က လေးနှင့် စာဖတ်ခြင်း အ လေ့အထ
👉ဘယ်အရွယ်မှာ စ ပေးသင့်ပါသလဲ
လသားအရွယ်မှာ ကတည်းက အိပ်ယာဝင်ချိန လေးပြဲဖစ်ဖြစ် ပုံမှန် စာဖတ်ပြခြင်းဖြင့် က လေး ရဲ့ စာဖတ်ဝါသနာပါမှုကို ပျိုးထောင်ပေးပါ။
👉ဘယ်လိုအကျိုးကျေးဇူးတွေရလို့လဲ
မိဘက စာဖတ်ပြခြင်းဖြင့်....
၁။ မိဘနဲ့ က လေးကြား ရင်းနှီးမှုပိုစေတယ်။
၂။ က လေးရဲ့ ဝေါဟာရ တိုးတက်မှုကို အ ထောက်အကူပြုတယ်။
၃။ က လေးရဲ့ ဆက်စပ်စဉ်းစားတွေးခေါ်တတ်မှုနဲ့ ဗဟုသုတကြွယ်ဝမှုကို
အ ထောက်အကူပြုတယ်။
၄။ က လေးရဲ့ စာဖတ်ဝါသနာကို ပျိုးထောင်ပေးရာရောက်ပါတယ်။
စာဖတ်ခြင်းကြောင့်ရလာမယ့် အကျိုးကျေးဇူးက မမှန်းဆတတ်အောင် များပြားလှတာမို့ စာဖတ်ကျင့်ရှိအောင် ပျိုးထောင်ပေးသင့်ပါတယ်။
မိဘကိုယ်တိုင် ကလည်း စာဖတ်ပါနော်... :-) :-)
👉ဘယ်လိုစာတွေဖတ် ရမလဲ။
ခု နောက်ပိုင်းမှာ အိပ်ရာ ဝင် ပုံပြင်စာအုပ်တွေ အင်္ဂလိပ် လိုရော မြန်မာလိုတွေပါ ပေါပေါများများထွက်လာပါတယ်။ ကမ္ဘာကြီးအကြောင်း၊ တိရိစ္ဆာန် တွေအကြောင်း ၊ အပင်တွေအ ကြောင်း ရွေးချယ်စရာ အများကြီးပါ။ သရုပ်ဖော်ပန်းချီကြွကြွရွရွနဲ့ အရောင် အ သွေးစုံတာမို့ က လေးတွေလည်းကြိုက်မှာအမှန်ပါ။
ရွေးချယ် စရာတွေအများကြီးပါ။
မဝယ်နိုင် ဘူးလား။ ဝယ်စရာစာအုပ်ဆိုင် မနီးဘူးလား။
စိတ်အားမငယ်ပါနဲ့။
နီးစပ်ရာ ဂျာနယ်၊သတင်းစာထဲက
က လေးနဲ့လိုက်လျောညီထွေရှိတာတွေရွေး
ဖတ်ပြ ပါ။
ကာတွန်းပုံ လေးတွေထောက်ပြီး ဖတ်ပြပါ။
လက်ကမ်းစာစောင်တွေ၊ ကြော်ငြာတွေ ဖတ်ပြပါ။
အားမငယ်နဲ့ ။ရှိတာသာဖတ်ပြ။ :-) :-) :-)
အဓိက က ဘယ်စာကိုပဲဖတ်ပြဖတ်ပြ ဖတ်ပြသူက သံနေသံထား ၊ ဟန်ပန်မူယာ နဲ့ဖတ်ပြပါ။ က လေးက ပိုမို စိတ်ဝင်စား နှစ်ခြိုက်မှာပါ။
အသိဥာဏ် ဗဟုသုတများပြားချင် တယ်ဆိုရင်၊ တိုးတက်နေတဲ့ ကမ္ဘာကြီးနဲ့ အမှီလိုက် ရင်ဘောင်တန်းချင် တယ်ဆိုရင် ခုပဲ သင့်က လေးကိုစာဖတ်ပြပြီး သင် ပါစာဖတ်လိုက်ပါတော့။
#TheintTheintHtun
#ALearningAndSharingMom