ဖေဖေ၊ မေမေတို့ရေ မကြာမီမှာ မြန်မာရိုးရာ အတာသင်္ကြန်အချိန်ကာလကိုရောက်ရှိလာတော့မှာပါ။ ဒီအချိန်မှာ ဖေဖေ၊ မေမေတို့ရော သားသားမီးမီးတို့ပါ ရေဆော့ကစားကြတဲ့အခါ အားလုံးအတွက် နေရောင်ခြည်ဒဏ်(အထူးသဖြင့် ခရမ်းလွန်ရောင်ခြည်ဒဏ်) မခံရအောင် ဂရုစိုက်ပေးဖို့လိုပါတယ်။ ဧပြီလက အပူချိန်ပြင်းတဲ့ကာလဖြစ်လို့ အပြင်ထွက်တဲ့အခါ နေရောင်ခြည်ဒဏ်ကို ခံနိုင်မယ့် SPF ပါတဲ့ lotion တေွကို မဖြစ်မနေလိမ်းထားဖို့တော့လိုပါတယ််နော်။ သားသားမီးမီးတို့တွေက လူကြီးတွေထက် ပိုပြီး နေရောင်ဒဏ် (ခရမ်းလွန်ရောင်ခြည်ဒဏ်) ကျရောက််နိုင်တာကြောင့် ဂရုစိုက်ကာကွယ်ပေးဖို့လိုပါတယ်။
မေမေတို့ရေ သင်္ကြန်ကာလအတွင်း ရင်သွေးငယ်လေးတွေ ခရမ်းလွန်ရောင်ခြည်ဒဏ်(နေရောင်ဒဏ်) ကြောင့် အန္တရာယ်မဖြစ်စေဖို့အတွက် ...
- အသက် တစ်နှစ်အောက်ကလေးငယ်တွေကို နေပူထဲကို ခေါ်ဆောင်မှုမပြုပါနဲ့
- ကလေးငယ်တွေကို ရေဆော့ကစားစေတဲ့အခါ နေပူထဲကိုသွားရောက်ဆော့ကစားမှုမပြုပါစေနဲ့
- အပြင်ထွက်ပြီးဆော့ကစားတဲ့အခါ သနပ်ခါးထူထူလိမ်းတာ (ဒါမှမဟုတ်) နေရောင်ခံလိမ်းဆေးကို မျက်နှာ၊ လည်ပင်း၊ ပုခုံး၊ နောက်ကျော၊ ခြေထောက်နဲ့ ခြေဖမိုးတွေကို သေချာလိမ်းပေးပါ။
- အပြင်ကိုထွက်ပြီးရေဆော့ကစားတဲ့အခါ နေကာမျက်မှန်တပ်ဆင်ပေးပြီး ဦးထုပ်ဆောင်းပေးပါ။ အင်္ကျီလက်ရှည်ဝတ်ဆင်ပေးပါ။
ကလေးငယ်တွေသာမကဘဲ ဖေဖေ၊ မေမေတို့ကလည်း သင်္ကြန်ကာလ ရေကစားထွက်တဲ့အခါ နေရောင်ခြည်ဒဏ်ကို မခံစားရစေဖို့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်သွားကြဖို့လိုအပ်ပါတယ်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး
ဘေဘီလေးတေွ နေရောင်ခြည်ဒဏ်မခံစားရစေဖို့အတွက် SPF ပါ၀င်တဲ့ ကလေးသုံးနေရောင်ခံလိမ်းဆေးတေွကို ကျားလေးရဲ့ သင်္ကြန်ကာလ Promotion ကာလဖြစ်တဲ့ ဧပြီလ (၁) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း 25 % Discount ရယူပြီး ၀ယ်ယူနိုင်ပါတယ်နော်။