စျေး မီဒီယာ
အခြား

ဗိုက်ကြောပြတ်လို့ စိတ်မညစ်ပါနဲ့

Posted by Zaw Lin Aung October 10, 2020
Klhsdcujgldrcbdbzjr5

အရေပြားမှာ အဖြူစင်းကြောင်း လိုင်းလေးတွေ ပေါ်တာကို အကြောပြတ်တယ် (stretch marks) လို့ ခေါ်ပါတယ်။ ပေါင်၊ ရင်သား၊ တင်ပါး၊ လက်မောင်း၊ ဒူး စတဲ့နေရာတွေမှာလည်း ဖြစ်ကြတယ်။ အများစုက ဗိုက်ကြောပြတ်တာ (abdominal stretch marks) ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အဝလွန်သူတွေမှာ တွေ့ရတယ်။လူ့အရေပြားမှာ အလွှာသုံးလွှာ ရှိတယ်။ အပေါ်ယံ အရေပြား (Epidermis)၊ အလယ်လွှာ (Dermis) နဲ့ အောက်လွှာ(Hypodermic) ဆိုပြီး သုံးလွှာရှိတယ်။

Ludgpkmwyxrmlyxbawoe

အကြောပြတ်တယ်ဆိုတာ အပေါ်ယံ အရေပြားရဲ့အောက် Dermis (အလယ်လွှာ) မှာရှိတဲ့ ဆဲလ်တွေ ပုံမှန်ထက် ရုန်းဆန့်ရတာကနေ ဖြစ်ပေါ်လာတယ်။ ဥပမာ သားရေကွင်း တစ်ကွင်းကို မူလ ခံနိုင်တာထက် ပိုဆွဲဆန် ့လိုက်ရင် ကွင်းကျယ်လာတယ်။ ဒီသဘောပါပဲ။ အရေပြားမှာ ကိုလာဂျင်တွေနဲ့ ဖွဲ့စည်းထားတာမို့ တွယ်ဆက်လွှာ(connective tissue)တွေက လိုအပ်တာထက် ပိုရုန်းဆံ့ရရင် အကြောပြတ်လာတယ်။ ဖြစ်ကာစမှာ ပန်းရောင် အစင်းကြောင်းတွေ အရင်ပေါ်လာပြီး အချိန်ကြာတာနဲ့အမျှ ငွေရောင် အစင်းကြောင်းတွေ ပေါ်လာတယ်။ အဲလိုအခါမျိုးမှာ ပျောက်ဖို့ ခက်လာတယ်။

Kuqnoxpwpzkwe9j6cfgy

တကယ်တော့ အကြောပြတ်တာ ရောဂါတစ်ခု မဟုတ်ပါဘူး၊ သို့သော် လူမြင်ကွင်း လိုနေရာမှာ ဖြစ်ရင် ရှက်ရွံ့စရာ ၊ အားငယ်စရာ ဖြစ်ကောင်း ဖြစ်နေတတ်တယ်။ အကြော မပြတ်အောင် လုပ်တဲ့ လက်တွေ့နည်းတွေရှိတယ်။ မြင်းခွာရွက်၊ ငါး၊ အရိုးနု နေ့တိုင်းစားတာကောင်းတယ်။ အရိုးနုက ကိုလာဂျင်ကို ဖြစ်စေတယ်။ အိမ်သုံးနည်းထဲမှာ အလွယ်ဆုံးက မြင်းခွာရွက်ကို ညက်အောင် ကြိတ်ပြီး လိမ်းပေးရတာဖြစ်တယ်။ နောက်တစ်နည်းက သံလွင်ဆီတစ်ဇွန်း၊ ကြက်သွန်နီ တစ်ခြမ်းနဲ့ ရှားစောင်းလက်ပပ်အနှစ်ကို ရောထောင်းပြီး အကြောပြတ်တဲ့နေရာ အုံပေးရင် သုံးလ အတွင်း သိသိသာသာ သက်သာလာသတဲ့။ (တချို့လည်း ထောပတ် ထည့်တယ်)။ အဆိုပါနည်းတွေက stretch marks အကြောပြတ်စ အခြေအနေမှာ ကောင်းတယ်။ အဲဒါမှမရရင် လိမ်းဆေးတွေ လိုလာတယ်။

Ginkibc1npijn66o8ig0

ဆေးခန်းမှာ ဒီလိုလူနာတွေအတွက် ပေးနေကျ လိမ်းဆေးသုံးမျိုး ရှိတယ်။ နည်းနည်းတော့ စျေးကြီးတယ်။
(၁) ဗိုက်ကြောပြတ်တာအတွက် - pregnacare တစ်နေ့ နှစ်ကြိမ်
(၂) ဒူး၊လက်မောင်း အကြောပြတ်ရင် - scarlet X တစ်နေ့ နှစ်ကြိမ်
(၃) ခပ်သေးသေး သိပ်မသိသာတဲ့ နေရာတွေမှာ အကြောပြတ်ရင် - scagel တစ်နေ့တစ်ကြိမ် လိမ်းခိုင်းတယ်။ လူနာတွေကို ပြန်ခေါ်ကြည့်တော့ အာနိသင် မဆိုးကြပါ။ တချို့လည်း ပျောက်သွားကြတယ်။ အကြောပြတ်တာအတွက် ဆေးတွေ လိမ်းတဲ့အခါ သုံးလ-ခြောက်လထိ လိမ်းပေးဖို့ လိုပါတယ်။ ဖြည့်စွက်ဆေးအနေနဲ့ vitamin E 400mg နဲ့ biotin 5mg နေ့စဉ်ပေးရတယ်။ ဒီလိုသောက်ပေးခြင်းက အရေပြားအတွက်သာမက အကြောပြတ်ခြင်းကို ကာကွယ်ပေးတယ်။
#Ref( ဒေါက်တာ အေးမင်းထူး)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.