စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်ချိန် သိမှတ်ဖွယ်ရာများ

Posted by Zaw Lin Aung October 1, 2020
Pakqwfbzes9tikjapkjo

ကိုယ်ဝန်ဆောင်မိခင်၏ အနေအထိုင် အပြုအမူများသည် သန္ဓေသားထံသို့ ရိုက်ခတ်မည်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်သည် ကျန်းမာရေးကောင်းမွန်နေသင့်သည်။ အာဟာရ ပြည့်ဝလုံလောက်စွာ စားသုံးပေးသင့်သည်။ အိပ်ရေးဝစွာ အိပ်ပေးသင့်သည်။ သင့်လျော်သော အားကစား၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ပေးသင့်သည်။ ကိုယ်ဝန်ဆောင်မိခင်များသည် သန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေထိုင်သင့်သည်။ သင့်လျော်သော ကိုယ်ဝန်ဆောင် အင်္ကျ ီဝတ်သင့်သည်။ ကျပ်နေသော ကျဉ်းမြောင်းသော အင်္ကျ ီများ မဝတ်သင့်ပါ။ စိတ်ကြည်နေရန်၊ စိတ်ပျော်နေရန် လိုအပ်မည်။ သင့်လျော်သည့် အစားအစာကို စား၍ အစာကြေကာ ဝမ်းမှန်နေစေရန် ပိုအရေးကြီးပါသည်။ ကိုယ်ဝန်ဆောင်နေချိန်သည် အထူးသဖြင့် ပင်ပန်းနွမ်းနယ်လွယ်တတ်သည်။ ကိုယ်ဝန်ဆောင်နေချိန်တွင် အိပ်ချိန်ပြည့်ဝအောင်အိပ်ရန် အရေးကြီးသည်။ ကိုယ်ဝန်ဆောင်မိခင်များသည် နေ့ခင်းဘက်တွင်လည်း အိပ်စက်အနားယူနိုင်ပါသည်။ အနားယူချိန် သတ်မှတ် အပြည့်အဝနားပေးသင့်သည်။ ကိုယ်ဝန်ဆောင်မိခင်များ အချိန်အကြာကြီး မတ်တတ်ရပ်ခြင်းကိုလည်း ရှောင်ပါ။

R172qqzfeyudzgb4rqsu

ကိုယ်ဝန်ဆောင်နေချိန်တွင် ကိုယ်ဝန်ဆောင်မိခင်ရော၊ သန္ဓေသားပါကျန်းမာနေစေရန်လည်း အရေးကြီးပါသည်။ ကိုယ်ဝန်ဆောင်မိခင်မှ သူ၏ အနေအထိုင်၊ အစားအသောက်ကို ဂရုပြုရမည်ဖြစ်သလို မိမိသန္ဓေသား၏ ကျန်းမာရေးကိုလည်း အမြဲစစ်ဆေးသင့်သည်။ ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကိုယ်ဝန် ၂၈ ပတ် မတိုင်ခင်တစ်ကြိမ်၊ ကိုယ်ဝန် ၃၆ ပတ် မတိုင်ခင်တစ်ကြိမ်၊ ကိုယ်ဝန် ၃၇ ပတ် ကျော်လျင် တစ်ကြိမ်၊ သန္ဓေသား၏ ကျန်းမာရေး ကောင်းမကောင်းကို စစ်ဆေးပေးသင့်ပါသည်။

Pav2u7rp3277waf1zphn

ကိုယ်ဝန်ဆောင်နေချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များသည်
------------------------------------------------------------

၁။ ဆေးလိပ်၊ အရက်လုံးဝမသောက်ရ။

၂။ ကော်ဖီနှင့် လက်ဖက်ရည်အပြစ်သောက်ခြင်းကို ရှောင်ပါ။

၃။ အဆီမြင့်မားစွာ ပါဝင်သော အစားအစာများ စားခြင်းကို ရှောင်ပါ။

၄။ ငရုတ်သီး၊ မဆလာနှင့် အစာအိမ်ကို ထိုးဆွမည့် အပူ၊ အစပ်များကို မစားသင့်ပါ။

၅။ စည်သွပ်ဗူး အစားအစာများ၊ ရယ်ဒီမိတ်ထုတ် အမြန်အစားအစာများ၊ အချိုမှုန့်၊ သိပ်ငန်သော အစားအစာများ လုံးဝမစားသင့်ပါ။

၆။ ဆားကိုအလွန်အကျွံမစားရ

Uuzbmlhnqjotpigevsjr

ကိုယ်ဝန်ဆောင်နေချိန်ကာလတွင် ခန္ဓာကိုယ်အလေးချိန်မှာ တဖြည်းဖြည်းတိုးလာတတ်သည်။ ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းကာလများတွင် တစ်ကီလို၊ နှစ်ကီလိုခန့် ကိုယ်အလေးချိန်တက်လာတတ်သည်။ နောက်ပိုင်းတွင် ငါးကီလိုခန့် တက်တက်လာသည်။ မွေးဖွားခါနီး အချိန်ကပ်လာလျှင် ၁၀ ကီလိုမှ ၁၄ ကီလိုအတွင်းခန့် တက်တတ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ ကိုယ်အလေးချိန်တက်လာခြင်းကို မလိုလားပါက ဆရာဝန်နှင့်တိုင်ပင်၍ မိမိနှင့်သင့်လျော်မည့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကိုလုပ်သင့်ပါသည်။ ကိုယ်ဝန်မမြဲတတ်သူများ၊ သားအိမ်အားနည်းသူများ ကိုယ်ဝန်ဆောင်ပါက ကိုယ်ဝန်ဆောင်ချိန်မှ ကိုယ်ဝန်နုချိန်ကာလ၊ ကိုယ်ဝန်သုံးလမတိုင်ခင်တွင် အမျိုးသားနှင့်အတူနေခြင်းမျိုးကို ရှောင်နိုင်လျင်ကောင်းမည်။ ကျန်းမာရေးကောင်းသူ၊ သားအိမ်ကောင်းသူ၊ ပုံမှန်ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နေချိန်တွင် အမျိုးသားနှင့် အတူနေခြင်း Sex ကိစ္စကိုရှောင်ရန်မလိုပါ။

Cdlo5vkepghot4zelpib

သုတေသနပညာရှင်များ၏ စစ်တမ်းများအရ ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလအတွင်းသည် ကိုယ်ဝန်နုစဉ်ကာလဖြစ်သည်။ ထိုကာလတွင် လက်ကိုင်ဖုန်းကြာကြာအသုံးမပြုသင့်ပေ။ ကိုယ်ဝန်ဆောင်မိခင်မှ လက်ကိုင်ဖုန်းအသုံးပြုခြင်းကြာရှည်ပါက သန္ဓေသားထံသို့ Ray ရောင်ခြည်ဖြတ်သန်းရောက်ရှိမှု အဆ ၂၀ ပိုမြင့်မားတတ်သည်။ ထို့ကြောင့် သန္ဓေသား ဖွံ့ဖြိုးမှု ထိခိုက်နိုင်သဖြင့် ကိုယ်ဝန်ဆောင်မိခင်များ လက်ကိုင်ဖုန်း ကြာကြာအသုံးပြုခြင်းကို ရှောင်သင့်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်မှ လက်ကိုင်ဖုန်းအသုံးပြု၍ အချိန်ကြာမြင့်စွာ အင်တာနက်သုံးခြင်း၊ ဂိမ်းကစားခြင်းများ မပြုလုပ်သင့်ပါ။ နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် အိပ်မရခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မက်များမက်၍ နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်ရခြင်းတို့ ဖြစ်တတ်ပါသည်။ ထိုအခါ သန္ဓေသားကိုလည်း ထိခိုက်တတ်သည်။
#Ref( ရွှေပြည့်အိမ်)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.