စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယျဝနျဆောငျဇနီးသညျကို သင် ဘယ်လိုစောင့်ရေှာက်ပေးမလဲ

Posted by Zaw Lin Aung September 28, 2020
Kglxutc8updeoaa3d0pt

ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသမီးတွေအတွက် ဘဝမှာစိတ်လှုပ်ရှားရဆုံးနဲ့ ခန္ဓာကိုယ်မှာ စိန်ခေါ်မှုအကြုံရဆုံးကိစ္စပါပဲ။ သားဦးကိုယ်ဝန်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ်ဝန်ဆောင်ထားရတဲ့ ဇနီးသည်အတွက် ခင်ပွန်းတစ်ယောက်အနေနဲ့အကောင်းဆုံးလုပ်ပေးနိုင်တာကတော့ ပိုပြီးချစ်ခင်ကြင်နာပေးဖို့ပါပဲ။ ဇနီးဖြစ်သူက ကိုယ့်ကလေးကို ကိုးလကြာအောင် ကိုယ်ဝန်လွယ်ထားရချိန်အတွင်းမှာ ကလေးရဲ့ဖခင်ဖြစ်တဲ့ ကိုယ်က အပြင်ကနေ စောင့်ရှောက်ကူညီပေးရမှာပါ။ အကောင်းဆုံးကတော့သူ့အပေါ် စိတ်ရင်းနဲ့ စောင့်ရှောက်ဂရုစိုက်မှု ပြသပေးဖို့ဖြစ်ပါတယ်။ သူကြိုက်တဲ့အရာ၊ မကြိုက်တဲ့အရာတွေ၊ စိတ်စွဲလမ်းမှုတွေနဲ့ မဖြစ်စဖူးဖြစ်လာတဲ့အပြုအမူတွေကို နားလည်ပေးပါ။

Xq7t05z3asrmidazyfjt

၁။ ကိုယ်ဝန်ရှိတဲ့အကြောင်းပြောပြစဉ်မှာ ကောင်းကောင်းတုံ့ပြန်ပါ
--------------------------------------------------------------------

ကိုယ်ဝန်အကြောင်းကြားရတဲ့အချိန်မှာ တအားပျော်ရွှင်ဖို့ စိတ်မရှိရင်တောင်မှ စိတ်မဝင်စားသလိုအပြုအမူမျိုး နဲ့ မတုံ့ပြန်မိပါစေနဲ့။ ဇနီးသည်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့နဲ့ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ သင်ကသူ့အနားမှာရှိနေပေးဖို့ ဦးစားပေးလုပ်ဆောင်ပေးပါ။

Fanmhztlpsuayrn7fmfp

၂။ ကိုယ်ဝန်ဆောင်နဲ့ဆိုင်တဲ့ စာအုပ်တွေ ဖတ်ပါ
------------------------------------------------

သူ့မှာဘယ်လိုတွေပြောင်းလဲနေသလဲဆိုတာ သင်သိလေ၊ နားလည်ပေးပြီး ဘယ်လိုကူညီရမလဲဆိုတာ ပြင်ဆင်နိုင်လေ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီစာအုပ်တွေမှာ ဖခင်လောင်းတွေအတွက် အရမ်းကိုအသုံးဝင်တဲ့ အကြောင်း အရာတွေကိုဖော်ပြထားတဲ့ အထူးအပိုင်းတွေပါရှိတတ်ပါတယ်။

Fkfntavwmtgioqjrwz3w

၃။ ဆရာဝန်ရက်ချိန်းတိုင်းမှာ အတူလိုက်ပေးပါ
-------------------------------------------------

ပုံမှန်ရက်ချိန်းတိုင်းမှာ ဆေးခန်းလိုက်ပို့ပေးတာက အကျိုးရှိတဲ့အချက်သုံးခုရှိပါတယ်။ ပထမအချက်- သင်က ကိုယ်ဝန်ဆောင်ကာလအတွင်း သူနဲ့အမြဲရှိနေပေးတယ်လို့ ဇနီးကိုပြသနိုင်သလို ဒုတိယအချက်က ကိုယ်ဝန်နဲ့ ပတ်သက်ပြီးသင်ကအကုန်သိထားတဲ့အပြင် သူမအတွက်အကောင်းဆုံးပြင်ဆင်ပေးနိုင်လိမ့်မယ်လို့ ထင်မြင်စေပါတယ်။ နောက်ဆုံးအချက်က ဆရာဝန်ပြောသမျှကို ကူမှတ်ပေးထားပါ။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အမျိုးသမီးတွေရဲ့မှတ်ဉာဏ်ကသိပ်မကောင်းတတ်ကြဘဲ စိတ်လှုပ်ရှားနေနိုင်ပါတယ်။ ဒါ့ကြောင့်သင့်ဇနီးသည် မေ့နေတဲ့အချက်တွေရှိနေရင်တောင် သင်က ကူညီပေးနိုင်ပါတယ်။ ဒါဟာအရမ်းအရေးကြီးလို့ ကိုယ်ကအရမ်းအလုပ်များနေရင်တောင်မှ ရက်ချိန်းအတွက် ရအောင်အချိန်လုပြီးအဖော်လိုက်ပေးပါ။

Tnznim4lk8l7dlkhfwfk

၄။ စိတ်ဖိစီးမှုကိုလျှော့ချပေးပါ
--------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာမှာပါ လိုအပ်ချက်များပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ဇနီးသည်ကို မလိုအပ်ဘဲဖိအားမပေးပါနဲ့။ အိမ်အလုပ်တွေကို ကူလုပ်ပေးခြင်းဖြင့်လည်း ဇနီးကို ပိုအနားရအောင် ကူညီပေးနိုင်ပါတယ်။

Lnv6gxmd0lqwuh9qovkp

၅။ စိတ်ရှည်ပါ
---------------

ကိုယ်ဝန်ဆောင်ကာလအတွင်း ဇနီးသည်ရဲ့ခန္ဓာကိုယ်မှာဟော်မုန်းတွေ ပြောင်းလဲစေပါတယ်။ တခါတလေ စိတ်ပျော်မယ်၊တခါတလေ သင်ပါးစပ်ဟလိုက်တာနဲ့သူရန်လုပ်ရင်လုပ်မယ်၊ တခါတလေ အကြောင်းရင်းမရှိဘဲ ပေါက်ကွဲငိုယိုတာတွေရှိလာပါလိမ့်မယ်။ စိတ်ရှည်သည်းခံပေးလိုက်ပါ။ ဒါတွေဟာ ဟော်မုန်းကြောင့်ပဲလို့ နားလည်ပေးပါ။

Asuazwidihclqk0drwt5

၆။ မကြာခဏဆီးသွားတဲ့အခါ ကူညီပေးပါ
---------------------------------------------

ကိုယ်ဝန်ဆောင်တွေက မကြာခဏဆီးသွားတတ်ပါတယ်။ မကြာခဏဆိုတာက နာရီဝက်တစ်ခါလောက်ကို သွားတတ်တာမျိုးပါ။ ဒီလိုဖြစ်လာတဲ့အခါ သူ့ကိုနားလည်ပေးပါ၊ နေရာစီစဉ်ပေးပါ။

Ocywz4fpsko6b14w0qz9

၇။ ကိုယ်ဝန်ကြောင့်ပျို့အန်မှုကိုခံစားနေရချိန်မှာ ကူညီဖေးမပါ
---------------------------------------------------------------

Morning sickness ဟာ ကလေးမွေးဖွားချိန်ကလွဲလို့ ကိုယ်ဝန်ဆောင်ကာလမှာအဆိုးဆုံးအချိန်ဖြစ်ပါတယ်။ Morning sickness ကိုကိုယ်ဝန်ဆောင်အမျိုးသမီး ၇၅ ရာခိုင်နှုန်းမှာ ခံစားရတတ်ပြီး လက္ခဏာရပ် တွေကတော့ ခေါင်းကိုက်တာ၊ အိပ်ချင်စိတ်လွန်ကဲနေတာ၊ မအီမသာခံစားချက်တွေနဲ့ တခါတရံ ပျို့အန်တာ တွေပါဝင်ပါတယ်။ ဒီအခြေအနေတွေကလွန်မြောက်လာအောင် သင့်အမျိုးသမီးကို ကြင်နာမှု ဖေးမမှုတွေနဲ့ ဂရုစိုက်ပေးပါ။
#Ref( Good Health news)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.