ခေတ်ကာလတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ လုပ်ငန်းခွင်ဝင်ရောက်နေကြတဲ့ အမျိုးသမီးတွေအတွက် ကလေးမွေးဖွားဖို့ကိစ္စကို နောက်ကျတဲ့ အသက်အရွယ်တွေမှသာ ရွေးချယ်စဉ်းစားလာကြပါတယ်။ အသက် ၃၅ နှစ်နောက်ပိုင်းမှ ကလေးမွေးတာဟာ အန္တရာယ်များတယ်လို့ ယူဆထားကြပါတယ်။
အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့အတွက် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေထဲမှာ -
--------------------------------------------------------------------------------
၁။ ကလေးတစ်ဦးထက်ပိုမွေးနိုင်ခြင်း၊
၂။ လမစေ့ဘဲမွေးခြင်း၊
၃။ ခွဲမွေးရနိုင်ခြေများခြင်း၊
၄။ သွေးပေါင်မြင့်တက်ခြင်း၊
၅။ ဝမ်းတွင်းပါဆီးချိုရောဂါ၊
၆။ မွေးရာပါကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊
၇။ ကိုယ်ဝန်ပျက်ကျခြင်း၊
၈။ မီးဖွားရခက်ခြင်း စတာတွေပါဝင်ပါတယ်။
သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကိုယ်ခံအားကျဆင်းမှုရောဂါတို့လို အခြေအနေတွေကို ခံစားနေရသူတွေဆိုရင်တော့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ချိန်မှာ အထူးသတိထားသင့်ပါတယ်။ အသက်ကြီးမှ ကလေးယူတဲ့မိခင်တွေဟာ ဆရာဝန်နဲ့ အမြဲမပြတ် တိုင်ပင်ဆွေးနွေးပြသပြီး လိုအပ်တာတွေအားလုံးကို ဂရုတစိုက်လုပ်ဆောင်ပေးနေရင် လုံလောက်ပါတယ်။
၁။ ကိုယ်ဝန်မယူခင်မှာ ကိုယ်ခံအားစနစ်ကောင်းအောင်လုပ်ပါ။
၂။ စီးကရက်၊ ဆေးခြောက်နဲ့ အရက်မသောက်ပါနဲ့။
၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
၄။ မိခင်နဲ့ကလေးအတွက် အထောက်အကူဖြစ်စေမယ့်အစားအသောက်တွေစားပါ။
၅။ ကိုယ်ဝန်ဆောင်စဉ်မှာ ဆရာဝန်ရက်ချိန်းကို ပုံမှန်ပြပါ။
အသက် ၃၅ နှစ်နောက်ပိုင်းမှ ကိုယ်ဝန်ဆောင်တဲ့အခါ သိထားသင့်တဲ့အချက်တွေက ဘာတွေလဲ
------------------------------------------------------------------------------------------------
လေ့လာမှုတစ်ခုအရ အသက် ၁၉နှစ်ကနေ ၂၆ နှစ်အတွင်း အမျိုးသမီးတွေဟာ ကလေးရနိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုများပြီး အသက် ၂၇ နှစ်ကနေ ၃၄ နှစ်အတွင်း အမျိုးသမီးတွေမှာ ရာခိုင်နှုန်းအနည်းငယ်သာ လျော့နည်းသွားတာကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် အသက် ၃၅ နှစ်ကနေ ၃၉ နှစ်ကြား အမျိုးသမီးတွေအတွက်တော့ ကလေးရနိုင်ခြေက ၃၀ ရာခိုင်နှုန်း လျော့နည်းတာကို မြင်တွေ့ရပါတယ်။
လေ့လာမှုအရ အသက် ၃၅ နှစ်ကနေ ၃၉ နှစ်အတွင်း အမျိုးသမီးတွေဟာ သက်တူရွယ်တူခင်ပွန်းတွေနဲ့ဆိုရင် ကလေးရနိုင်ခြေက ၂၉ ရာခိုင်နှုန်းဖြစ်ပေမယ့် ခင်ပွန်းက အသက်ငါးနှစ်ပိုကြီးသွားတာနဲ့ ကလေးရနိုင်ခြေက ၁၈ ရာခိုင်နှုန်းပိုနည်းသွားပါတယ်။
စိတ်ဖိအားကို ဖြေလျော့ပေးနိုင်တဲ့ လှုပ်ရှားမှုမှန်သမျှဟာ ကလေးရနိုင်ခြေအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အမျိုးသားရော၊ အမျိုးသမီးရောလုပ်ဖို့ လိုအပ်ပါတယ်။ ကလေးရဖို့ဆိုတာ လင်မယားနှစ်ယောက်စလုံးရဲ့အလုပ်ပါ။ အစားအသောက်နဲ့ ဘဝလူနေမှုပုံစံတွေက အမျိုးသား၊ အမျိုးသမီးနှစ်ဦးလုံးရဲ့ ကလေးရနိုင်ခြေပေါ်မှာ အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။
ကျန်းမာရေးနဲ့ ညီအောင်နေတာနဲ့ပဲ အသက်အရွယ်ကြောင့် ကလေးရနိုင်ခြေနည်းတာက ပိုကောင်းလာနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့မညီတဲ့ တချို့လုပ်ဆောင်မှုတွေကတော့ ကလေးရနိုင်ခြေကို ပိုဆိုးရွားလာစေနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရရင် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေရဲ့ မျိုးဥဟာ အိုမင်းရင့်ရော်နှုန်းမြန်စေပါတယ်။ ဒီလိုရင့်ရော်မှုနှုန်းကို လျှော့ချချင်တယ်ဆိုရင်တော့ အသီးအရွက်ပိုစားပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းအားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်သင့်ပါတယ်။
တစ်နေ့မှာ ကလေးယူဖို့ ရည်မှန်းထားတဲ့ စုံတွဲတွေအတွက် အသက်နဲ့ ကလေးရနိုင်ခြေက အရေးကြီးတယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဒါတွေကိုသိထားတဲ့အခါ ထင်ထားသလို အသက် ၄၀ လောက်နေမှ ကလေးမရရင်လည်း ထိတ်လန့်မသွားဘဲ အခြေအနေကို ရင်ဆိုင်နိုင်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက်ကြီးမှ ကလေးမရမှာစိုးတာနဲ့ပဲ ဖိအားကြီးတစ်ခုလိုခံစားမိပြီး အဆင်သင့်မဖြစ်ခင်မှာ ကလေးယူလိုက်တာမျိုး မလုပ်သင့်ပါဘူး။ အသက်အရွယ်၊ ကလေးရနိုင်ခြေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သေချာလေ့လာပါ။ သေချာဆုံးဖြတ်ချက်ချပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ဖိအားမပေးသင့်သလို သူများကိုလည်း ဖိအားပေးတိုက်တွန်းတာမျိုး မလုပ်သင့်ပါ။
#Ref( အမရာ)
#ရှမ်းပုတ်(မိုမိုလေး)