါင်းရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူတစ်ဦးနှင် တစ်ဦး မတူပါ။ တချို့သည် နားဖာဂျီးအစိုထွက်၍ တချို့သည် နားဖာဂျီး အခြောက်ထွက်ပါသည်။ ပုံမှန်အားဖြင့် နားအတွင်းမှ အမေွှးလေးများသည် ၄င်းနားဖာဂျီးများအား အပြင်သို့ လဲှထုတ်ခြင်းအားဖြင့် သန့်ရှင်းရေး လုပ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် နားအဝရှိ နားဖာဂျီးများအား အဝတ်သန့်သန့်ဖြစ်သော်လည်းကောင်း၊ ဂွမ်းသန့်သန့်ဖြစ်သော်လည်းကောင်း၊ သန့်ရှင်းပေးလျှင် လုံလောက်ပါတယ်။
နားကျပ်တံ ( Cotton bud) ဖြင့် နားသန့်ရှင့်းရေးလုပ်ခြင်းသည် အပြင်ကိုထွက်မည့် နားဖာဂျီးများအား အတွင်းသို့ တိုးဝင်စုပုံစေပါတယ်။ အခန့်မသင့်ရင် နားစည်မြေှး ပေါက်ပြီး အကြားအာရုံ ထိုခိုက်နိုင်ပါတယ်။ အနားအတွင်းထဲ နားဖာဂျီး လုံးဝပိတ်ဆို့နေမှသာလျှင့် တတ်ကျွမ်းတဲ့ ပညာရှင်မှ အဏုကြည့်မှန်ပြောင်းသုံး၍ သန့်ရှင်းပေးပါလိမ့်မယ်။ နားဖာဂျီးသည် မာခဲနေလျှင် ဦးစွာပထမအနေဖြင့် ပျော့သွားစေရန် (Glycerin) ဂလစ်စရင်းပါသော အရည်ထည့်ပေးပြီးတော့ ပျော့သွားအောင် ပြုလုပ်ရန် လိုပါသည်။အခြား မသန့်ရှင်းသည့် နားသန့်ဆေးများ သုံးပါက ပိုးဝင်ပြီး နားကိုက်ခြင်း၊ နားယောင်ခြင်းများ ဖြစ်စေနိုင်ပါတယ်။
နောက်ထပ်ဖြစ်နိုင်တဲ့ ပြဿနာများက နားအတွင်း ပိုးကောင်းနှင့် အခြားအရာများ မတော်တဆဝင်သော ပြဿနာဖြစ်သည်။ နားအတွင်းသို့ ပိုးကောင်းဝင်ပါက ဦးစွာပထမ ၄င်းအကောင်အား သေစေနိုင်ရန် အရည်တစ်မျိုးမျိုး (ရေ၊ ဆီ)ထည့်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ၄င်းအကောင်မှ ကုတ်ခြစ်ခြင်း၊ ကိုက်ဖြတ်ခြင်းတို့ကြောင့် နားအပြင်လမ်းကြောင်းနှင့် နားစည်အား ထိခိုက်ထားမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။ ပြီးမှသာ ထုတ်ယူရန် နား၊နှာခေါင်း၊လည်ချောင်း အထူးကုနှင့် တိုင်ပင်ဆေွးနေွးသင့်ပါသည်။ နားအတွင်းသို့ စပါးစေ့၊ ခံဖျက်စသည့် အရာတေွဝင်ခဲ့ရင်လဲ ကျွမ်းကျင်ပညာရှင်များနှင့်သာ ထုတ်ယူသင့်ပါသည်။ ရင်သေွးလေး အကြားအာရုံ၊ အပြောစွမ်းရည် မြင့်မားစေဖို့အတွက် မေမေတေွ နားကျန်းမာရေးကို သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။
Ref; မေ့ရင်သေွး (ဒေါက်တာ အောင်ထက်ထွန်း ဆောင်းပါးမှ)