စျေး မီဒီယာ
အခြား

ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးရင် ဘာတွေပြင်ဆင်ထားရမလဲ

Posted by Zaw Lin Aung October 8, 2020
Uxebd7ig2umbfvrwahio

ဘာတွေကြိုတင် ပြင်ဆင်ရမယ်ဆိုတာကို ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေး ဝန်ထမ်းတွေနှင့် တွေ့ဆုံးဆွေးနွေးနိုင်ရင် အကောင်းဆုံးပါပဲ။ အကြမ်းဖျင်းသိထားသင့်တာတွေ ပြောရရင်တော့........

Uffqwj1zvnfz05djdfsj

၁။ ကိုယ်ဝန်ယူဖို့ သင့်တော်တဲ့အချိန်ကို ဇနီးမောင်နှံနှစ်ဦး တိုင်ပင်ရွေးချယ်ပြီး ဆုံးဖြတ်ပါ။
၂။ ကိုယ်ဝန်တကယ်မယူခင် (၃) လလောက် ကြိုပြီးအချိန်ယူပြင်ဆင်ပါ။
၃။ ရွေးချယ်တဲ့အချိန်ထက် အနည်းဆုံး (၃) လလောက် လက်ရှိသုံးနေတဲ့ တားဆေးရှိရင် ရပ်ထားပါ။ ရပ်ထားစဉ်ကာလမှာ ကွန်ဒုံးသုံးနေသင့်ပါတယ်။ အနည်းဆုံးတစ်ကြိမ်တော့ ပုံမှန်ရာသီသွေး ပြန်ဆင်းဖို့သင့်ပါတယ်။ တချို့ပဋိသန္ဓေတားဆေးတွေက ရပ်လိုက်ပြီးရင် ဓမ္မတာကလာတာ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်တစ်ခုစောင့်ရပါတယ်။ အဲဒီလို ဓမ္မတာလာတာ ပုံမမှန်သေးချိန်မှာ ကိုယ်ဝန်တည်သွားရင် ကလေးဘယ်တော့လောက် မွေးမယ်ဆိုတာ ခန့်မှန်းဖို့ခက်ပါတယ်။

O6qcrpwppdirnmkquwax

၄။ ဆရာဝန်နှင့်ပြရန် လက်ရှိစားသုံးနေတဲ့ ဆေးဝါးများကို ရပ်သင့်တာတွေကို ရပ်ပြီး ၊ ပြောင်းသင့်တာတွေပြောင်းဖို့ လိုပါလိမ့်မယ်။ တချို့ဆေးဝါးတွေက သန္ဓေသားကို ထိခိုက်စေပြီး၊ တချို့ဆေးတွေက သားသမီးရဖို့ ခက်ခဲစေနိုင်ပါတယ်။
၅။ လင်ရောမယားပါ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးဖြတ်ပါ။
၆။ အမျိုးသမီးက ကိုယ်ဝန်တကယ်မယူခင် အနည်းဆုံး (၁) လလောက်ကစပြီး ဖောလစ် အက်ဆစ် အားဆေးစသောက်သင့်ပါတယ်။ ဖောလစ်အက်ဆစ်အားဆေးကို တစ်နေ့ (၁) လုံးသောက်ရပါရတယ်။ တကယ်လို့ သွေးအားနည်းနေတယ်ဆိုရင် သံဓာတ်ဆေးပြားကို လည်း ကြိုတင်သောက်ထားသင့်ပါတယ်။

Max58pl7usxytesivov7

၇။ အမျိုးသမီးရော၊ အမျိုးသားပါ ကာလသားရောဂါတွေ ရှိမရှိ စစ်ဆေးပြီးရှိခဲ့ရင် ပျောက်ကင်း တဲ့အထိ ဆေးကုသမှုခဲယူသင့်ပါတယ်။ ကာလသားရောဂါတချို့ဟာ ကိုယ်ဝန်ရဖို့ခက်ခဲစေ ပါတယ်။ တချို့ကာလသားရောဂါတွေက သန္ဓေသားဆီ ကူးစက်နိုင်ပါတယ်။
၈။ အမျိုးသမီးရော အမျိုးသားပါ အိပ်ချ်အိုင်ဗွီပိုးရှိနေမနေ ဆိုတာလဲ သွေးစစ်ကြည့်သင့် ပါတယ်။ သွေးမစစ်ခင် ကျန်းမာရေးဝန်ထမ်းတစ်ဦးဆီမှာ တွေ့ဆုံဆွေးနွေးမှု အရင်ယူ သင့်ပါတယ်။ သွေးစစ်ဆေးတွေ့ရှိကိုလည်း ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ပြန်ဆွေးနွေး သင့်ပါတယ်။ ဒါမှ သွေးအဖြေပေါ်မူတည်ပြီး သင့်တော်သလို ဆက်ဆောင်ရွက်သွားနိုင်ဖြစ် ပါတယ်။
၉။ အမျိုးသမီးကဝနေရင် ကိုယ်အလေးချိန်လျော့ချဖို့လိုပါတယ်။

Jzsyvdyayo1sx1vzw3c1

၁ဝ။ အာဟာရကို မျှမျှတတ သုံးဆောင်ဖို့လည်းလိုပါတယ်။
၁၁။ အကယ်၍ သင်နှင့်သင့်အမျိုးသား (သို့) သင်နှင့်သင့်အမျိုးသား၏ အဖေအမေ၊ အဖိုးအဖွား မှာ မျိုးရိုးလိုက်တဲ့ ရောဂါတစ်ခုခုရှိခဲ့ရင်၊ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန် နဲ့တွေ့ပြီး ဆွေးနွေးပါ။ အဲဒီလို ဆွေးနွေးရင် မွေးလာမဲ့ကလေးဆီ ဒီမျိုးရိုးလိုက်ရောဂါပါ လာနိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်ရှိသလဲဆိုတာ သိနိုင်ပါတယ်။ ဒါဆို ကိုယ့် ရဲ့ကိုယ်ဝန်ဆောင်တဲ့ကိစ္စနှင့်ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်နိုင်တာပေါ့။ မျိုးရိုး လိုက်ရောဂါတွေဟာ အဖြစ်တော့မများလှပါဘူး။ ဘာပဲဖြစ်ဖြစ် ကြိုကြိုတင်တင် စဉ်းစားပြီး လုပ်သင့်တာ လုပ်နိုင်တာ အကောင်းဆုံးပါ။
၁၂။ နောက်ပြီး လုပ်ငန်းခွင့်မှာပဲဖြစ်ဖြစ်၊ အိမ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ အန္တရာယ်ဖြစ်နိုင်မယ့် ဓာတုပစ္စည်းတွေရှိခဲ့ရင် ထိတွေ့မှု၊ ရှုရှိုက်မှုတွေ မရှိအောင် သတိထားပါ။ တစ်ချို့ဓာတု ပစ္စည်းတွေဟာ သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ တစ်ချို့ဓာတုပစ္စည်းတွေကလည်း ကလေးရဖို့ ခက်ခဲစေတတ်ပါတယ်။
#Ref...ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.