မေမေတို့ရေ ဘေဘီလေးတေွအတွက် မျက်နှာတဝိုက် သန့်ရှင်းရေးပြုလုပ်တော့မယ်ဆိုရင်တော့ နူးညံ့ညင်သာစွာဆောင်ရွက်ဖို့ အဓိက လိုအပ်ပါတယ်နော်။ ဘေဘီလေးတေွရဲ့ အသားအရေက နုနယ်လွန်းတဲ့အတွက် သူတို့လေးတေွကို ကိုင်တွယ်တဲ့အခါ သေချာလေး ဂရုစိုက်ပေးသင့်ပါတယ်။ ဘေဘီလေးတေွရဲ့ မျက်နှာတဝိုက် သန့်ရှင်းရေးပြုလုပ်မယ်ဆိုရင်တော့ ဦးဆုံးအနေနဲ့ မျက်လုံးလေးကို သန့်ရှင်းပေးပြုလုပ်ပေးရမှာပါ။
- သန့်စင်တဲ့ဂွမ်းလုံးလေးကို ယူပြီး ရေနေွးနေွးလေးနဲ့စိမ်ရပါမယ်။ ပြီးတဲ့အခါ ရေညှစ်ပြီး မျက်လုံးလေးတဝိုက်ကို ညင်ညင်သာသာနဲ့ လှည့်ပတ်ပြီး သန့်စင်ရမှာပါ။
- အဲ့ဒီမှာ သတိပြုရမှာကတော့ မျက်လုံးတစ်ဖက်စီကို ဂွမ်းလုံးတစ်ခုစီ အသုံးပြုပေးဖို့လိုပါတယ်။ တစ်ဖက်ကိုသန့်စင်ပြီးတဲ့ ဂွမ်းလုံးနဲ့ အခြားတစ်ဖက်ကို သန့်စင်မှုကနေ ရေှာင်ကြဉ်ရပါမယ်နော်။
ဆက်လက်ပြီး သန့်ရှင်းရေးပြုလုပ်ပေးဖို့ ဆိုရင်တော့ နှာခေါင်းသန့်ရှင်းရေး ပြုလုပ်ပေးနိုင်ပါတယ်။
- နှာခေါင်းသန့်စင်တဲ့အခါမှာတော့ ဂွမ်းလုံးလေးကို လက်လေးနဲ့လိပ်ပြီး အသုံးပြုနိုင်သလို ဂွမ်းချောင်းလေးနဲ့လည်း အသုံးပြုနိုင်ပါတယ်။
- နှာခေါင်းအတွင်းပိုင်းထဲအထိ ထိုးသွင်းမပြုလုပ်ဘဲ အပြင်ပိုင်းနှာခေါင်းကြားလေးတေွကို သန့်စင်ပေးရပါမယ်။
- နှာခေါင်းအဝလေးကိုတော့ သန့်စင်တဲ့အခါ ရေတေွအများကြီးမစွပ်ဘဲ သန့်စင်ပေးဖို့ လိုအပ်ပါတယ်နော်။
မေမေတို့ရေ ဘေဘီလေးတေွရဲ့ ပါးစပ်ကို သန့်စင်တော့မယ်ဆိုရင်တော့ ပိုပြီးဂရုစိုက်ပေးရပါမယ်။ သန့်ရှင်းရေးအတွက် တာဝါကို သန့်စင်ပြီးပိုးသေဖို့ဂရုစိုက်သင့်ပါတယ်။
- သန့်ရှင်းရေးမပြုလုပ်မီမှာ သန့်ရှင်းတဲ့ရေနေွးလေးနဲ့ တာဝါကို အရင်ဆုံးပိုးသတ်သင့်ပါတယ်။
- အဲ့ဒါမှလည်း ပါးစပ်ကတဆင့် ရောဂါပိုးမွှားတေွ မဝင်ရောက်နိုင်မှာပါ။
- နှုတ်ခမ်းအတွင်းအပြင် တဝိုက်နဲ့ လှျာလေးတေွကိုပါ ပွတ်တိုက်သန့်စင်ပေးဖို့လိုပါတယ်။ နို့စို့ကလေးလေးတေွအတွက် လှျာပေါ်မှာ နို့ပေွးတတ်တာကြောင့် မေမေတို့က ဂရုစိုက်ပြီး သန့်စင်ပေးရမှာပါ။
- တကယ်လို့ သွားပေါက်နေပြီဖြစ်တဲ့ ဘေဘီတို့ကို သန့်စင်ပေးမယ်ဆိုရင်တော့ သွားပွတ်တံလေးကိုအသုံးပြုနိုင်ပါတယ်။
- ပြီးတဲ့အခါမှာတော့ နားလေးကို နားကြပ်ဂွမ်းတံလေးနဲ့ ညင်သာစွာ သန့်စင်ပေးနိုင်ပါတယ်။
အဲ့ဒီလိုသန့်ရှင်းရေးပြုလုပ်ပေးပြီးရင်တော့ မျက်နှာတပြင်လေးကို ဂွမ်းလုံးလေးနဲ့ ညင်ညင်သာသာလေး သန့်စင်ပေးရပါမယ်။ သန့်စင်တဲ့ ရေနေွးနေွးလေးထဲမှာ ဂွမ်းလုံးလေးကိုစိမ်ပြီး ရေညှစ်ချပြီးမှ မျက်နှာပေါ်ကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်နော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)