Kyarlay.com

over 1 year

အပူဒဏ်ကြောင့် ခံစားရသည့်လက္ခဏာများကြောင့် ဘေဘီလေးတွေကို ထိန်းကျောင်းရာမှာ အခက်တွေ့နိုင်ပါတယ်


S4sy4yv1difdqmvsfl2v

ဖေဖေ၊ မေမေတို့ရေ အခုရာသီကပူပြင်းတဲ့လပိုင်းရောက်ရှိလာပြီဖြစ်တာကြောင့် အပြင်ထွက်တဲ့အခါ အပူဒဏ်ကြောင့် အောက်ပါဝေဒနာတွေကို ခံစားရတတ်ပါတယ်။
- ပျို့ခြင်း (သို့မဟုတ်) ဂနာမငြိမ်ဖြစ်ခြင်း
- ခေါင်းမူးနောက်ခြင်း
- ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း
- မူးမိုက်ခြင်း
- ခေါင်းကိုက်ခြင်း
- နုံးချိခြင်း
- ရေဆာခြင်း
- ချွေးအလွန်အကျွံထွက်ခြင်း
- ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း စတဲ့ဝေဒနာတွေကိုခံစားရတတ်ပါတယ်။
တကယ်လို့ပိုမိုပြင်းထန်စွာခံစားရပြီဆိုရင်တော့ ..
- အရေပြားပူပြီးခြောက်သွေ့တာ
- စိတ်ရှုပ်ထွေးတာ
- သတိလစ်တာ၊ တက်တာ
- ခန္ဓာကိုယ်အပူချိန်အလွန်အကျွံမြင့်တက်တာတွေကို ခံစားရတတ်ပါတယ်နော်။

ဖေဖေ၊ မေမေတို့ရေ အပူဒဏ်ကြောင့်ခံစားရတတ်တဲ့ဝေဒနာတွေခံစားရတဲ့အခါ ဘေဘီလေးတွေကို ထိန်းကျောင်းတဲ့အခါမှာလည်း ဘေဘီတို့ပျော်ရွှင်အောင်ထားနိုင်ဖို့အတွက် အခက်အခဲရှိတတ်ပါတယ်။ အထူးသဖြင့် ဘေဘီလေးတွေကို ထိန်းကျောင်းကြမယ့်သူတွေအနေနဲ့ အပူဒဏ်ကြောင့်ဖြစ်တဲ့ဝေဒနာတွေကို မခံစားရစေဖို့ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားမယ်ဆိုရင်တော့အကောင်းဆုံးပါပဲနော်။ စိတ်တွေရှုပ်ထွေးပြီး မကြည်လင်တဲ့အခါ ကလေးတွေကို ထိန်းကျောင်းတဲ့အခါမှာလည်း အဆင်မပြေနိုင်တဲ့အတွက် ဖေဖေ၊ မေမေတို့တွေက ဂရုစိုက်ပေးပါလို့ ကျားလေးက အကြံပြုလိုက်ပါတယ်နော်။