
ကလေးများကို မိခင်နို့အပြင် ၆ လကနေစပြီး ဖြည့်စွက်စာ ကျေွးပေးရမှာ ဖြစ်ပါတယ်။ ကလေးများဟာ တဖြည်းဖြည်းကြီးရင့်လာတာနဲ့အမျှ မိခင်နို့အပြင် အာဟာရပြည့်ဝဖို့ ပိုလိုအပ်လာပါတယ်။ ဒါကြောင့် ဖြည့်စွက်စာများကို ၆ လကျော်တာနဲ့ မဖြစ်မနေ ကျေွးသင့်တယ်လို့ ဆရာဝန်ကြီးများကလည်း ဆိုထားပါတယ်။ အာဟာရပြည့်ဝမှ ဦးနေှာက်ဖွံ့ဖြိုးမှုမှာလည်း အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ကလေးငယ်များကို ဖြည့်စွက်စာကျေွးတဲ့အခါမှာ ကျန်းမာရေးနှင့်လည်း ညီညွတ်ပြီး အလွယ်တကူ ချက်ပြုတ်ကျေွူလို့ရအောင် မေမေတို့အတွက် ဖော်ပြခြင်းဖြစ်ပါတယ်။
ပဲနီကလေးချိုချို
ပဲနီကလေးရဲ့ အကျိုးအာနိသင်က ကျန်းမာရေးကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ သေွးအားကောင်းခြင်း၊ ဦးနေှာက်ဖွံ့ဖြိုးမှု အားကောင်းဖြင်း၊ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း၊ ကိုလက်စထေရော ဓာတ်များကို လျော့ကျစေခြင်းနဲ့ အခြား အကျိုးသက်ရောက်မှုတေွ အများကြီး ရရှိစေပါတယ်။
ပါ၀င်ပစ္စည်းများ
ကြက်သွန်နီ ၁လုံး၊ ကြက်သွန်ဖြူ ၂ တက်၊ မုန်လာဥနီ ၂ လုံး၊ ပဲနီကလေး ၁ခွက်( နို့ဆီဗူးတစ်ဝက်ခန့်)၊ ခရမ်းချဉ်သီး အလုံးကြီး ၁လုံး(၂၀၀ ဂရမ်)၊ သံလွန်ဆီ ၁ ဇွန်း၊ ချိစ် အနည်းငယ်။
ပြုလုပ်နည်း
ပထမဆုံး မုန်လာဥနီများကို ရေဆေးပြီ အပေါ်လွှာကို ပါးပါးခြစ်ပစ်ပါ၊ အတုံးသေးသေးလေးတေွ ဖြစ်အောင်လှီးထားပါ၊ ကြက်သွန်များကို ပါးပါးလှီးစိပ်ထားပါ။ ပြီးရင် လှီးထားတဲ့ ဥနီ နဲ့ ကြက်သွန်များကို ဒယ်အိုးထဲကို ထည့်ပါ ကြက်သွန်ဖြူ ၁ တက်ထည့်ပြီး မီးဖိုပေါ်မှာ ၅ မိနစ်လောက်ထားပါ၊
ပဲနီကလေးများကို ထည့်ပါမယ်၊ ကျန်နေတဲ့ ခရမ်းချဉ်သီးကို စိပ်ထည့် ရောမေွှပါ၊ ရေထည့်ပြီး မိနစ် ၂၀ (သို့) ၂၅ မိနစ်လောက်ထားပါ၊ ပြီးရင် အပူချိန်လျော့လိုက်ပြီး အနံမေွှးပင်စိမ်းရွက် အနည်းငယ် ထည့်ပေးပါ၊ ချိစ် ၁ဇွန်း၊ သံလွင်ဆီ ၁ဇွန်း( ဇွန်းပေါ်မူတည်ပြီး ချိန်ထည့်ရန်) ထည့်ပြီး မေွှပေးပါ။
ခဏမေွှပေးပြီးရင်တော့ Blender(ကြိတ်စက်) ထဲထည့်ကြိတ်ပါ၊ နူးအိလာအောင် ကြိတ်ပြီးသွားရင်တော့ အရသာပြည့်ဝတဲ့ “ပဲနီကလေးချိုစိမ့်”ရပါပီ၊
မှတ်ချက်အနေနဲ့က မေမေတို့က ကျေွးချင်တဲ့ ပမာဏပေါ် မူတည်ပြီး ပါ၀င်ပစ္စည်းများကို အနည်းအများချိန် ထည့်ပြီး လုပ်ကျေွးလို့ရပါပီ။
Ref: မေ့ရင်သေွးမဂ္ဂဇင်း Vol.3, No 1, August 2018