ကိုယ်၀န်သက်တမ်းဟာ ရာသီနောက်ဆုံးလာခဲ့တဲ့ ပထမဆုံး နေ့ကတေန စရေတွက် ရပါတယ်
( အတူနေခဲ့တဲ့ ရက်နဲ့ လုံး၀ လုံ၀ မတွက်ရပါဘူး နော် )
☘️ဥပမာ ၁.၁.၂၀၂၀ မှာ ရာသီလာခဲ့တယ် ဆိုပါစို့ ( ၃ ရက်ပဲ လာလာ ၄ ရက်ပဲ လာလာ ၁ ပတ်ပဲ လာလာ .. ပထမဆုံး စလာတဲ့ နေ့ကိုပဲ မှတ်ရပါမယ် ... ရာသီလာတဲ့ ရက်အနည်းအများက တယောက်နဲ့ တယောက်မတူကြပါ .. )
☘️၁.၂.၂၀၂၀ မှာ လာရမယ့် အလှည့်မှာ မလာတော့ဘူးဆိုရင် အဲ့နေ့မှာ ၁လ တိတိ စပြည့်ပါတယ်
ရာသီလာရမယ့် ရက်ထပ် ၁ ပတ်လောက် ကျေ်ာနေပြီ မလာသေးဘူး ဆိုရင်တော့ ဆီးစစ်တံ ၀ယ်ပြီး ကိုယ့်ဖာသာ စစ်ကြည့်ပါ ... စျေးလည်းပေါပါတယ် ၃၀၀ ကျပ်လောက်ပဲ ပေးရပါတယ် ... ၂ ကြောင်းပေါ်နေပြီ ဆိုရင် ကိုယ်၀န်စရှိနေပါပြီ ... ၁ ကြောင်းကမှိန်နေတယ် ၁ ကြောင်းကထင်နေလည်း ကိုယ်၀န်ရှိပါတယ်
မှိန်နေလို့ မရှိတာ မဟုတ်ပါ .. ဆီးထဲမှာ ပါတဲ့ ဟော်မုန်းဓာတ် အနည်းအများကြောင့် မှိန်မှိန်လေးပြနေတာဖြစ်ပါတယ် နောက် ၃ရက်လောက်မှာ ထပ်စစ်ကြည့်ရင် ထင်ထင်ရှားရှားကို ၂ ကြောင်းပေါ်နေတာ မြင်ရပါလိမ့်မယ် ....
ဆိုတော့ ပြန်ဆက်ရမယ် ဆိုရင် ... ရာသီလာရမယ့် ရက်ထပ် ၁ ပတ်ကျော်နေပြီ ဆိုရင် ကိုယ်၀န်သက်တမ်းဟာ ၁ လ နဲ့ ၁ ပတ် ရှိသွားပါပြီ ... ၂ ပတ်ကျော်တဲ့ အထိ မလာသေးဘူး ဆိုရင် ၁ လ နဲ့ ၂ ပတ် ရှိသွားပါပြီ ဒီလိုတွက်ရပါမယ်
☘️ဆိုတော့ ကာ ၁.၃.၂၀၂၀ ... ၃ လပိုင်း March လ ထဲ ရောက်နေပြီ မလာဘူး ဆိုရင်တော့ ကိုယ်၀န်သက်တမ်း ဟာ ၂ လ ပြည့်သွားပြီ ဆိုတာ နားလည် လောက်ပီ လို့ ယူဆပါတယ်
...
ဒီနည်းအတိုင်းပဲ ကိုယ်၀န်သက်တမ်းကို တွက်ရပါမယ်
ဒီတော့ ရာသီမလာဘူး ဆိုတာနဲ့ ဆီးစစ်တံ ၀ယ်ပြီး အမြန်ဆုံးစစ်ကြပါ ... စသိတဲ့ အချိန်ဟာ အနည်းဆုံး ၁ လ ကျော်သွားပြီ ဆိုတာ နားလည်ကြပါ ...
ကိုယ်၀န်ကို မျှော်လင့်နေတဲ့ မိဘများအနေနဲ့လည်း ကိုယ်၀န်ရှိနေပြီ ဆိုတာ သိတာနဲ့ ရင်သွေးလေးအတွက် တကယ်စဉ်းစားတယ် ဆိုရင် OG ပြပြီး အားဆေး ကို သေချာ သောက်ပါ ... လရင့်မှ အိုဂျီအပ်တယ် ဆိုတာ တကယ်တော့ မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ် .... ကိုယ်၀န်သက်တမ်း နုတဲ့ အချိန်မှာ စပြနိုင်လေ အကောင်းဆုံးပါရှင် ....
အားလုံးပဲ ဘ၀နဲ့ ဆန်ဒ ထပ်တူကြနိုင်ကြပါစေ
ထပ်တူကြနိုင်ဖို့ ကြိုးစားနိုင်ကြပါစေ
ချစ်တဲ့ မနော် ( ရန်ကုန် )